【 ဆောင်းပါး 】 “ကိုဗစ်ဒုတိယလှိုင်းကို မျက်စပစ်နေတဲ့ နှာခေါင်းစည်းများနှင့် မခွာရက်နိုင်သူများ”

【 ဆောင်းပါး 】 “ကိုဗစ်ဒုတိယလှိုင်းကို မျက်စပစ်နေတဲ့ နှာခေါင်းစည်းများနှင့် မခွာရက်နိုင်သူများ”

မြန်မာဆိုတာ မြန်မာ့သတ္တိကိုတော့ပြလိုက်ရမှ နေသာထိုင်သာရှိကြစမြဲ။ကိုဗစ်ပထမလှိုင်းကို မြန်မာတို့ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပြီလို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပြောစကားက နောက်ကျနေသည်။ရွှေမြန်မာတို့ကား ပထမလှိုင်းကို အောင်မြင်စွာဖြတ်ကျော်ပြီးပြီ၊ ငါတို့ဆီ ငဗစ်မလာပြီဟု ယုံကြည်စိတ်ချကြလေရကား၊ အစိုးရဘက်မှချမှတ်ထားသည့် စည်းကမ်းများကို အနည်းငယ်လျှော့ပေးလိုက်သည်နှင့် လတ်လျားလတ်လျား လမ်းသလားကြသည်။ကိုဗစ်ပထမလှိုင်းဖြတ်နေစဉ်ကပင် နှာခေါင်းစည်းမတပ်သူတွေ ဒုနှင့်ဒေးရှိခဲ့လေရာ၊ တီဗီတွင် ခဏခဏလာသည့် လက်ဆေးဖို့ပညာပေးထက် နှာခေါင်းစည်းတပ်ဖို့ ပညာပေးအားနည်းခဲ့သည်။

ကိုဗစ်ပထမလှိုင်းဖြတ်နေစဉ်၊ စားသောက်ဆိုင်များကို ဆိုင်ထိုင်မရောင်းရ၊ အထုတ်အပိုးဖြင့် အိမ်သယ်စနစ် (ပါဆယ်) ရောင်းရမည် ညွှန်ကြားစဉ်ကပင် ရပ်ကွက်တကာ၌ အရက်ပုန်းဆိုင်များ၌ ဖောက်သည်တို့ထိုင်လျက် သောက်သုံးကြသည်ကို ရပ်ကွက်နေသူတို့ ကိုယ်တွေ့မျက်မြင်ပင်။ထို့အတူ ခိုးဖွင့်နေသည့် အနှိပ်ခန်းနှင့် ကေတီဗီများလည်း ပထမလှိုင်းဖြတ်နေတုန်းမှာပင် ပန်းပန်လျက်ပါ စခန်းသွားခွင့်ရခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် ရပ်ကွက်လူထုကလည်း မတိုင်ရဲကြ။မြန်မာ့ထုံးတမ်းစဉ်လာ၊ အမုန်းမခံနိုင်ခြင်း၊ ရန်လုပ်ခံရမည်ကို စိတ်ပူစိုးရိမ်ခြင်းနှင့် ရပ်ကျေး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် နယ်ထိန်းတို့အပြင် လွှတ်တော်ကိုယ်စားလှယ်များပင် နှုတ်ပိတ်နေသည်ကို ဘာကြောင့်အမုန်းခံရမည်နည်းဟူသည့် ဆင်ခြေဖြင့် မသိမမြင်ဟန်ပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး ကျိုးပေါက်ခဲ့တာကြာပြီ။နယ်စပ်ခြံစည်းရိုးလုံသည်ထားဦး။အနောက်ဘက်မှာ လူများဝင်လာစရာ မြစ်ချောင်းပေါများသည့်ဒေသဖြစ်သည်။မြန်မာတို့ ပထမလှိုင်းကို အေးအေးဆေးဆေးဖြတ်ကျော်နေစဉ်ကပင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်စပ်နေသည့် အနောက်ဘက်ဒေသရှိ တိုင်းပြည်တွင် ကိုဗစ်ရောဂါကူးစက် ဖြစ်ပွားမှုလှိုင်း ပြင်းထန်လှသည်။နေ့စဉ် ထောင်ချီကူးလျက်၊ နေ့စဉ်သေဆုံးမှုရှိနေခဲ့သည်။ဟိုဘက်က ခိုးဝင်များ မည်သည့်အရံအတားများကို မည်သို့မည်ပုံရေလောင်းလျက် ဖြတ်ကျော်ကြကြောင်း လူထုလည်းသိသည်။အစိုးရလည်းသိသည်။သို့သော် ရေလောင်းသည်ကို ခွက်ဖြင့်ခံယူကြသည့် အကျင့်ပျက်ဝန်ထမ်းများ၊ မြိုးမြိုးမြက်မြက်ရသည့် အခကြေးငွေကိုယူလျက် ပုန်းလျှိုးကွယ်လျှိုး သယ်ယူပို့ဆောင်ပေးကြသူများရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရမဆိုနှင့် သိကြားမင်း ဆင်းအုပ်ချုပ်လျှင်ပင် သည်လိုဝန်ထမ်းများနှင့် သည်လိုလူတွေကို ဟန့်တားနိုင်ရန် ခက်ခဲပေမည်။

