【 ဆောင်းပါး 】“ကိုဗစ်ဖြေလျော့ပြီး တရုတ်ခရီးသွားကဏ္ဍတိုးတက်လာနိုင်မှု”

【 ဆောင်းပါး 】“ကိုဗစ်ဖြေလျော့ပြီး တရုတ်ခရီးသွားကဏ္ဍတိုးတက်လာနိုင်မှု”

တရုတ်နှစ်သစ်ကူး လည်းနီးကပ်လာပြီဖြစ်သောကြောင့် တစ်နိုင်ငံလုံး ခရီးသွားမှုကလည်းမြင့်တက်လာပြီ ဖြစ်သည်။ ဇန်နဝါရီ ၈ ရက်က စတင်ခဲ့သည့် ကိုစည်းမျဉ်းကန့်သတ်မှုလျော့ပေါ့ခြင်းက ကျေးလက်ဒေသတွင် အား နည်းနေသော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကြောင့် နောက်ထပ် ကြီးမားသော ကူးစက်မှုကြီးကို ဖြစ်ပေါ် လာနိုင်ကြောင်း အချို့က စိုးရိမ်နေစဉ်တွင် တရုတ်အာဏာပိုင်များက သတိကြီးစွာဖြင့် ကိုင်တွယ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ သေဆုံးသူ ၅၉,၉၃၈ ဦး ရှိခဲ့သည့် ရုတ်တရက် ကူးစက်မှုမြင့်တက်ခဲ့ခြင်းမှာ ကျဆင်းခဲ့ပြီ ဖြစ်သည်။

တနင်္ဂနွေနေ့တွင် စတင်မည့် တရုတ်နိုင်ငံ၏ သီတင်းပတ်ကြာ တရုတ်နှစ်သစ်ကူး အားလပ်ရက်သည် ကမ္ဘာနှင့် တရုတ်ပြည်တွင်းလေကြောင်းကဏ္ဍအတွက် အဓိက စမ်းသပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သုံးနှစ်တာ ကာလအတွင်း နိုင်ငံရပ်ခြားသို့ ပထမဆုံးခရီးထွက်ရန် ရှာဖွေနေသည့် တရုတ်ခရီးသွားများအတွက် ကိုဗစ်-၁၉ ကန့် သတ်ချက်မရှိသည့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့နှင့် ဒေသတွင်းနိုင်ငံများမှာ ထိပ်တန်းနေရာများ ဖြစ်လာ သည်။

လေဆိပ်များတွင် အဆုံးမရှိသော တန်းစီစောင့်ဆိုင်းမှု၊ စစ်ဆေးမှု ဝန်ထမ်းမရှိခြင်းနှင့် ခရီးဆောင်အိတ် ကိုင်ဆောင်သူ မလုံလောက်မှုတို့က တရုတ်၏ ဗိုင်းရပ်စ် ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက်  တစ်ကမ္ဘာလုံး တွင် အဖြစ်များလာမည့် ခရီးသွားတိုးတက်မှုဖြစ်သည်။ ကနဦးတွင် တရုတ်ပြည်တွင်းလေဆိပ်များတွင် စတင် တွေ့လာရမည်ဖြစ်ပြီးနောက်ပိုင်းတွင် နိုင်ငံတကာလေဆိပ်များ၌ တရုတ်ခရီးသွားများ ဥဒဟို ပြန်လည်ဝင်ရောက် လာမည်ဖြစ်သည်။ ထိုသည်က အေးစက်နေသည့် ကမ္ဘ့ာခရီးသွားလုပ်ငန်းအတွင်း  တရုတ်က သွန်ထဲလိုက်သည့် မောင်းနှင်အားများပင်ဖြစ်သည်။

