【 ဆောင်းပါး 】ခေတ်သစ်သို့ မြှင့်တင်ပေးသည့် တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စာတမ်း

【 ဆောင်းပါး 】ခေတ်သစ်သို့ မြှင့်တင်ပေးသည့် တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စာတမ်း

“ပြည့်စုံသော ကျေးလက်ဒေသတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဒေသခေတ်မီရေးအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမြင်များ” ဟု ခေါ်သော မှတ်တမ်းကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကျေးလက်ဒေသ၏ စိန်ခေါ်မှုသုံးရပ်လို့လည်း ခေါ်ဆိုကြတဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသ နှင့် လယ်သမားများ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် သေချာရေးဆွဲထားသော စီမံချက်ဖြစ်ပါတယ်။

နံပါတ် ၁ မှတ်တမ်းဟာ နှစ်စဉ်အတွက် မူဝါဒလမ်းညွှန်ချက်ဖြစ်ပြီး တရုတ်၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အောင်မြင်မှုများရယူရန် အလွန်အရေးကြီးသော အပိုင်းတွင်ပါဝင်ပါတယ်။ မှတ်တမ်းတိုင်းဟာ ယခင်ရှိနေပြီးသား မှတ်တမ်းများအပေါ်တွင် အခြေခံရေးဆွဲခဲ့တာဖြစ်ပြီး အသစ်သော စိန်ခေါ်မှုများကိုလည်း ဖြေရှင်းရန်စီမံထားပြီး အားနည်းချက်များတွင် တိုးတက်ရေး၊ အခြေခံအချက်များကို ထိန်းသိမ်းရေး၊ အာရုံစိုက်မှုပေးရန် အလေးထားခြင်း၊ တိကျသောလုပ်ငန်းများဆောင်ရွက်ရန် ရွေးချယ်ခြင်းနှင့် ပြည့်မှီအောင်ဆောင်ရွက်မည့် ရည်မှန်းချက်များကို ချမှတ်ထားပါတယ်။

အကျိုးအဆက်အဖြစ် တရုတ်ဟာ ဆန်အထွက်နှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းအချိန်တွင် တစ်နှစ်ကို ဆန်တန်ချိန်ပေါင်း ၁.၃ ထရီလီယံအထိ ထုတ်လုပ်နိုင်ခဲ့သောကြောင့် လယ်သမားများ၏ ဝင်ငွေကလည်းတိုးလာခဲ့ပြီး ၂၀၁၀ နောက်ပိုင်း နှစ်ဆ တိုးလာတာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု မြင့်မားသော ကျေးလက်ဒေသများအားလုံးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

ထိုမှတ်တမ်း၏ ခေါင်းစဉ်တွင် ဖော်ပြထားသည့်အတိုင်းပါပဲ တရုတ်နိုင်ငံဟာ ကျေးလက်ဒေသကို အလေးထားပြီး စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ခေတ်မီရေးကို အလေးထားဆောင်ရွက်လာခဲ့ပါတယ်။ ခေတ်သစ်ဆိုရှယ်လစ်တိုင်းပြည် တည်ဆောက်ရေးနှင့်တရုတ်နိုင်ငံကြီး ပြန်လည် နုပျိုစေရေးစီမံချက်များကို အကောင်အထည်ဖော်ခြင်းအားဖြင့်တရုတ်နိုင်ငံဟာ ကျေးလက်ဒေသများကို အဓိကကျသောနေရာများအဖြစ် မြင်ပါတယ်။ ထို့ ကြောင့် အခက်ခဲဆုံးနှင့် အားစိုက်မှုကို လိုအပ်နေပါတယ်။