သို့ဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယကိုဗစ်လှိုင်းသည် စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ယောက် စတွေ့ခြင်းမှ တဖန်ပြန်လာချေတော့သည်။စစ်တွေနှင့် တချို့ ရခိုင်ပြည်နယ်ရှိ ဒေသများတွင် ကိုဗစ်ကူးစက်နှုန်းမြင့်မားလာချိန်ကို ထိန်းချုပ်ရန် တာဝန်ရှိသူများ အားထုတ်ကြစဉ်မှာပင် ရန်ကုန်တွင် ကိုဗစ်ပိုးကူးစက်ခံရသူများ အများအပြားပေါ်ထွက်လာသည်ကို အားလုံးသိကြပါသည်။လက်ရှိအချိန်တွင် ကိုဗစ်ဒုတိယလှိုင်းဒဏ်ကို မြန်မာတစ်ပြည်လုံး အနည်းနှင့်အများ ထိခိုက်ခံစားကြရပြီဖြစ်ပါသည်။

မြန်မာသည် ဆင်းရဲသည့်နိုင်ငံဖြစ်သည့် အားလျော်စွာ၊ အစိုးရက ကြိုတင်ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။လိုက်နာရမည့် စည်းကမ်းသည် အဓိကအားဖြင့် ၃ ချက်သာရှိသည် ဆိုစေကာမူ၊ မည်သည့်စည်းကမ်းဖြစ်စေ လိုက်နာရန် အားနည်းသည့်အကျင့် အရိုးစွဲနေသော မြန်မာတို့၏စရိုက်အရ ထိုသုံးချက်ကိုပင် လိုက်နာရန်ခဲယဉ်းသူ များပြားလှပါသည်။မာဆတ်၊ ကေတီဗီနှင့် နိုက်ကလပ်များ ခိုးဖွင့်သည်။သွားကြ ပျော်ပါးကြသည်။သိလာချိန်တွင် ကိုဗစ်က မြန်မာပြည်တနံတလျား ပတ်နေလေပြီ။