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် ကမ္ဘာတွင် အထိခိုက်ဆုံးက ခရီးသွားကဏ္ဍတစ်ခုလုံးဖြစ်သည်။ ကမ္ဘာ့ လှည့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းမှန်သမျှ လုပ်ငန်းကဏ္ဍအားလုံးထိခိုက်ခဲ့ရသည်။ ကိုဗစ် ကြောင့် အလုပ်လက်မဲ့အဖြစ်ရဆုံးမှာ ခရီးသွားလုပ်ငန်းတစ်ခုလုံးပင်ဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွား လုပ်ငန်းသည် ကိုဗစ်-၁၉ ၏ အကြီးမားဆုံး ဆိုးကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်း UNWTO မှ ခန့်မှန်းထားပြီး ၂၀၂၀ ခုနှစ် ပထမသုံးလပတ်တွင် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၃၃ သန်းနီးပါး ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် ကိုဗစ်ကူးစက်မှု အနည်း ငယ်လျော့ကျလာသည်နှင့် ခရီးသွားလုပ်ငန်းကို ပြန်စတင်ရန် အ နောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများက ကြိုးစား ခဲ့သည်။သို့သော် ကမ္ဘာ့ခရီးသွားလာမှုတွင် အင်နှင့် အားနှင့် ထုထည်ကြီးမားစွာရှိနေသည်က တရုတ်ခရီးသွားများ ဖြစ်သည်။ တရုတ်၏ တင်းကျပ်သော ကိုဗစ်သုညစည်းမျဉ်း ကြောင့် ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း တရုတ် ပြည် ပြင်ပသို့ သွားရောက်သည့် တရုတ်ခရီးသွားအရေ အ တွက်မှာ နည်းပါးလှသဖြင့် ကမ္ဘာ့ခရီးသွားကဏ္ဍပြန်လည် လည်ပတ်ရန် နိုင်ငံတိုင်း၏ ကြိုးပမ်းမှုမှာ ထင်တိုင်း မပေါက်ခဲ့ချေ။ ထို့ကြောင့် ယခုတရုတ်နှစ်ကူးကာလနှင့် ချိန် ကိုက်ပြီး လျော့ပေါ့ပေးလာသည့် ကိုဗစ်စည်းမျည်း ကြောင့် ၃ နှစ်တာ ငြိမ်သက်ခဲ့ရသည့် ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှာ  တရုတ်အာဏာ ပိုင် များ၏ ဇန်နဝါရီ ၈ ရက်ကထုတ်ပြန်သည့်  ကိုဗစ်ကန့် သတ်ချက်လျော့ပေါ့မှုနှင့် အတူ ပြန်လည်နိုးထလာ ခဲ့ သည်။

ကပ်ရောဂါမတိုင်ခင် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခရီးသွားလာခဲ့သော တရုတ် ခရီးသွားပေါင်း ၁၅၀ သန်းခန့် ရှိခဲ့သည်။ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ တရုတ်ခရီးသွားများ ကမ္ဘာ့ တစ်ဝန်းသုံးစွဲမှုမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၅ ဘီလီယံအထိရှိခဲ့သည်။ အာဆီယံဒေသတစ်ခုတည်း တွင်ပင်  ၂၀၁၈ ခုနှစ်အတွင်း တရုတ်ခရီးသွားသန်း ၃၀ ခန့် လာရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်စည်းကမ်းလျော့ပေါ့ပေးခဲ့မှုကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးကို အ ကောင်းဘက်မှ ဖြစ်ထွန်းမှုရှိခဲ့သည်။ လက်ရှိတွင် ဒေသတွင်းခရီးသွားလုပ်ငန်းများ၊လေကြောင်းလိုင်းများနှင့် ဟိုတယ်လုပ်ငန်းများမှာ တရုတ်နှစ်သစ်ကူးကာလအတွင်းလာရောက်မည့် တရုတ်ခရီးသွားများကြောင့် ၃ နှစ်အ တွင်းပထမဆုံးအကြိမ် အခန်းပြည့်၊ ကြိုတင်လက်မှတ်ကုန်သည်အထိ ဖြစ်လာနေပြီ ဖြစ်သည်။

သတင်းများအရ စင်ကာပူသို့ ခရီးသွားဗီဇာအတွက် ၎င်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားမှုမှာ ဒီဇင်ဘာ ၂၇ ရက်မှစ၍ အဆ ၃၀ ကျော်အထိ မြင့်တက်လာသည်ဟု တရုတ်ခရီးသွားဘွတ်ကင်ပလက်ဖောင်း Ctrip က တနင်္ဂနွေနေ့က ဆို သည်။ မလေးရှားနိုင်ငံသို့ ခရီးသွားဗီဇာ တောင်းခံမှုသည် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါ က ယခုလတွင် နှစ်ဆတိုးလာ ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသို့ သွားရောက်မည့် တရုတ်ခရီး သွားများအတွက် ဟိုတယ် ဘွတ်ကင် ထက်ဝက်နီးပါးမှာ ရက်ပေါင်း ၂၀ ကျော် တည်းခိုရန်ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ သည် ယခုနှစ်တွင် တရုတ် နိုင်ငံမှ ခရီးသည် ၅ သန်း ထပ်မံဝင်ရောက်ရန် မျှော်လင့်ထားသည်။ သြစတြေးလျဆို လျှင်လည်း နိုင်ငံသို့ တရုတ်ခရီးသွားများနှင့် ပညာတော်သင်ကျောင်းသားများ အများအပြားဝင်ရောက်လာမှု ကြောင့် သြစတြေး လျနိုင်ငံ၏ စီးပွားရေးကို တိုးတက်လာစေ မည်ဟု မျှော်လင့်ထားကြောင်းဆိုသည်။

