【 ဆောင်ပါး 】 ဗြဟ္မစိုရ်တရား တိုးပွားလာစေတဲ့ ကိုဗစ်-၁၉

【 ဆောင်ပါး 】 ဗြဟ္မစိုရ်တရား တိုးပွားလာစေတဲ့ ကိုဗစ်-၁၉

လူသားဘဝကိုရလာသူတိုင်း အေးချမ်းသာယာတဲ့ဝန်းကျင်မှာ နေထိုင်လိုကြပါတယ်။ကျန်းမာချမ်းသာ ဘေးကင်းချင်ကြပါတယ်။လူသားတွေရဲ့ဘဝ သာယာလှပဖို့ ကာယကံရှင် လူတစ်ဦးချင်းပေါ်မူတည်နေသလို သူရှင်သန်ရတဲ့ ခေတ်၊ စနစ်နဲ့ လူ့ဘောင်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။လူ့သမိုင်းအဆက်ဆက်ကို ပြန်ငဲ့ကြည့်ရင် လူသားတွေအတွက်၊ အေးချမ်းသာယာချိန်ရှိခဲ့ကြသလို၊ ခက်ထန်ကြမ်းတမ်း ဆိုးဝါးတဲ့ကာလတွေကိုလည်း ဖြတ်ကျော်ခဲ့ကြရတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

လူဖန်တီးတဲ့ စစ်ပွဲတွေ၊ လူဖန်တီးတဲ့ ခေတ်စနစ်ဆိုးတွေ၊ ခေတ်စနစ်ကောင်းတွေ၊ သဘာဝကဖန်တီးတဲ့ ရောဂါကပ်ဘေးတွေနဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်တွေကြားမှာ လူသားတွေဟာ သာတ်လှည့် နာတစ်ခါ ရှင်သန်ခဲ့ကြရတာကို မြင်တွေ့ကြရပါမယ်။ဘယ်ခေတ် ဘယ်စနစ်မှာပဲဖြစ်ဖြစ် အုပ်ချုပ်သူ ထိပ်ပိုင်းခေါင်းဆောင်တွေ အရည်အချင်းရှိရင် လူထုကို မျက်နှာမူစီမံခန့်ခွဲတဲ့ အစိုးရဖြစ်ခဲ့ရင် လူထုသက်သာရာရကြတယ်ဆိုတာ အခု ကိုဗစ်ဖြစ်လာတော့ ပိုထင်ရှားလာပါတယ်။ကမ္ဘာ့နံပါတ်တစ် အမေရိကန်ဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းလို့ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ကမ္ဘာမှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံများစာရင်းထဲ ဝင်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ လာအိုလို နိုင်ငံငယ်တချို့မှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားနှုန်း မများပြားလှပါဘူး။ဒါ့အပြင် အမြဲတမ်းလိုလို ကမ္ဘာ့အလယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံကို ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ရောဂါဖြစ်ပွားမှုအပေါ် ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး စီမံခန့်ခွဲမှုကောင်းတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံတွေကရော ပြည်ပရောက် မြန်မာတွေကပါ ဝန်ခံလာကြရပါတယ်။

ကိုဗစ်ရောဂါ စဖြစ်လာပြီး ၃ လထဲ ဝင်လာချိန်မှာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာချိန် (၁၂.၃.၂၀၂၀) ထိ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံသူ မရှိသေးပါဘူး။ဒါကြောင့် မြန်မာလူထုအနေနဲ့ မတ်လ ၁၂ ရက်နေ့ထိ အသွားအလာမပျက်၊ သွားလာကြတုန်းပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာတော့မှ မြန်မာလူထု အထိတ်တလန့် ဖြစ်ကြတာပါ။အစိုးရကလည်း မတ် ၁၃ ရောက်မှ လူထုကို တတ်နိုင်သမျှ အိမ်မှာနေကြဖို့ ဆော်ဩလာပါတယ်။ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် ညွှန်ကြားချက်တွေလည်း ဆက်တိုက်ထွက်လာပါ တယ်။အဲဒီနောက် ၂၂.၃.၂၀၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၂ ဦး စတွေ့ခဲ့ပါပြီ။တဖြည်းဖြည်း ရောဂါပိုးကူးစက်ခံရသူများလာတာ၊ ရောဂါပိုးရှိသူ စတွေ့ချိန်ကနေ ဒီနေ့ထိ ပိုးတွေ့လူနာ ၂၀၆ ဦး ရှိလာပါပြီ။ကူးစက်နှုန်းက နှေးကွေးတယ်လို့ ပြောနိုင်တဲ့အခြေအနေပါ။