အစိုးရခမျာ ဒုတိယလှိုင်း အားနည်းသွားစေရန် လက်ကုန်ထုတ် အလုပ်လုပ်ကြရတော့သည်။ပထမ ကိုဗစ်လှိုင်းစတင်ချိန်မှ သည်လိုကာလထိတိုင် ကိုဗစ်ပညာပေးနှင့်ပတ်သက်၍ အားနည်းနေသည့်အချက်ကို တာဝန်ရှိသူများ သတိပြုမိပုံမရပေ။လူထုလိုက်နာရန် လက်ဆေးဖို့၊ ခပ်ခွာခွာနေကြဖို့နှင့် အပြင်ထွက်ချိန် နှာခေါင်းစည်းတပ်ဖို့ တွင်တွင်ပြောပါသော်လည်း၊ မတ်ခ် စနစ်တကျတပ်နည်း၊ ဖြုတ်နည်းနှင့် စွန့်ပစ်နည်းကို ပညာပေးမှုအားနည်းလှပါသည်။ရန်ကုန်မြို့တွင် ကမာရွတ် လှည်းတန်းလိုနေရာ၌ပင် လမ်းဘေးတွင် သည်အတိုင်းစွန့်ပစ်ထားသည့် နှာခေါင်းစည်းများကို နေ့စဉ်မြင်တွေ့နိုင်ပါသည်။သာမန်လက်လုပ်လက်စားများ များပြားသည့် ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ နေရာများတွင်ကား ဆိုဖွယ်မရှိပေ။ထိုမြို့နယ်များရှိ လမ်းများဘေးတွင် မည်သည့်နေရာ၌မဆို သည်အတိုင်းစွန့်ပစ်ထားသည့် နှာခေါင်းစည်းများကို နေ့စဉ်တွေ့မြင်နိုင်ပါသည်။

ရုပ်သံလိုင်းများတွင် လက်ဆေးရန် ပညာပေးကို မမြင်ချင်အဆုံးမြင်နေရပါသည်။နှာခေါင်းစည်းတပ်ဖို့ ပညာပေးကိုလည်း ထုတ်လွှင့်ပေးကြသော်လည်း တပ်ပါဆိုရုံမျှသာ လွှင့်ထုတ်ပေးနေကြပေသည်။လူထုကို ပေးရန်လိုသည့် ပညာပေးကား စနစ်တကျ နှာခေါင်းစည်းတပ်ဆင်ရေး၊ စနစ်တကျ နှာခေါင်းစည်းဖြုတ်နည်းနှင့် စနစ်တကျ စွန့်ပစ်နည်းဖြစ်ပါသည်။လမ်းဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် နှာခေါင်းစည်းများမှတဆင့် ရောဂါကူးစက်မှု နည်းမည်မဟုတ်ပေ။

၁၅ မိနစ်၊ နာရီဝက်အတွင်း ကိုဗစ်ကူးစက်ခံရမှု ရှိ၊ မရှိ သိနိုင်သည့် တောင်ကိုရီးယားမှ ကိုဗစ်စစ်ဆေးသည့်ကရိယာ ( test kit) များကြောင့်၊ ရောဂါရှာဖွေပေးနိုင်မှုနှုန်း မြင့်တက်လာပါသည်။ကုန်စည်စီးဆင်းမှု မပျက်ပြားစေရန် သွားလာခွင့်ပြုထားသည့် ကုန်ကားများအား မောင်းနှင်လာသူများ၊ ယာဉ်နောက်လိုက်များအား test kit ဖြင့် စစ်ဆေးပြီးမှ မြို့တွင်းသို့ဝင်ခွင့်ပြုမည့်စနစ် ကျင့်သုံးလိုက်ခြင်းသည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရာ၌ များစွာအကျိုးပြုမည့် အချက်ဖြစ်ပါသည်။ရေနီမြို့တွင် ယာဉ်မောင်း ၂၁၅ ယောက်အား စစ်ဆေးပေးရာ၊ ယာဉ်မောင်း ၁၆ ယောက်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း အဖြေထွက်လာပါသည်။အလားတူပင် တခြားမြို့များတွင် မြို့အဝင်ဂိတ်၌ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပေးရာ ရောဂါကူးစက်ခံထားရသူများ ပေါ်ထွက်လာပါသည်။