သို့သော် ဥရောပ၊ အမေရိကန်၊ ဗြိတိန်၊ မော်ရိုကို၊ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင် ငံတို့ အပါအဝင် အချို့သောနိုင်ငံများသည် တရုတ်နိုင်ငံမှ ခရီးသွားများအပေါ် ကိုဗစ်စစ်ဆေးမှုမှစပြီး ဆိုက် ရောက် စဥ်အချိန်မှစ၍ လုံးလုံးလျားလျားဝင်ရောက်ခွင့်ကို ပိတ်ပင်ထားချိန်တွင် ထိုအခွင့်အရေးကို အာရှနှင့် ကမ္ဘာ့ နိုင်ငံအ ချို့က အမိအရယူနေသည်။ထိုသည်က တရုတ်၏ ကိုဗစ်စည်းမျည်းလျော့ပေါ့လိုက်ခြင်းကြောင့် ဖြစ်လာ သည့် စီး ပွားရေးဆိုင်ရာ သက်ရောက်မှုတစ်ခုတည်းသာရှိသေးသည်။

တရုတ်ပြည်တွင်းတွင်လည်း တင်းကျပ်သည့် ကိုဗစ်စည်းကမ်းများကို လျော့ပေါ့ ပြီးကတည်းက ပြည် တွင်း ခရီးသွားအရေအတွက်မှာ ထိုးတက်လာခဲ့သည်။ပေကျင်းရှိ တာ့ရှင်း လေဆိပ်မှာ ဇန်နဝါရီ ၁၇ ရက်တွင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လေကြောင်းခရီးစဉ်များကို ယခင်အတိုင်း ပြန်လည်စတင်ခဲ့သည်။ ယခုနှစ် တရုတ်နှစ်သစ်ကူးမှာ တရုတ်နိုင်ငံသားများအတွက် ကိုဗစ်ကူးစက်မှုကြောင့် ဇာတိမြေပြန်ကာ မိသားစုနှင့် နှစ်သစ်ကူးပွဲတော် မဆင်နွဲနိုင်မှုကို အဆုံးသတ်ပြီး ၃ နှစ်တာအတွင်း ပထမအကြိမ် ဇာတိမြေပြန်ကြ၊ ခရီး ထွက်ကြသည့် ကာလဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်သော အခါ  ပြည်တွင်းခရီးသွားများသည် အစုလိုက်အပြုံလိုက်ဖြစ်လာမည်ဖြစ်ကာ နေရာဒေသနှင့် အပန်းဖြေရာဒေသသို့ ဝင်လာသည့် ခရီးသွားအရေအတွက်သည် ခရီးစဉ်တစ်ခု၏စွမ်းရည်ထက်ကျော်လွန်နေမည်ဖြစ်လေသည်။

လက်ရှိတွင် တရုတ်ပြည်တွင်းခရီးစဉ်များတွင် ထိုသဘောမျိုးတွေ့နေရပြီ ဖြစ်သည်။ ထိုသည်က လည်း  သုံးနှစ်တိုင် ခရီးသွားခွင့်မသာခဲ့သဖြင့် ခရီးသွားရန် စောင့်ဆိုင်းနေကြသည့် တရုတ် နိုင်ငံသားများ၏ ခရီး သွားရန် ဆန္ဒမည်မျှ ပြင်းပြနေသည်ကို မြင်ရခြင်းဖြစ်သည်။ ထိုမှ တစ်ဆင့် ခရီးသွားများသုံးသည့် ငွေကြေးမှတစ် ဆင့် ဆင့်ကဲ လည်ပတ်သုံးစွဲမှုကြောင့် နှေးကွေးနေသည့် ပြည်တွင်းစီးပွားရေးကို သွက်လက်စေကာ တရုတ်ကို ဗဟိုပြု ထားသည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးကိုပါ အားကောင်းလာစေမည်ဖြစ်လေသည်။ ကိုဗစ်မူဝါဒအ ပြောင်း အလဲကြောင့် တရုတ်ခရီးသွားလုပ်ငန်း အားကောင်းမောင်းသန်ပြည်လည် လည်ပတ်လာပြီ ဖြစ်ရာ ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏စီးပွားရေးကို အကောင်းဘက်မှ ရှုုမြင် လာနိုင်ပြီဖြစ် သည်။

ထို့ကြောင့်ပင် ယခုရက်ပိုင်းအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် တရုတ်ဒုတိယဝန်ကြီးချုပ်က တရုတ်နိုင်ငံ၏တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ပုံမှန်လမ်းကြောင်းသို့ ပြန် လည် ရောက်ရှိမည်ဟု စိတ်ချစွာ ပြောခဲ့ခြင်းဖြစ်လေသည်။

 

   လင်းသစ်အောင်