တကယ်လို့များ အမေရိကန်တို့၊ အီတလီတို့လို ကူးစက်နှုန်းများပြားမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အတော်ကြီးကို မလွယ်တဲ့အနေအထားကို ရင်ဆိုင်ရမှာပါ။ဒါပေမဲ့ အစိုးရအနေနဲ့ ရှိသမျှအင်အားကိုထုတ်ပြီး တတ်နိုင်သမျှ ရောဂါဖြစ်ပွားမှုနည်းပါးဖို့ လုပ်ဆောင်နေတယ်ဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ လက်ခံလာကြရပါတယ်။အစိုးရက ကိုဗစ်ရောဂါကို နည်းဗျူဟာ ၂ ရပ် အဓိကချမှတ် ဆောင်ရွက်နေကြောင်း တွေ့မြင်နိုင်ပါတယ်။တစ်ဘက်မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနကို အမာခံထားပြီး တခြားဝန်ကြီးဌာနတွေက ဝိုင်းဝန်းချိတ်ဆက် ဆောင်ရွက်ပေးကြပါတယ်။ကျန်တစ်ဘက်မှာ လူထုအားကိုယူပြီး လူထုအချင်းချင်း လိုအပ်နေသူတွေကို ပိုလျှံနေသူတွေနဲ့ သာမန်စားနိုင်သောက်နိုင်သူတွေက တပိုင်တနိုင်ပြန်ဝေမျှစေတဲ့ လူထုချင်းကူညီတဲ့နည်းကို သုံးပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ နည်းပညာသုံးဆွေးနွေးပွဲတွေကတစ်ဆင့် ဒီလို လူထုထံက လူထုဆီသို့ မျှဝေမှုအရှိန်မြင့်လာစေပါတယ်။

မြန်မာလူထု ကံကောင်းတာက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က အစိုးရဆေးရုံတွေဟာ အရင်ကလိုမဟုတ်ဘဲ၊ ၂၀၁၆-၂၀၂၀ အတွင်း အများကြီးပြောင်းလဲသွားတဲ့ အချက်ပါ။၂၀၁၅ လောက်အထိ လူထုဟာ အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေကို အားမကိုးကြပါဘူး။ဆေးရုံထဲစဝင်ပြီဆိုတာနဲ့ ဆေးရုံတံခါးပေါက်အစောင့်ကို လက်ဖက်ရည်ဖိုး စပေးရပါတယ်။ဆေးရုံထဲရောက်တော့ ပတ်တီး၊ ဂွမ်းလိပ်၊ ထိုးဆေး၊ သောက်ဆေး စတဲ့ လိုအပ်တာမှန်သမျှ လူနာရှင်က လူနာအတွက် ဝယ်ပေးရပါတယ်။ဒီကြားထဲ ဆရာဝန် ဆရာဝန်အလျောက်၊ သူနာပြု သူနာပြုအလျောက် ဩကာသရတာ သန့်ရှင်းရေးနဲ့ လူနာလက်တွန်းလှည်းတွန်းတဲ့ အလုပ်သမားအဆုံးဆိုတာ အားလုံးအသိပါ။ဒါ့ကြောင့် တော်ရုံတန်ရုံ ဘယ်သူမှဆေးရုံမလာကြတော့ဘဲ ရပ်ကွက်ထဲက ဆေးခန်းသွားရင်သွား၊ မသွားနိုင်သူတွေက ကိုယ်ဘယ်လို ဝေဒနာခံစားနေရတယ်ဆိုတာ ဆေးဆိုင်တွေက ဆေးရောင်းသူတွေကိုပြောပြပြီး ဆေးဝယ်ကြပါတယ်။ဆေးဆိုင်တွေကလည်း စပ်ဆေးတွေရောင်းပေးကြပါတယ်။