ကျေးလက်ဒေသစိန်ခေါ်မှုသုံးရပ်ဟာ ဒီလို အခြေအနေအသစ်များတွင် အရေးကြီးသော အပိုင်းတွင်ပါဝင်ပါတယ်။ ပထမအချက်ကတော့ ဒီလို စိန်ခေါ်မှုကို ဖြေရှင်းခြင်းဖြင့် တရုတ်နိုင်ငံ၏ မျှတမှုမရှိပဲ မလုံလောက်သော ဖွံ့ဖြိုးတိုးတက်မှုပြဿနာကိုဖြေရှင်းရာ ရောက်ပါတယ်။ ဒါတွေဟာ အရေးကြီးပြီး အဟန့်အတားများ လည်းဖြစ် ပါတယ်။ ဒုတိယ အချက်ကတော့ အသစ်သော ဖွံ့ဖြိုးတိုးတက်မှု နည်းလမ်းဖြစ်ပါတယ်။ ကျေးလက်ဒေသစိန်ခေါ်မှု သုံးရပ်နဲ့ပတ်သက်ပြီး အလားအလာကောင်းပြီး အရှိန်အဟုန်ကောင်းသော ဖြေရှင်းမှုများကတော့ ကျေးလက် ဒေသများ ၏ တောင်းဆိုမှုများကို ကျေးလက်နှင့် မြို့ပြစီးပွားရေးလည်ပတ်မှုကို ထောက်ပံ့ပေးခြင်းဖြင့် ဖြေရှင်းရန် လိုအပ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ပြည်တွင်းနှင့် ပြည်မက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျေး လက် ဒေသနှင့် ကျေးလက်ပြည်သူများဟာ အခြေခံကျသော မဏ္ဍိုင်များဖြစ်လာမည်ဖြစ်ပါတယ်။

နံပါတ်တစ် ဗဟိုမှတ်တမ်းဟာ အရည်အတွက်နှင့် အရည်အသွေးရည်မှန်းချက်များနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ပြည့်စုံသော လမ်းညွှန်ချက်များကို ချမှတ်ပေးပါတယ်။ မှတ်တမ်းဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် ရလဒ်များကို ခိုင်မာစေပြီး တိုးချဲ့နိုင်ရန် တိုင်းတာနေသော မှတ်တမ်းလည်းဖြစ်ပါတယ်။ ထို့မှသာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်လာသောသူများဟာ နောက်ပြန်မဟုတ်ရန်နှင့် နိုင်ငံ၏ အထွေထွေကျေးလက်ဒေသတိုးတက်ရေးနဲ့ကို ထိရောက်စွာချိတ်ဆက်နိုင်မည်ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီအောင်ဆောင်ရွက်နိုင်ရန် စီမံချက် ၇ ခုကို သတ်မှတ်ထားပြီး ထိုထဲတွင် မျိုးစေ့လုပ်ငန်းတွင်လည်း အသစ်သော တီထွင်မှုပါဝင်ပြီး အနီရောင်မျဉ်းလို့ခေါ်တဲ့ စိုက်ပျိုးနိုင်သောမြေနေရာ ဟက်တာ ၁၂၀ သန်းထားရှိရေးလည်း ပါဝင်ပါတယ်။

မှတ်တမ်းဟာ ကျေးလက်ဒေသတည်ဆောက်ရေးတွင် လိုအပ်သော စီမံချက်များကိုလည်း ဖော်ပြထားပြီး ထိုထဲတွင် ကျေးလက်ဒေသအခြေခံအဆောက်အဦလည်းပါဝင်ပြီး လမ်းစနစ်၊ ကျေးလက်စွမ်းအင်စနစ်၊ သန့်ရှင်း သော စွမ်းအင်၊ ဖိုက်ဘာကွန်ရက်၊ 5G ဆက်သွယ်ရေး နှင့် ရွှေ့ပြောင်းအသုံးပြုနိုင်သော အင်တာနက် IoT ၊ ပြည်သူ့ ဝန်ဆောင်မှု၊ ကျေးလက်ဒေသ လိုအပ်ချက်များ၊ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ပေါင်းစည်းရေး ၊ အရေးပါသော စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုများနှင့် စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေး တို့လည်းပါဝင်ပါတယ်။

နောက်ဆုံးအချက်ကတော့ CPC ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုတွင် ခေါင်းဆောင်မှုပါဝင်ရေးဖြစ်ပါတယ်။ အဆင့် ၅ ဆင့်ရှိသော လုပ်ငန်းလည်ပတ်ရေးစနစ်ကို CPC အတွင်းရေးမှူးဖြင့် တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ပြီး အားလုံးကို အရင်းအမြစ်ညှိနှိုင်းရေးတွင် တာဝန်ယူစေပြီး၊ အောက်ခြေပါတီအဖွဲ့ အစည်း၊ ဒေသန္တရအစိုးရ နှင့် ကျေးလက်ဒေသတိုးတက်စေရေး စီမံချက်များကို အကောင်အထည်ဖော်စေမည်ဖြစ်ပါတယ်။

Naing

Ref:CMG| No-1-central-document-advances-China-s-agricultural-development