၅.၁၀.၂၀၂၀ ရက်နေ့က မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးခံရမည့် ယာဉ်မောင်းများ စုဝေးစောင့်ဆိုင်းကြပုံ ဖေ့စ်ဘုတ်ပေါ်သို့ တက်လာပါသည်။သည်ပုံကိုတင်ပေးသူက တစ်ယောက်နှင့် တစ်ယောက် ၆ ပေ မဆိုထားနှင့် ၃ ပေပင် မခြားဘဲ၊ ပူးကပ်ရပ်နေကြပုံကို တင်ပေးထားလျက် စည်းကမ်းနှင့်ဝေးနေဆဲ တို့တိုင်းပြည်လို့ စာခေါင်းစဉ်တပ်ပေးပါသည်။ယာဉ်မောင်းတစ်ဦးက နောက်တစ်ဦး၏ပခုံးကို လက်နှင့်တို့ စကားပြောနေပုံပင် ပါနေသည်။ယာဉ်မောင်းများသည် အခြေခံပညာနည်းပါးသည်ဆိုဦး၊ ခပ်ခွာခွာနေရမည်ဆိုသည့် ညွှန်ကြားချက်သည် အကန်းတစ်လုံး စာမတတ်သူပင် သိနားလည်မည်ဖြစ်ပါသည်။
အဘယ်သို့သော အန္တရာယ်ရှိသည်ဟု သတိပေးစေကာမူ၊ လိုက်နာရန်အားနည်းခြင်းနှင့် အလွန်လွယ်သည့် စည်းကမ်းကိုပင် မလိုက်နာဘဲ နေချင်သလို နေလိုသည့် အကျင့်စွဲနေခြင်းဟုသာ ထိုပုံကိုကြည့်ပြီး သက်မချမိပါသည်။ယာဉ်မောင်းများက ပူးကပ်နေသည်ကို သူတို့အား စစ်ဆေးပေးမည့်သူများကရော သတိမပေးကြပေဘူးလားဟု အတွေးဆက်မိပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ အခါ ၂၀၀ ပြောစေဦး၊ သိပါလျက် မလိုက်နာသူများအား အရေးယူရန်မှအပ တခြားနည်းမရှိပြီဟု ယူဆမိပါသည်။နှာခေါင်းစည်းတပ်ခိုင်းရုံဖြင့် မပြီး။စနစ်တကျ တပ်နည်း၊ ဖြုတ်နည်း၊ စွန့်ပစ်နည်း ပညာပေးအားနည်းနေသမျှ ကာလပတ်လုံး၊ ၆ ပေလည်းမခွာနိုင် ၃ ပေလည်းမခွာနိုင် မခွဲနိုင် မခွာရက် နေထိုင်ကြသူများ ရှိနေသမျှကာလပတ်လုံး ရွှေမြန်မာတို့အား ဒုတိယလှိုင်းကိုဗစ်ကြီးကား ပြုံးပြုံးကြီး လှောင်ပြောင် မျက်စပစ်ပြလျက်၊ ဝမ်းသားမြူးတူးနေဦးမည်သာဖြစ်ပါသည်။နိုင်ငံတော်သည်လည်း အိတ်ပေါက်နှင့် ဖားကောက်ပေလေဦး။

ခင်နှင်းဦး
အောက်တိုဘာ - ၁၄

( Zawgyi )

【 ေဆာင္းပါး 】 “ကိုဗစ္ဒုတိယလႈိင္းကို မ်က္စပစ္ေနတဲ့ ႏွာေခါင္းစည္းမ်ားႏွင့္ မခြာရက္ႏိုင္သူမ်ား”

ျမန္မာဆိုတာ ျမန္မာ့သတၱိကိုေတာ့ျပလိုက္ရမွ ေနသာထိုင္သာရွိၾကစၿမဲ။ကိုဗစ္ပထမလႈိင္းကို ျမန္မာတို႔ ေအာင္ေအာင္ျမင္ျမင္ေက်ာ္ျဖတ္ႏိုင္ၿပီလို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေျပာစကားက ေနာက္က်ေနသည္။ေ႐ႊျမန္မာတို႔ကား ပထမလႈိင္းကို ေအာင္ျမင္စြာျဖတ္ေက်ာ္ၿပီးၿပီ၊ ငါတို႔ဆီ ငဗစ္မလာၿပီဟု ယုံၾကည္စိတ္ခ်ၾကေလရကား၊ အစိုးရဘက္မွခ်မွတ္ထားသည့္ စည္းကမ္းမ်ားကို အနည္းငယ္ေလွ်ာ့ေပးလိုက္သည္ႏွင့္ လတ္လ်ားလတ္လ်ား လမ္းသလားၾကသည္။ကိုဗစ္ပထမလႈိင္းျဖတ္ေနစဥ္ကပင္ ႏွာေခါင္းစည္းမတပ္သူေတြ ဒုႏွင့္ေဒးရွိခဲ့ေလရာ၊ တီဗီတြင္ ခဏခဏလာသည့္ လက္ေဆးဖို႔ပညာေပးထက္ ႏွာေခါင္းစည္းတပ္ဖို႔ ပညာေပးအားနည္းခဲ့သည္။