စပ်ဆေးဆိုတာ ချောင်းဆိုးတယ်ပြောလာသူကို ရောင်းပေးတဲ့ဆေးအတွဲကတစ်မျိုး၊ ဖျားတယ်ဆိုသူကို ရောင်းပေးတဲ့ဆေးအတွဲကတစ်မျိုး ဆေးရောင်းသူက တွဲစပ်ပေးတဲ့ဆေးတွေကို ပြောတာပါ။အခြေခံလူထုဟာ ဘယ်သူက ဘာပြောပြော သူတို့ဘဝနဲ့အဆင်ပြေတဲ့ သူတို့တတ်နိုင်တဲ့ စပ်ဆေးနဲ့ အသက်ဆက်လာကြတာ ကာလအတော်ကြာခဲ့ပါတယ်။၁၉၈၈ မတိုင်မီက လူထုကို ဝန်ဆောင်မှုအထိုက်အလျောက်ပေးနိုင်တဲ့ အစိုးရဆေးရုံ ဆေးပေးခန်းတွေဟာ ၁၉၈၈ နောက်ပိုင်းမှာတော့ ဘတ်ဂျက်အရ အနည်းဆုံးဝန်ကြီးဌာနတစ်ခု ဖြစ်လာခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်း ချပေးတဲ့ အစိုးရဘတ်ဂျက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးဟာ ဘတ်ဂျက်အနည်းဆုံးရတဲ့ ဝန်ကြီးဌာနတွေဆိုတာကို သိမြင်ကြရမှာပါ။

၂၀၁၆ ဒီချုပ်အစိုးရတက်လာတော့ ကျန်းမာရေးနဲ့ ပညာရေးကို ဘတ်ဂျက်တိုးပေးပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုးတက်ပြောင်းလဲလာမှုက ပညာရေးဘက်ထက်သာပါတယ်။အစိုးရဘက်က သုံးနှစ်ကျော် လေးနှစ်နီးပါး ပြုပြင်ပြောင်းလဲပေးထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုဗစ်ရောဂါဖြစ်ပွားလာချိန်မှာ ဆေးဝန်ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုဘက်ကရော၊ လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းပြည့်စုံမှုဘက်ကပါ လူထုကို စိတ်သက်သာရာရစေခဲ့၊ ကျေနပ်စေခဲ့ပါတယ်။ကျန်းမာရေးအတွက် အသက်အတွက် သောကနဲ့ ဆေးရုံရောက်လာသူတွေကို ဆေးဝန်ထမ်းတွေသာမက၊ ပြင်ပက လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာလုပ်အားပေးသူတွေကပါ လက်တွဲကူညီခဲ့ကြပါတယ်။

ဝင်ငွေပုံမှန်မရှိတဲ့ ပြည်သူတွေ သင်္ကြန်ပိတ်ရက်အတွင်း စိတ်အေးချမ်းသာ နေထိုင်စားသောက်နိုင်ဖို့ အစိုးရက ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေကို ပံ့ပိုးပေးခဲ့ပါတယ်။ရသင့်သူတွေကျန်ခဲ့ပြီး ပြည့်စုံသူတွေရသွားကြတယ်ဆိုတဲ့ ဖြစ်ရပ်နည်းပါးပြီး တကယ်လိုအပ်နေသူတွေ ဒီလိုထောက်ပံ့တဲ့ အခြေခံစားသောက်ကုန်တွေကို ရခဲ့ကြပါတယ်။တချို့ရပ်ကွက်တွေမှာ ရတဲ့ဆန်တွေ အလွန်ဆိုးဝါးတဲ့ ဖြစ်ရပ်မျိုးရှိခဲ့ပေမဲ့ အုပ်ချုပ်ရေးပိုင်းအများစုက မှန်မှန်ကန်ကန် လုပ်ဆောင်ပေးခဲ့ကြပါတယ်။တချို့အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရနည်းတူ သင်္ကြန်မတိုင်ခင်ကတည်းက ကိုယ်နဲ့သက်ဆိုင်တဲ့ အဝန်းအဝိုင်းလေးတွေက ဘဝတူတွေကို ကြိုတင်ကူညီထားကြပါတယ်။ဥပမာ - ရုပ်ရှင်ဘက်မှာ တတ်နိုင်သူတွေက လူကြမ်းသရုပ်ဆောင်အဖွဲ့၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်အဖွဲ့၊ စတဲ့ ဝင်ငွေမများပြားတဲ့ ရုပ်ရှင်ရိုက်ကူးမှု ရပ်နားထားရလို့ ဝင်ငွေမရှိဖြစ်ကြမယ့် ဘဝတူလောကသားတွေကို တတ်နိုင်သမျှ ကူညီကြပါတယ်။လုပ်ငန်းရှင်များအဖွဲ့က ဆိုက်ကားသမားတွေကို ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ပထမပိုင်း အစိုးရဘာလုပ်လုပ် ဝေဖန်သူများခဲ့ပေမဲ့ နောက်ပိုင်းမှာဝေဖန်သူနည်းသွားပြီး လူ့သဘာဝအရမှု ဝေဖန်မှုနေရာရွေ့သွားပြန်ပါတယ်။၂၀၀၈ နာဂစ်တုန်းက အစိုးရက လူထုကို မျက်နှာလွှဲခဲပစ် လုပ်ရက်သလောက်၊ လက်ရှိဒီချုပ်အစိုးရက လူထုကို ရင်ဝယ်သားလိုဂရုစိုက် မေတ္တာရှေ့ရှုဆောင်ရွက်ပေးနေတယ်လို့ ရေးသားလာကြပါတယ်။တစ်ဘက်မှာလည်း သူ့ပရိသတ်နဲ့သူကိုး။ အာဏာရှင်အစိုးရနဲ့ ဒီမိုကရေစီအစိုးရကို ဘာမှနှိုင်းယှဉ်စရာမလိုဘူး ပြန်ချေပကြပါတယ်။

နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်ဒေသဟာ အများဆုံးအထိနာခဲ့ပါတယ်။အခုအချိန်လို ဖေ့စ်ဘုတ်က မသုံးကြနိုင်သေးတာကြောင့် သတင်းတွေက သိပ်ပွင့်လင်းမြင်သာမှု မရှိသေးပေမယ့်၊ တချို့နေရာတွေဟာ စားရမဲ့ နေစရာမဲ့ ဖြစ်ကြပြီဆိုတာ မုန်တိုင်းဒဏ်မခံရသူတွေ သိနေကြပါပြီ။
ကိုဗစ်ဖြစ်တော့ အစိုးရက လူထုဆီက ပါဝင်ကူညီမှုကို တောင်းခံခဲ့ပေမဲ့၊ နာဂစ်တုန်းကတော့ နာဂစ်ဒဏ်ခံရသူတွေကို တပိုင်တနိုင်သွားကူဖို့လုပ်တဲ့ အဖွဲ့တွေဟာ လမ်းမှာတားဆီးခံကြရ၊ စစ်ဆေးခံကြရပါတယ်။နာဂစ်ဒဏ်သင့်တဲ့ ကျေးရွာတွေရောက်ပြီဆိုတော့လည်း ထောက်လှမ်းရေးက မေးတာမြန်းတာကို ဖြေကြရပြန်ပါတယ်။အတိုချုံးပြောရရင် နာဂစ်တုန်းက လူထုက လူထုထံ ကူညီမှုဟာ အတားအဆီး၊ အစစ်အမေးတွေကို ရင်ဆိုင်ရပေမဲ့၊ ကိုဗစ်ကာလမှာတော့ လူထုက လူထုထံ ကူညီမှုတွေ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ရကြပါတယ်။
စေတနာရှင်တွေဟာ လူသိသူသိ ပေးလှူကူညီနေသူတွေရှိသလို၊ လူမသိသူမသိ ပေးလှူနေကြတာလည်း နေ့စဉ်နဲ့အမျှပါပဲ။

ဆရာတော် သံဃာတော်တွေလည်း နည်းမျိုးစုံနဲ့ ကိုဗစ်ရောဂါအရေးမှာ ပါဝင်ကူညီပေးကြပါတယ်။ကိုဗစ်ရောဂါ ရှိ မရှိ ၂၁ ရက် စောင့်ကြညရမယ့်သူတွေကို ထားဖို့နေရာတွေအဖြစ်သုံးဖို့ တရားရိပ်သာနေရာတွေ၊ ဘုန်းကြီးကျောင်းဆောင်တွေကို ခွင့်ပြုပေးခဲ့ကြပါတယ်။ပြည်ပရောက်နေတဲ့ သံဃာတော်တွေ၊ သီလရှင်တွေကို သီတဂူဆရာတော်ကြီးက စရိတ်ခံပြန်ခေါ်ပေးခဲ့ပါတယ်။ထိုင်း၊ တရုတ်၊ မလေး စတဲ့ နိုင်ငံတွေက ပြန်လာသူတွေကို အစိုးရက မငြင်းမဆန် ပြန်လက်ခံပေးနေပါတယ်။

