【 ဆောင်းပါး 】နှစ်ကူးပွဲတော်များမှသည် ပုံစံအမျိုးမျိုးနဲ့အသုံးပြုလာသော ဗြောက်အိုး

【 ဆောင်းပါး 】နှစ်ကူးပွဲတော်များမှသည် ပုံစံအမျိုးမျိုးနဲ့အသုံးပြုလာသော ဗြောက်အိုး

ခေတ်တွေစနစ်တွေပြောင်းလဲလာတာနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့နေထိုင်မှုပုံစံကလည်း ပြောင်းလဲလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။
လူတွေရဲ့နေထိုင်မှုပုံစံပြောင်းလဲလာမှုနဲ့အတူ ဒေသအလိုက် ရိုးရာပွဲတော်အခမ်းအနားတွေ ၊ ပျော်ပွဲရွှင် ပွဲတွေ ပြုလုပ်ရာမှာလည်း ပုံစံမျိုးစံနဲ့ပြောင်းလဲလာကြတာကို မြင်တွေ့လာရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံတကာနှစ်သစ်ကူးကို ကြိုဆိုတဲ့ ပွဲတော်တွေ ၊ ရိုးရာယဉ်ကျေးမှုပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်တဲ့အခါမှာလည်း မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်တာတွေ တွင်တွင်ကျယ်ကျယ်နဲ့ ထည့် သွင်းပြုခဲ့ကြတာကို တွေ့ရပါတယ်။
ဗြောက်အိုး မီးရှူးမီးပန်းတွေပေါ်ပေါက်လာတာဟာ သမိုင်းအထောက်အထားတွေအရ   နှစ်ပေါင်း ၂၀၀၀ ကျော် နီးပါးရှိပြီဖြစ်ပါတယ်။ မီးရှူးမီးပန်းတွေဟာ ခေတ်ကာလအလိုက်  ပုံစံအမျိုးမျိုးကွဲပြားကြပြီး  ဝါးနဲ့ပြုလုပ်ထား တဲ့ ဗြောက်အိုး၊ စက္ကူနဲ့ပြုလုပ်ထားတဲ့ဗြောက်အိုးအ ပြင် ၊ မီးရှူးမီးပန်းဗြောက်များဆိုပြီး ခေတ်နဲ့အလိုက် ဆန်းသစ်တီထွင် မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဗြောက်အိုး စတင်လုပ်တဲ့အချိန်က ယမ်းမှုန့်နဲ့ စက္ကူတွေ မရှိတာကြောင့် လူတွေက  ဝါးကို ပေါက်ကွဲ အောင် ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ပညာရှင်တွေက ဓာတုစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး  ဆား၊ ဆာလဖာနဲ့ မီးသွေးတို့ ပေါင်းစပ်ကာ လောင်ကျွမ်းခြင်းနဲ့ ပေါက်ကွဲခြင်းတို့ ဖြစ်စေနိုင်တာကို သိရှိခဲ့ တဲ့အတွက်  ယမ်းမှုန့်ကို စတင်တီထွင်ခဲ့ကြတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း အရင်က ရိုးရာနှစ်သစ်ကူးကြိုဆိုပွဲတွေကို ပြုလုပ်ကြရာမှာ ကောင်းမှုကုသိုလ် တွေ၊ အလှူအတန်းတွေလုပ်ပြီးဖြတ်သန်းခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒီလိုပွဲတော်အခမ်းအနားတွေမှာ ဗြောက်အိုးမီးရှူးမီးပန်းတွေဖောက်ပြီး ကြိုဆိုတာကို မြင်တွေ့လာရပါတယ်။