ကိုဗစ္ပထမလႈိင္းျဖတ္ေနစဥ္၊ စားေသာက္ဆိုင္မ်ားကို ဆိုင္ထိုင္မေရာင္းရ၊ အထုတ္အပိုးျဖင့္ အိမ္သယ္စနစ္ (ပါဆယ္) ေရာင္းရမည္ ၫႊန္ၾကားစဥ္ကပင္ ရပ္ကြက္တကာ၌ အရက္ပုန္းဆိုင္မ်ား၌ ေဖာက္သည္တို႔ထိုင္လ်က္ ေသာက္သုံးၾကသည္ကို ရပ္ကြက္ေနသူတို႔ ကိုယ္ေတြ႕မ်က္ျမင္ပင္။ထို႔အတူ ခိုးဖြင့္ေနသည့္ အႏွိပ္ခန္းႏွင့္ ေကတီဗီမ်ားလည္း ပထမလႈိင္းျဖတ္ေနတုန္းမွာပင္ ပန္းပန္လ်က္ပါ စခန္းသြားခြင့္ရခဲ့ၾကသည္။အဘယ္ေၾကာင့္ဆိုေသာ္ ရပ္ကြက္လူထုကလည္း မတိုင္ရဲၾက။ျမန္မာ့ထုံးတမ္းစဥ္လာ၊ အမုန္းမခံႏိုင္ျခင္း၊ ရန္လုပ္ခံရမည္ကို စိတ္ပူစိုးရိမ္ျခင္းႏွင့္ ရပ္ေက်း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးႏွင့္ နယ္ထိန္းတို႔အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားပင္ ႏႈတ္ပိတ္ေနသည္ကို ဘာေၾကာင့္အမုန္းခံရမည္နည္းဟူသည့္ ဆင္ေျချဖင့္ မသိမျမင္ဟန္ျပဳခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၏ အေနာက္ဘက္တံခါး က်ိဳးေပါက္ခဲ့တာၾကာၿပီ။နယ္စပ္ၿခံစည္း႐ိုးလုံသည္ထားဦး။အေနာက္ဘက္မွာ လူမ်ားဝင္လာစရာ ျမစ္ေခ်ာင္းေပါမ်ားသည့္ေဒသျဖစ္သည္။ျမန္မာတို႔ ပထမလႈိင္းကို ေအးေအးေဆးေဆးျဖတ္ေက်ာ္ေနစဥ္ကပင္ ရခိုင္ျပည္နယ္ႏွင့္ နယ္နမိတ္စပ္ေနသည့္ အေနာက္ဘက္ေဒသရွိ တိုင္းျပည္တြင္ ကိုဗစ္ေရာဂါကူးစက္ ျဖစ္ပြားမႈလႈိင္း ျပင္းထန္လွသည္။ေန႔စဥ္ ေထာင္ခ်ီကူးလ်က္၊ ေန႔စဥ္ေသဆုံးမႈရွိေနခဲ့သည္။ဟိုဘက္က ခိုးဝင္မ်ား မည္သည့္အရံအတားမ်ားကို မည္သို႔မည္ပုံေရေလာင္းလ်က္ ျဖတ္ေက်ာ္ၾကေၾကာင္း လူထုလည္းသိသည္။အစိုးရလည္းသိသည္။သို႔ေသာ္ ေရေလာင္းသည္ကို ခြက္ျဖင့္ခံယူၾကသည့္ အက်င့္ပ်က္ဝန္ထမ္းမ်ား၊ ၿမိဳးၿမိဳးျမက္ျမက္ရသည့္ အခေၾကးေငြကိုယူလ်က္ ပုန္းလွ်ိဳးကြယ္လွ်ိဳး သယ္ယူပို႔ေဆာင္ေပးၾကသူမ်ားရွိေနသေ႐ြ႕ ေဒၚေအာင္ဆန္းစုၾကည္အစိုးရမဆိုႏွင့္ သိၾကားမင္း ဆင္းအုပ္ခ်ဳပ္လွ်င္ပင္ သည္လိုဝန္ထမ္းမ်ားႏွင့္ သည္လိုလူေတြကို ဟန႔္တားႏိုင္ရန္ ခက္ခဲေပမည္။