ကိုဗစ်ဆိုတဲ့ ကြောက်စရာရောဂါကြီးကြောင့်၊ အစိုးရနဲ့ လူထု ဟန်ချက်ညီညီ လက်တွဲရင်ဆိုင်ကြပုံက မြန်မာ့လူ့ဘောင်မှာ မှေးမှိန်နေတဲ့ ဗြဟ္မစိုရ်တရားကို သိသိသာသာ၊ ပြန်အသက်ဝင်လာစေပါတယ်။မြန်မာ့နှစ်သစ်ကူးကာလမှာ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်သားတွေ သောင်းချီလွတ်လာပေမဲ့၊ ခိုး၊ ဆိုး၊ လုယက်မှု ပိုတိုးမလာပါဘူး။ညဘက်အပြင်မထွက်ရတဲ့တားမြစ်မှုနဲ့ လူတွေအပြင်ထွက်တာ နည်းပါးသွားမှုတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဖြစ်လာသမျှကို လူထုချင်း၊ လူထုနဲ့ အစိုးရ ကျောချင်းကပ် ရင်ချင်းအပ် လက်တွဲဖြေရှင်းနေတာကို ကမ္ဘာကပါ အသိအမှတ်ပြုလာကြပါတယ်။မြန်မာတွေမှာ ရှေးပဝေသဏီကတည်းကရှိနေတဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ တရားတွေ ပြန်လက်ကိုင်ထားလာမှု မြင့်တက်လာပါတယ်။ဒီရောဂါကူးစက်လို့ အကြောင်းမလှ သေဆုံးရသူတွေအပေါ်ကိုလည်း ဥပေက္ခာပြု (အသင့်အတင့် နှလုံးသွင်းနိုင်ကြ) နိုင်ကြပါတယ်။လောကကို သာယာစေတဲ့ ဗြဟ္မစိုရ်တရား ပြန်ထွန်းကားလာတာ မြန်မာနိုင်ငံအတွက် အဆိုးထဲက အကောင်းဘက် ဦးတည်စေပါတယ်။ဒီအချိန်မှာပဲ ကိုဗစ်ရောဂါပိုး ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးဆီကို ရုတ်တရက်ရောက်လာပေမဲ့၊ ကိုဗစ်ဗိုင်းရပ်စ်အကြောင်း ပညာရှင်တွေရဲ့ အဆက်မပြတ်လေ့လာတွေ့ရှိမှုတွေအရ၊ ကိုဗစ်ရောဂါဟာ ချက်ခြင်းပြန်ထွက်သွားမယ့်ပုံမရှိဘူး။လူ့လောကထဲ အမြဲလိုလိုရှိနေတော့မယ်လို့ ယူဆစရာတွေရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုလိုက်ပါတယ်။

အသစ်အတွေ့အကြုံ အသစ်အဖြစ်အပျက်တွေဟာ တည်မြဲသွားပြီး အမြဲရင်ဆိုင်ရမယ့်အရာတွေ ဖြစ်လာတော့မယ် (New Normal) လို့လည်း ပြောလာကြပါပြီ။မြန်မာလူထုကြားမှာ အခုလိုပဲ အပြန်အလှန် ရိုင်းပင်းစောင့်ရှောက်ကြတဲ့ ဗြဟ္မစိုရ်တရား ဆက်ထွန်းကားနေမယ်ဆိုရင်၊ တည်မြဲလာမယ့်အသစ်ကို (New Normal) မြန်မာတို့ လက်တွဲရင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ခင်နှင်းဦး
မေ - ၂၈

( Zawgyi )