ထို့အတူ နိုင်ငံတကာနှစ်သစ်ကူး ရောက်ရှိပြီဆိုတာနဲ့ နှစ်သစ်ကူးကြိုဆိုတဲ့ ပွဲတော် အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ပြုလုပ်ကြပြီး နှစ်သစ်ကိုကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ မီးရှူးမီးပန်း ဖောက်တာတွေကို ပြုလုပ် လာကြပါတယ်။ မြန်မာတို့ရဲ့  ရိုးရာပွဲတော်တွေဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော် ရောက်တဲ့အခါမှာလည်း   ကောင်းမှုကုသိုလ်အလှူတွေနဲ့ မီးထွန်းရုံသာမက လူကြီး၊ကလေးအရွယ်မရွေးက မီးပုံးပျံလွှင့်တင်တာတွေ၊ ဗြောက်အိုးဖောက်ပြီး မီးရှူးမီး ပန်းတွေ ပစ်ဖောက်တာတွေ ပြုလုပ်လာကြပါတယ်။
အထူးခြားဆုံးကတော့တော့ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်အသီးအသီးရှိတဲ့အထဲက တန်ဆောင် မုန်းလမှာ ပြုလုပ်လေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာမှာ ဗြောက်အိုးမီးရှူးမီးပန်းဖောက်တာတွေပြု လုပ် ကြပါတယ်။ နိုင်ငံတကာခရီးသွားဧည့်သည်တွေ များ ပြားစွာသွားရောက်လည်ပတ်ပြီး စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာဆိုရင်လည်း ဗြောက်အိုး မီးရှူးမီးပန်းမျိုးစုံကို အသုံးပြု ပစ်ဖောက်ကာ ပြုလုပ်ကြပါတယ်။
အရင်က  မြန်မာနိုင်ငံရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေဖြစ်တဲ့  သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲ တော်ရာသီ နီးကပ်လာပြီဆိုတာနဲ့ မီးရှူးမီးပန်းတွေနဲ့ ဗြောက်အိုးထုတ်လုပ် ရောင်းချတွေနဲ့ ဝယ်ယူတဲ့သူတွေ များခဲ့ပါတယ်။  မီးရှူးမီးပန်းဗြောက်အိုး ပေါက်ကွဲသံက လူတွေကို အထိတ်တလန့်ဖြစ် စေတာကြောင့် ယခုအခါမှာ  သီတင်းကျွတ်ပွဲတော်တွေ၊ တန်ဆောင်တိုင်ပွဲတော်တွေရောက်တိုင်း  ပြည်သူတွေကိုရောင်းဝယ်ဖောက်ကား အသုံး ပြုတာတွေမလုပ်ဖို့ ဥပဒေအရ အမိန့်ထုတ်ပြန် အရေးယူတာတွေရှိနေပါတယ်။ ဒါပေမယ့် တချို့နေရာတွေနဲ့  အခမ်းအနားပွဲတွေမှာတော့ မီးရှူးမီးပန်းဖောက်တာတွေကို ယခုထက်ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။
မီးရှူးမီးပန်းနဲ့ဗြောက်အိုးတွေကို  ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးပြုကြသလို မြန်မာနိုင်ငံနဲ့ အိမ်နီး ချင်း နိုင်ငံအများစုမှာလည်း အသုံးပြုကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ မီးရှူးမီးပန်းနဲ့ဗြောက်အိုးတွေကို အခြားနိုင်ငံတွေထက် ပိုပြီးအသုံးပြုတာတွေ့ရပါတယ်။
ယမ်းမှုန့်နဲ့ စက္ကူတွေ မရှိတဲ့အချိန်အခါ ရှေးခေတ်ကတည်းက ဝါးတွေကို လောင်ကျွမ်းစေပြီး ပလိပ်နတ် ဘုရားကို မောင်းထုတ်ဖို့ အသံထွက်အောင်မီးကို အသုံးပြုကြတာလို့ ဆိုပါတယ်။ ဒါကတော့ ရိုးရာဒဏ္ဍာရီဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို လိုလားသော ရှေးတရုတ်လူမျိုးများရဲ့ ကောင်းသောဆန္ဒကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။
နှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဟာ တရုတ်နိုင်ငံမှာ နှစ်ပေါင်းနှစ်ထောင် ကျော် သမိုင်းကြောင်းရှိပြီလို့ ဆိုပါတယ်။
ယခုခေတ်မှာတော့  တရုတ်လူမျိုးတွေရဲ့ ရိုးရာပွဲတော်များ ၊ မင်္ဂလာပွဲများ၊ ပွဲလမ်းသဘင်အခမ်းအနား စသည်တို့ မှာလည်း  မီးရှူးမီးပန်းတွေကို  အမြဲလိုလို အသုံးပြုလေ့ရှိကြပါတယ်။ အထူးသဖြင့်  တရုတ်နှစ်သစ်ကူးပွဲတော် (သို့) နွေဦးပွဲတော်ကာလတွေမှာ  မီးရှူးမီးပန်းအသုံးပြုမှုက ပိုမိုများပြားတယ်လို့ သိရပါတယ်။
တရုတ်လူမျိုးတွေအနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူးပွဲတော် (သို့)နွေဦးပွဲတော်ကို ကျင်းပရာမှာ  အနီရောင်မီးပုံးတွေအပြင်၊ မီးရှူးမီးပန်းနဲ့ဗြောက်အိုးတွေ ပစ်ဖောက်ပြီး  တစ်နိုင်ငံလုံအတိုင်းအတာ နဲ့ နှစ်သစ်ကိုကြိုဆိုကြတာဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်(သို့)နွေဦးပွဲတော်မှာ  မီးရှူးမီးပန်းတွေ ပစ်လွှတ် တာဟာ  တရုတ်လူမျိုးတွေရဲ့ နွေဦးပွဲတော်ကို ဆင်နွှဲတဲ့ ဓလေ့တစ်ခုအနေနဲ့ နှစ်ပေါင်းနှစ်ထောင်ကျော် ကြာရှည် တဲ့ သမိုင်းကြောင်းရှိတယ်လို့ သိရပါတယ်။
ဗြောက်အိုးဖောက်ခြင်းဟာ တရုတ်နှစ်ကူးမှာ လုပ်ဆောင်ရမယ့် အဓိကအချက်ထဲမှာ ပါဝင်ပေမယ့် အခုနောက် ပိုင်းမှာတော့ အန္တရာယ်ရှိမှာစိုးလို့ အစိုးရက ပိတ်ပင်တားမြစ်ထားသော်လည်း ကျေးလက်တောရွာတွေမှာတော့ ပြုလုပ်နေဆဲလို့ သိရပါတယ် ။ ည ၁၂ နာရီကျော်လို့ ခေါင်းလောင်းသံမြည်တာနဲ့ တစ်မြို့လုံး မီးပန်းဗြောက်အိုး တွေကို တပြိုင်နက်တည်း ပစ်ဖောက်ကြတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ တရုတ်နှစ်သစ်ကူးပွဲတော်တွေမှာသာမကပဲ ၊ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်တွေ ၊ မင်္ဂလာဆောင်တွေ၊ အ ဆောက်အဦးဖွင့်ပွဲတွေ ၊ ဆိုင်ဖွင့်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားအတော်တော်များများမှာ  မီးရှူး မီးပန်းနဲ့ ဗြောက်အိုးဖောက်ပြီး ကျင်းပလာကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။
ယနေ့ကမ္ဘာမှာ ဗြောက်အိုးမီးရှူးမီးပန်း အသုံးပြုကြသူများလာပြီး နိုင်ငံအလိုက်ယဉ်ကျေးမှုဓလေ့ထုံးစံပေါ်မူ တည်ကာ  တစ်နေရာနဲ့ တစ်နေရာ ဗြောက်အိုးမီးရှူးမီးပန်းအသုံးပြုမှုက ကွဲပြားမှုရှိနေပေမယ့် အများစုကတော့ ပျော်ပွဲ ရွှင်ပွဲနဲ့ အောင်မြင်မှုအထိမ်းအမှတ်အဖြစ်သာ အသုံးပြုကြသူများလာတယ်လို့ သိရပါတယ်။
 
ကရင်လေး(အိမ်မဲ)