သို႔ျဖင့္ ျမန္မာႏိုင္ငံအတြက္ ဒုတိယကိုဗစ္လႈိင္းသည္ စစ္ေတြတြင္ ကိုဗစ္ပိုးေတြ႕လူနာ ၂ ေယာက္ စေတြ႕ျခင္းမွ တဖန္ျပန္လာေခ်ေတာ့သည္။စစ္ေတြႏွင့္ တခ်ိဳ႕ ရခိုင္ျပည္နယ္ရွိ ေဒသမ်ားတြင္ ကိုဗစ္ကူးစက္ႏႈန္းျမင့္မားလာခ်ိန္ကို ထိန္းခ်ဳပ္ရန္ တာဝန္ရွိသူမ်ား အားထုတ္ၾကစဥ္မွာပင္ ရန္ကုန္တြင္ ကိုဗစ္ပိုးကူးစက္ခံရသူမ်ား အမ်ားအျပားေပၚထြက္လာသည္ကို အားလုံးသိၾကပါသည္။လက္ရွိအခ်ိန္တြင္ ကိုဗစ္ဒုတိယလႈိင္းဒဏ္ကို ျမန္မာတစ္ျပည္လုံး အနည္းႏွင့္အမ်ား ထိခိုက္ခံစားၾကရၿပီျဖစ္ပါသည္။

ျမန္မာသည္ ဆင္းရဲသည့္ႏိုင္ငံျဖစ္သည့္ အားေလ်ာ္စြာ၊ အစိုးရက ႀကိဳတင္ကာကြယ္ေရးကို ဦးစားေပးေဆာင္႐ြက္ခဲ့သည္။လိုက္နာရမည့္ စည္းကမ္းသည္ အဓိကအားျဖင့္ ၃ ခ်က္သာရွိသည္ ဆိုေစကာမူ၊ မည္သည့္စည္းကမ္းျဖစ္ေစ လိုက္နာရန္ အားနည္းသည့္အက်င့္ အ႐ိုးစြဲေနေသာ ျမန္မာတို႔၏စ႐ိုက္အရ ထိုသုံးခ်က္ကိုပင္ လိုက္နာရန္ခဲယဥ္းသူ မ်ားျပားလွပါသည္။မာဆတ္၊ ေကတီဗီႏွင့္ ႏိုက္ကလပ္မ်ား ခိုးဖြင့္သည္။သြားၾက ေပ်ာ္ပါးၾကသည္။သိလာခ်ိန္တြင္ ကိုဗစ္က ျမန္မာျပည္တနံတလ်ား ပတ္ေနေလၿပီ။