လူသားဘဝကိုရလာသူတိုင္း ေအးခ်မ္းသာယာတဲ့ဝန္းက်င္မွာ ေနထိုင္လိုၾကပါတယ္။က်န္းမာခ်မ္းသာ ေဘးကင္းခ်င္ၾကပါတယ္။လူသားေတြရဲ႕ဘဝ သာယာလွပဖို႔ ကာယကံရွင္ လူတစ္ဦးခ်င္းေပၚမူတည္ေနသလို သူရွင္သန္ရတဲ့ ေခတ္၊ စနစ္နဲ႔ လူ႔ေဘာင္ဝန္းက်င္ေပၚမွာလည္း မူတည္ပါတယ္။လူ႔သမိုင္းအဆက္ဆက္ကို ျပန္ငဲ့ၾကည့္ရင္ လူသားေတြအတြက္၊ ေအးခ်မ္းသာယာခ်ိန္ရွိခဲ့ၾကသလို၊ ခက္ထန္ၾကမ္းတမ္း ဆိုးဝါးတဲ့ကာလေတြကိုလည္း ျဖတ္ေက်ာ္ခဲ့ၾကရတယ္ဆိုတာ ျမင္ေတြ႕ႏိုင္ပါတယ္။

လူဖန္တီးတဲ့ စစ္ပြဲေတြ၊ လူဖန္တီးတဲ့ ေခတ္စနစ္ဆိုးေတြ၊ ေခတ္စနစ္ေကာင္းေတြ၊ သဘာဝကဖန္တီးတဲ့ ေရာဂါကပ္ေဘးေတြနဲ႔ ဆိုး႐ြားလွတဲ့ သဘာဝေဘးအႏၲရာယ္ေတြၾကားမွာ လူသားေတြဟာ သာတ္လွည့္ နာတစ္ခါ ရွင္သန္ခဲ့ၾကရတာကို ျမင္ေတြ႕ၾကရပါမယ္။ဘယ္ေခတ္ ဘယ္စနစ္မွာပဲျဖစ္ျဖစ္ အုပ္ခ်ဳပ္သူ ထိပ္ပိုင္းေခါင္းေဆာင္ေတြ အရည္အခ်င္းရွိရင္ လူထုကို မ်က္ႏွာမူစီမံခန႔္ခြဲတဲ့ အစိုးရျဖစ္ခဲ့ရင္ လူထုသက္သာရာရၾကတယ္ဆိုတာ အခု ကိုဗစ္ျဖစ္လာေတာ့ ပိုထင္ရွားလာပါတယ္။ကမာၻ႔နံပါတ္တစ္ အေမရိကန္ဟာ အစိုးရရဲ႕ စီမံခန႔္ခြဲမႈအားနည္းလို႔ ကိုဗစ္ေရာဂါ ကူးစက္မႈႏႈန္းအမ်ားဆုံးႏိုင္ငံ ျဖစ္လာပါတယ္။ကမာၻမွာ ဆင္းရဲမြဲေတတဲ့ ႏိုင္ငံမ်ားစာရင္းထဲ ဝင္ေနဆဲျဖစ္တဲ့ ျမန္မာႏိုင္ငံနဲ႔ လာအိုလို ႏိုင္ငံငယ္တခ်ိဳ႕မွာ ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ပြားႏႈန္း မမ်ားျပားလွပါဘူး။ဒါ့အျပင္ အၿမဲတမ္းလိုလို ကမာၻ႔အလယ္မွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့တဲ့ ျမန္မာႏိုင္ငံကို ကိုဗစ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ ေရာဂါျဖစ္ပြားမႈအေပၚ ကိုင္တြယ္ထိန္းခ်ဳပ္ႏိုင္ၿပီး စီမံခန႔္ခြဲမႈေကာင္းတဲ့ ႏိုင္ငံအျဖစ္ ကမာၻ႔ႏိုင္ငံေတြကေရာ ျပည္ပေရာက္ ျမန္မာေတြကပါ ဝန္ခံလာၾကရပါတယ္။

