【 ဆောင်းပါး 】ကမ္ဘာ့အကောင်းဆုံး ခရီးသွားရွာလေး

【 ဆောင်းပါး 】ကမ္ဘာ့အကောင်းဆုံး ခရီးသွားရွာလေး

လူတွေဟာ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ပြီး အေးချမ်းမှုကို ရှာဖွေလေ့ရှိပါတယ်။ အခုနောက် ပိုင်းမှာတော့ လူတွေရဲ့စိတ်အပန်းဖြေဖို့အတွက်ခရီးသွားတဲ့အလေ့အထကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီလိုမျိုး အပန်းဖြေခရီးတွေ သွားတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်ကြတဲ့ ပုံစံနဲ့အကြောင်းပြချက်တွေက မတူညီကြပါဘူး။

လူတွေဟာ အပန်းဖြေအနားယူဖို့အတွက် ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေ ၊ အထင်ကရမှတ်တမ်းမှတ်ရာတွေရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုနေရာတွေနဲ့ တောတောင်ရှုခင်းတွေပေါများတဲ့ နေရာတွေနဲ့ မိမိအတွက် အသစ်အဆန်းဖြစ်စေမယ့် နေရာဒေသမျိုးစုံကို ရွေးချယ်ပြီး ခရီးသွားကြတာဖြစ်ပါတယ်။

လူတချို့ကတော့ နေရာသစ်များကို စူးစမ်းလေ့လာဖို့အတွက် ခရီးသွားကြသလို  မတူညီသောယဉ်ကျေးမှုများကို တွေ့ကြုံခံစားကြပြီး စိတ်လှုပ်ရှားဖွယ်ရာစွန့်စားခန်းများကို စတင်တတ်ကြပါတယ်။

ဒီထဲမှာ မိုးကုပ်စက်ဝိုင်းအထိ ရှုခင်းအသစ်များကို ရှာဖွေကြပြီး မရင်းနှီးသော ပတ်ဝန်းကျင်များရဲ့ အလေ့အထတွေကို တွေ့ကြုံခံစားဖို့ ခရီးသွားလိုတဲ့သူတွေလည်း ရှိတတ်ပါတယ်။

မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ကျေးလက်ဒေသတွေဆိုတာကလည်း ခရီးသွားတွေ မျက်စိကျတဲ့ နေရာဒေသတွေဖြစ်လာပြန်ပါတယ်။

ဒါကြောင့်ပဲ ယူနက်စကိုကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ “အကောင်းဆုံးခရီးသွားကျေးရွာ” တွေကို ထည့်သွင်းရွေးချယ်လေ့ရှိပါတယ်။

ယူနက်စကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်တုန်းက “အကောင်းဆုံးခရီးသွားကျေးရွာ” အဖြစ် ထည့်သွင်းရွေးချယ်ခံခဲ့ရတဲ့ ရွာလေးကတော့ တရုတ်နိုင်ငံ ၊အန်းဟွေးပြည်နယ်(Anhui) ဟွမ်ဆန်းမြို့ (Huangshan)မှာရှိတဲ့ ရှီးတိ(Xidi)ရွာလေး ဖြစ်ပါတယ်။

ရှီးတိရွာ(Xidi)ကတော့၊ အန်းဟွေးပြည်နယ်(Anhui) ဟွမ်ဆန်းမြို့ (Huangshan) ရီးကောင်တီ(Yi)တွင် တည်ရှိပြီး ဒီရွာလေးမှာ ရေမြေတောတောင်သဘာဝအလှများ ဝန်းရံနေပြီး သာယာလှပနေတဲ့ရွာလေးဖြစ်လို့ ခရီးသွားတွေ အကြိုက်တွေ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

စိုက်ခင်းလယ်ကွင်းများကလည်း နေရာအနှံ့အပြားမှာ ပြန့်ကြဲတည်ရှိနေပြီး အေးချမ်းသာယာသော အလှကမ္ဘာငယ်လေးအလား ဖြစ်တည်နေတာကြောင့် ၂၀၂၁ ခုနှစ်တွင် အန်းဟွေးပြည်နယ်ရှိ ရှီးတိရွာကို ယူနက်စကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ “အကောင်းဆုံးခရီးသွားကျေးရွာ” အဖြစ် ထည့်သွင်းရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံ အမျိုးသား5Aအဆင့် ခရီးသွားနယ်မြေအဖြစ်လည်းကောင်း၊ ကမ္ဘာ့အကောင်းဆုံး ခရီးသွားကျေးရွာအဖြစ်လည်းကောင်း ရပ်တည်နေသည့် ရှီးတိရွာ၏ ကျေးလက်ခရီးသွားလာရေးနှင့် စုပေါင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အဦ ပြုပြင်မွမ်းမံမှုနှင့် ကျေးလက်ယဉ်ကျေးမှု ပျိုးထောင်ထိန်းသိမ်းမှုတို့ကလည်း ရွာသားများအား ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို ရရှိခံစားစေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရွာလေးအနီးမှာ တရုတ်နိုင်ငံတွင် အကျော်ကြားဆုံးနှင့် အလှပဆုံးတောင်တန်းများထဲမှ တစ်ခုဖြစ်တဲ့ Yellow Mountain (Huangshan) တောင်လည်း တည်ရှိနေပါတယ်။

Yellow Mountain (Huangshan)ဟာ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းထားတဲ့ နေရာဖြစ်ပြီး ကျောက်တုံးကြီးများ၊ ရှေးဟောင်းထင်းရှူး ပင်များ၊ ရေပူစမ်းများနှင့် ဆန်းကြယ်သော တိမ်တိုက်များကြောင့် အမှန်တကယ် အံ့သြဖွယ်ကောင်းသော သဘာဝအလှများကိုခံစားနိုင်တဲ့ ဒေသဖြစ်ပါတယ်။

ဒီလို UNESCO ကမ္ဘာ့အမွေအနှစ်နေရာသည် ခရီးသွားများကို ရာစုနှစ်များစွာ စွဲဆောင်စေခဲ့ပြီး သဘာဝအလှကို နှစ်သက်သူများ၊ ဓာတ်ပုံဆရာများနှင့် စွန့်စားသူများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ အလှပဆုံးတောင်တန်းတွေထဲက တစ်ခုဖြစ်တဲ့ Yellow Mountain (Huangshan) ရဲ့ အလှနဲ့အတူ ရှီးတိ(Xidi) ဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားကျေးရွာဟာလည်း ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့နေရာတွေထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

ခန့်မောင်