【 ဆောင်းပါး 】ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလည်ပတ်ရာ နင်ရှဟွေ

【 ဆောင်းပါး 】ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလည်ပတ်ရာ နင်ရှဟွေ

နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး အသေးငယ်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်။အဆိုပါဒေသဟာ  ၁၉၅၄ခုနှစ်အထိ ဂန်စု( Gansu) လူမျိုးမှာ ပါဝင်ခဲ့တာဖြစ်ပြီး  ၁၉၅၈ ခုနှစ်မှာ ဂန်စု( Gansu)လူမျိုးမှ ခွဲထွက်ကာ ဟွေ (Hui )လူမျိုးတွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၆.၈ သန်းရှိပြီး  တရုတ်နိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ လူမျိုးစု ၅၆မျိုးအနက်မှ Hui မျိုးနွယ်စုမှ မွတ်ဆလင်ဘာသာဝင်များအများစုဟာ  နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသမှာ နေထိုင်တာဖြစ်ပါတယ်။

နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မြောက်ဘက်အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  အရှေ့ဘက်တွင် Shanxiပြည်နယ်၊ အရှေ့တောင်ဘက်တွင် Shaanxiပြည်နယ်၊ တောင်ဘက်မှာ  Gansu ပြည်နယ်တို့နဲ့  နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရိယာ စတုရန်းကီလိုမီတာ ၆၆၄၀၀  ရှိပါတယ်။နင်ရှဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ကတော့  Yinchuan ဖြစ်ပါတယ်။

နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ခရီးသွားလုပ်ငန်း၊မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။ ဒေသတစ်ခုလုံးရဲ့ ၃၆ရာခိုင်နှုန်းက စားကျက်အသားစားတိရစ္ဆာန်တွေကို စီးပွားဖြစ်မွေးမြူမှုတွေရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒေသရဲ့ ထူးခြား သော အစားအစာတွေကို ကမ္ဘာ့လှည့်ခရီးသွားတွေနှစ်သက်ကြပြီးနာမည်ကြီးတယ်လို့သိရပါတယ်။ ရိုးရာ Hui ပုံစံ သရေစာတွေအပြင် သိုးသား၊ အမဲသားစွပ်ပြုတ်နဲ့ အမဲဖက်ထုပ်စတဲ့  မွတ်စလင်ဟင်းလျာအမျိုးမျိုးဟာ ဒေသရဲ့ ထင်ရှားတဲ့ အစားအစာတွေဖြစ်တယ်လို့ဆိုပါတယ်။

စိုက်ပျိုးရေးအနေနဲ့ ဂျော်ဂျီဘယ်ရီသီးဟာ နာမည်ကြီးတဲ့ဒေသထွက်ကုန်တစ်မျိုး ဖြစ်ပါတယ်။  တရုတ်တိုင်းရင်းဆေးပညာမှာ အသုံးပြုသော wolfberries စိုက်ပျိုးခြင်းကလည်း အဓိကအရေးပါတယ်လို့သိရပါတယ်။ ဒါ့အပြင် စပျစ်စိုက်ပျိုးမှုကလည်း ဒေသရဲ့ အဓိက အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စပျစ်ရည်ထုတ်လုပ်တဲ့လုပ်ငန်းဟာ  နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ထိပ်တန်းအထူးပြုစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။  ဝိုင်စပျစ်ဟက်တာ ၄၀,၀၀၀ နီးပါးရှိပြီး ၂၀၁၇ ခုနှစ်မှာ  ဝိုင်ပုလင်း သန်း ၁၂၀ ထုတ်လုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒေသရဲ့ ဝိုင်ထုတ်လုပ်တဲ့ လုပ်ငန်းငယ်ဟာ ၁၉၈၀ ခုနှစ်ကတည်းက စီးပွားရေးအရ အရေးပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်တစ်နိုင်ငံလုံးမှာရောင်းချနေတဲ့ ဝိုင်လေးပုံတစ်ပုံခန့်က နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထွက်ရှိတာဖြစ်ပါတယ်။

အရင်ကတော့ နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသများထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုအဖြစ်ရပ်တည်နေပြီး ဖြစ်ပါတယ်။အဆိုပါဒေသဟာ တရုတ်နိုင်ငံမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုတည်းက ဧရိယာ အကျဉ်း ဆုံးဖြစ်ပေမယ့် ထင်ရှားတဲ့ တောတောင်ရေမြေသဘာ၀အလှရှုခင်းအလှတွေ ပိုင်ဆိုင်ထားတဲ့အတွက် ကမ္ဘာ့လှည့် ခရီးသွားတွေ အများဆုံးသွားရောက်လည်ပတ်မှုများတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်။

နင်ရှဟွေဟာလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ  ထူးခြားတဲ့ ခရီးသွားလုပ်ငန်းတွေများစွာရှိနေတဲ့အတွက် တရုတ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက်လည်ပတ်ရာ ဒေသတစ်ခုဖြစ်ပါတယ်။ အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သဘာ၀ရှုခင်းအလှတွေနဲ့ပြည့်နက်နေတဲ့  ဟယ်လန် (Helan) တောင်၊ Shapotou နဲ့ မြစ်ဝါ( Yellow River) စတဲ့နေရာတွေ ခရီးသွားတွေကိုစွဲဆောင်ရာ သဘာဝရှုခင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့နေရာတွေပဲဖြစ်ပါတယ်။

ဒါ့အပြင်  Ningxia မဟာတံတိုင်း၊ Hui လူမျိုးတို့၏ဘိုးဘွားဗိမာန်နှင့် Western Xia ဧကရာဇ်သင်္ချိုင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က Qin မင်းဆက်မှ တည်ဆောက်ခဲ့တဲ့ စုစုပေါင်းအရှည် ၁၃၉၇ ကီလိုမီတာ ကျယ်ဝန်းတဲ့ တူးမြောင်းစတဲ့ သမိုင်းဝင်နေရာများစွာကလည်း  ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင် နေ တာဖြစ်ပါတယ်။

နင်ရှဟွေဟာလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ  မူဆလင်ဘာသာဝင်ဘုရားဖူးတွေအတွက် အဓိကနေရာတစ်ခု ဆိုရင်လည်းမမှားပါဘူး။ဘာကြောင့်လဲဆိုတော့ အဲဒီဒေသမှာ အစ္စလာမ့်တမန်တော် မုဟမ္မဒ်ရဲ့ သမီးတော် ဂူဗိမာန်၊ အစ္စလာမ် တမန်တော် မုဟမ္မဒ်ရဲ့ မြေးတော် ဂူဗိမာန် နဲ့ အစ္စလာမ့် တမန်တော် မုဟမ္မဒ် ရဲ့ ဦးလေး  ဂူဗိမာန်စတဲ့  အစ္စလာမ့်ဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦနေရာတွေ များစွာရှိနေတာကြောင့် ဖြစ်ပါတယ်။  အဲ့ဒီလို သဘာ၀တောတောင်ရေမြေသဘာ၀အလှတရာတွေ၊ရှေးဟောင်း လေ့လာစရာ ယဉ်ကျေးမှု အမွေအနှစ်တွေများစွာပိုင်ဆိုင်ထားတာကြောင့် နင်ရှဟွေဟာလူမျိုး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဧရိယာသေးငယ်ပေမယ့် ကမ္ဘာ့လည့်ခရီးသည်တွေကို စွဲဆောင်နေတဲ့ ဒေသတစ်ခုဖြစ်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။

ကရင်လေး(အိမ်မဲ)