ကိုဗစ္ေရာဂါ စျဖစ္လာၿပီး ၃ လထဲ ဝင္လာခ်ိန္မွာ၊ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဒီေရာဂါကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာခ်ိန္ (၁၂.၃.၂၀၂၀) ထိ၊ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္ခံသူ မရွိေသးပါဘူး။ဒါေၾကာင့္ ျမန္မာလူထုအေနနဲ႔ မတ္လ ၁၂ ရက္ေန႔ထိ အသြားအလာမပ်က္၊ သြားလာၾကတုန္းပါ။ကမာၻ႔က်န္းမာေရးအဖြဲ႕က ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာေတာ့မွ ျမန္မာလူထု အထိတ္တလန႔္ ျဖစ္ၾကတာပါ။အစိုးရကလည္း မတ္ ၁၃ ေရာက္မွ လူထုကို တတ္ႏိုင္သမွ် အိမ္မွာေနၾကဖို႔ ေဆာ္ဩလာပါတယ္။က်န္းမာေရးဆိုင္ရာ လိုက္နာရမယ့္ ၫႊန္ၾကားခ်က္ေတြလည္း ဆက္တိုက္ထြက္လာပါ တယ္။အဲဒီေနာက္ ၂၂.၃.၂၀၂၀ ရက္ေန႔မွာ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၂ ဦး စေတြ႕ခဲ့ပါၿပီ။တျဖည္းျဖည္း ေရာဂါပိုးကူးစက္ခံရသူမ်ားလာတာ၊ ေရာဂါပိုးရွိသူ စေတြ႕ခ်ိန္ကေန ဒီေန႔ထိ ပိုးေတြ႕လူနာ ၂၀၆ ဦး ရွိလာပါၿပီ။ကူးစက္ႏႈန္းက ေႏွးေကြးတယ္လို႔ ေျပာႏိုင္တဲ့အေျခအေနပါ။

တကယ္လို႔မ်ား အေမရိကန္တို႔၊ အီတလီတို႔လို ကူးစက္ႏႈန္းမ်ားျပားမယ္ဆိုရင္ ျမန္မာႏိုင္ငံအေနနဲ႔ အေတာ္ႀကီးကို မလြယ္တဲ့အေနအထားကို ရင္ဆိုင္ရမွာပါ။ဒါေပမဲ့ အစိုးရအေနနဲ႔ ရွိသမွ်အင္အားကိုထုတ္ၿပီး တတ္ႏိုင္သမွ် ေရာဂါျဖစ္ပြားမႈနည္းပါးဖို႔ လုပ္ေဆာင္ေနတယ္ဆိုတာကို ျပည္တြင္းကေရာ ျပည္ပကပါ လက္ခံလာၾကရပါတယ္။အစိုးရက ကိုဗစ္ေရာဂါကို နည္းဗ်ဴဟာ ၂ ရပ္ အဓိကခ်မွတ္ ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ျမင္ႏိုင္ပါတယ္။တစ္ဘက္မွာ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ လူကယ္ျပန္ဝန္ႀကီးဌာနကို အမာခံထားၿပီး တျခားဝန္ႀကီးဌာနေတြက ဝိုင္းဝန္းခ်ိတ္ဆက္ ေဆာင္႐ြက္ေပးၾကပါတယ္။က်န္တစ္ဘက္မွာ လူထုအားကိုယူၿပီး လူထုအခ်င္းခ်င္း လိုအပ္ေနသူေတြကို ပိုလွ်ံေနသူေတြနဲ႔ သာမန္စားႏိုင္ေသာက္ႏိုင္သူေတြက တပိုင္တႏိုင္ျပန္ေဝမွ်ေစတဲ့ လူထုခ်င္းကူညီတဲ့နည္းကို သုံးပါတယ္။ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္က်င္းပတဲ့ နည္းပညာသုံးေဆြးေႏြးပြဲေတြကတစ္ဆင့္ ဒီလို လူထုထံက လူထုဆီသို႔ မွ်ေဝမႈအရွိန္ျမင့္လာေစပါတယ္။