အစိုးရခမ်ာ ဒုတိယလႈိင္း အားနည္းသြားေစရန္ လက္ကုန္ထုတ္ အလုပ္လုပ္ၾကရေတာ့သည္။ပထမ ကိုဗစ္လႈိင္းစတင္ခ်ိန္မွ သည္လိုကာလထိတိုင္ ကိုဗစ္ပညာေပးႏွင့္ပတ္သက္၍ အားနည္းေနသည့္အခ်က္ကို တာဝန္ရွိသူမ်ား သတိျပဳမိပုံမရေပ။လူထုလိုက္နာရန္ လက္ေဆးဖို႔၊ ခပ္ခြာခြာေနၾကဖို႔ႏွင့္ အျပင္ထြက္ခ်ိန္ ႏွာေခါင္းစည္းတပ္ဖို႔ တြင္တြင္ေျပာပါေသာ္လည္း၊ မတ္ခ္ စနစ္တက်တပ္နည္း၊ ျဖဳတ္နည္းႏွင့္ စြန႔္ပစ္နည္းကို ပညာေပးမႈအားနည္းလွပါသည္။ရန္ကုန္ၿမိဳ႕တြင္ ကမာ႐ြတ္ လွည္းတန္းလိုေနရာ၌ပင္ လမ္းေဘးတြင္ သည္အတိုင္းစြန႔္ပစ္ထားသည့္ ႏွာေခါင္းစည္းမ်ားကို ေန႔စဥ္ျမင္ေတြ႕ႏိုင္ပါသည္။သာမန္လက္လုပ္လက္စားမ်ား မ်ားျပားသည့္ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ ေနရာမ်ားတြင္ကား ဆိုဖြယ္မရွိေပ။ထိုၿမိဳ႕နယ္မ်ားရွိ လမ္းမ်ားေဘးတြင္ မည္သည့္ေနရာ၌မဆို သည္အတိုင္းစြန႔္ပစ္ထားသည့္ ႏွာေခါင္းစည္းမ်ားကို ေန႔စဥ္ေတြ႕ျမင္ႏိုင္ပါသည္။

႐ုပ္သံလိုင္းမ်ားတြင္ လက္ေဆးရန္ ပညာေပးကို မျမင္ခ်င္အဆုံးျမင္ေနရပါသည္။ႏွာေခါင္းစည္းတပ္ဖို႔ ပညာေပးကိုလည္း ထုတ္လႊင့္ေပးၾကေသာ္လည္း တပ္ပါဆို႐ုံမွ်သာ လႊင့္ထုတ္ေပးေနၾကေပသည္။လူထုကို ေပးရန္လိုသည့္ ပညာေပးကား စနစ္တက် ႏွာေခါင္းစည္းတပ္ဆင္ေရး၊ စနစ္တက် ႏွာေခါင္းစည္းျဖဳတ္နည္းႏွင့္ စနစ္တက် စြန႔္ပစ္နည္းျဖစ္ပါသည္။လမ္းေဘးတြင္ စည္းကမ္းမဲ့ စြန႔္ပစ္ထားသည့္ ႏွာေခါင္းစည္းမ်ားမွတဆင့္ ေရာဂါကူးစက္မႈ နည္းမည္မဟုတ္ေပ။

၁၅ မိနစ္၊ နာရီဝက္အတြင္း ကိုဗစ္ကူးစက္ခံရမႈ ရွိ၊ မရွိ သိႏိုင္သည့္ ေတာင္ကိုရီးယားမွ ကိုဗစ္စစ္ေဆးသည့္ကရိယာ ( test kit) မ်ားေၾကာင့္၊ ေရာဂါရွာေဖြေပးႏိုင္မႈႏႈန္း ျမင့္တက္လာပါသည္။ကုန္စည္စီးဆင္းမႈ မပ်က္ျပားေစရန္ သြားလာခြင့္ျပဳထားသည့္ ကုန္ကားမ်ားအား ေမာင္းႏွင္လာသူမ်ား၊ ယာဥ္ေနာက္လိုက္မ်ားအား test kit ျဖင့္ စစ္ေဆးၿပီးမွ ၿမိဳ႕တြင္းသို႔ဝင္ခြင့္ျပဳမည့္စနစ္ က်င့္သုံးလိုက္ျခင္းသည္ ေရာဂါျပန႔္ပြားမႈကို ထိန္းခ်ဳပ္ရာ၌ မ်ားစြာအက်ိဳးျပဳမည့္ အခ်က္ျဖစ္ပါသည္။ေရနီၿမိဳ႕တြင္ ယာဥ္ေမာင္း ၂၁၅ ေယာက္အား စစ္ေဆးေပးရာ၊ ယာဥ္ေမာင္း ၁၆ ေယာက္တြင္ ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရေၾကာင္း အေျဖထြက္လာပါသည္။အလားတူပင္ တျခားၿမိဳ႕မ်ားတြင္ ၿမိဳ႕အဝင္ဂိတ္၌ ယာဥ္ေမာင္းမ်ားႏွင့္ ယာဥ္ေနာက္လိုက္မ်ားအား စစ္ေဆးေပးရာ ေရာဂါကူးစက္ခံထားရသူမ်ား ေပၚထြက္လာပါသည္။

၅.၁၀.၂၀၂၀ ရက္ေန႔က မင္းဓမၼလမ္းေပၚရွိ MCC ခန္းမတြင္ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရမႈ ရွိ၊ မရွိ စစ္ေဆးခံရမည့္ ယာဥ္ေမာင္းမ်ား စုေဝးေစာင့္ဆိုင္းၾကပုံ ေဖ့စ္ဘုတ္ေပၚသို႔ တက္လာပါသည္။သည္ပုံကိုတင္ေပးသူက တစ္ေယာက္ႏွင့္ တစ္ေယာက္ ၆ ေပ မဆိုထားႏွင့္ ၃ ေပပင္ မျခားဘဲ၊ ပူးကပ္ရပ္ေနၾကပုံကို တင္ေပးထားလ်က္ စည္းကမ္းႏွင့္ေဝးေနဆဲ တို႔တိုင္းျပည္လို႔ စာေခါင္းစဥ္တပ္ေပးပါသည္။ယာဥ္ေမာင္းတစ္ဦးက ေနာက္တစ္ဦး၏ပခုံးကို လက္ႏွင့္တို႔ စကားေျပာေနပုံပင္ ပါေနသည္။ယာဥ္ေမာင္းမ်ားသည္ အေျခခံပညာနည္းပါးသည္ဆိုဦး၊ ခပ္ခြာခြာေနရမည္ဆိုသည့္ ၫႊန္ၾကားခ်က္သည္ အကန္းတစ္လုံး စာမတတ္သူပင္ သိနားလည္မည္ျဖစ္ပါသည္။
အဘယ္သို႔ေသာ အႏၲရာယ္ရွိသည္ဟု သတိေပးေစကာမူ၊ လိုက္နာရန္အားနည္းျခင္းႏွင့္ အလြန္လြယ္သည့္ စည္းကမ္းကိုပင္ မလိုက္နာဘဲ ေနခ်င္သလို ေနလိုသည့္ အက်င့္စြဲေနျခင္းဟုသာ ထိုပုံကိုၾကည့္ၿပီး သက္မခ်မိပါသည္။ယာဥ္ေမာင္းမ်ားက ပူးကပ္ေနသည္ကို သူတို႔အား စစ္ေဆးေပးမည့္သူမ်ားကေရာ သတိမေပးၾကေပဘူးလားဟု အေတြးဆက္မိပါသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံ အခါ ၂၀၀ ေျပာေစဦး၊ သိပါလ်က္ မလိုက္နာသူမ်ားအား အေရးယူရန္မွအပ တျခားနည္းမရွိၿပီဟု ယူဆမိပါသည္။ႏွာေခါင္းစည္းတပ္ခိုင္း႐ုံျဖင့္ မၿပီး။စနစ္တက် တပ္နည္း၊ ျဖဳတ္နည္း၊ စြန႔္ပစ္နည္း ပညာေပးအားနည္းေနသမွ် ကာလပတ္လုံး၊ ၆ ေပလည္းမခြာႏိုင္ ၃ ေပလည္းမခြာႏိုင္ မခြဲႏိုင္ မခြာရက္ ေနထိုင္ၾကသူမ်ား ရွိေနသမွ်ကာလပတ္လုံး ေ႐ႊျမန္မာတို႔အား ဒုတိယလႈိင္းကိုဗစ္ႀကီးကား ၿပဳံးၿပဳံးႀကီး ေလွာင္ေျပာင္ မ်က္စပစ္ျပလ်က္၊ ဝမ္းသားျမဴးတူးေနဦးမည္သာျဖစ္ပါသည္။ႏိုင္ငံေတာ္သည္လည္း အိတ္ေပါက္ႏွင့္ ဖားေကာက္ေပေလဦး။

ခင္ႏွင္းဦး
ေအာက္တိုဘာ - ၁၄