ျမန္မာလူထု ကံေကာင္းတာက က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္က အစိုးရေဆး႐ုံေတြဟာ အရင္ကလိုမဟုတ္ဘဲ၊ ၂၀၁၆-၂၀၂၀ အတြင္း အမ်ားႀကီးေျပာင္းလဲသြားတဲ့ အခ်က္ပါ။၂၀၁၅ ေလာက္အထိ လူထုဟာ အစိုးရေဆး႐ုံ၊ ေဆးေပးခန္းေတြကို အားမကိုးၾကပါဘူး။ေဆး႐ုံထဲစဝင္ၿပီဆိုတာနဲ႔ ေဆး႐ုံတံခါးေပါက္အေစာင့္ကို လက္ဖက္ရည္ဖိုး စေပးရပါတယ္။ေဆး႐ုံထဲေရာက္ေတာ့ ပတ္တီး၊ ဂြမ္းလိပ္၊ ထိုးေဆး၊ ေသာက္ေဆး စတဲ့ လိုအပ္တာမွန္သမွ် လူနာရွင္က လူနာအတြက္ ဝယ္ေပးရပါတယ္။ဒီၾကားထဲ ဆရာဝန္ ဆရာဝန္အေလ်ာက္၊ သူနာျပဳ သူနာျပဳအေလ်ာက္ ဩကာသရတာ သန႔္ရွင္းေရးနဲ႔ လူနာလက္တြန္းလွည္းတြန္းတဲ့ အလုပ္သမားအဆုံးဆိုတာ အားလုံးအသိပါ။ဒါ့ေၾကာင့္ ေတာ္႐ုံတန္႐ုံ ဘယ္သူမွေဆး႐ုံမလာၾကေတာ့ဘဲ ရပ္ကြက္ထဲက ေဆးခန္းသြားရင္သြား၊ မသြားႏိုင္သူေတြက ကိုယ္ဘယ္လို ေဝဒနာခံစားေနရတယ္ဆိုတာ ေဆးဆိုင္ေတြက ေဆးေရာင္းသူေတြကိုေျပာျပၿပီး ေဆးဝယ္ၾကပါတယ္။ေဆးဆိုင္ေတြကလည္း စပ္ေဆးေတြေရာင္းေပးၾကပါတယ္။

စပ္ေဆးဆိုတာ ေခ်ာင္းဆိုးတယ္ေျပာလာသူကို ေရာင္းေပးတဲ့ေဆးအတြဲကတစ္မ်ိဳး၊ ဖ်ားတယ္ဆိုသူကို ေရာင္းေပးတဲ့ေဆးအတြဲကတစ္မ်ိဳး ေဆးေရာင္းသူက တြဲစပ္ေပးတဲ့ေဆးေတြကို ေျပာတာပါ။အေျခခံလူထုဟာ ဘယ္သူက ဘာေျပာေျပာ သူတို႔ဘဝနဲ႔အဆင္ေျပတဲ့ သူတို႔တတ္ႏိုင္တဲ့ စပ္ေဆးနဲ႔ အသက္ဆက္လာၾကတာ ကာလအေတာ္ၾကာခဲ့ပါတယ္။၁၉၈၈ မတိုင္မီက လူထုကို ဝန္ေဆာင္မႈအထိုက္အေလ်ာက္ေပးႏိုင္တဲ့ အစိုးရေဆး႐ုံ ေဆးေပးခန္းေတြဟာ ၁၉၈၈ ေနာက္ပိုင္းမွာေတာ့ ဘတ္ဂ်က္အရ အနည္းဆုံးဝန္ႀကီးဌာနတစ္ခု ျဖစ္လာခဲ့ပါတယ္။
၁၉၈၈ ေနာက္ပိုင္း ခ်ေပးတဲ့ အစိုးရဘတ္ဂ်က္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ ပညာေရးနဲ႔ က်န္းမာေရးဟာ ဘတ္ဂ်က္အနည္းဆုံးရတဲ့ ဝန္ႀကီးဌာနေတြဆိုတာကို သိျမင္ၾကရမွာပါ။

၂၀၁၆ ဒီခ်ဳပ္အစိုးရတက္လာေတာ့ က်န္းမာေရးနဲ႔ ပညာေရးကို ဘတ္ဂ်က္တိုးေပးေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တိုးတက္ေျပာင္းလဲလာမႈက ပညာေရးဘက္ထက္သာပါတယ္။အစိုးရဘက္က သုံးႏွစ္ေက်ာ္ ေလးႏွစ္နီးပါး ျပဳျပင္ေျပာင္းလဲေပးထားတဲ့ က်န္းမာေရးဝန္ႀကီးဌာနဟာ ကိုဗစ္ေရာဂါျဖစ္ပြားလာခ်ိန္မွာ ေဆးဝန္ထမ္းေတြရဲ႕ တာဝန္ေက်ပြန္မႈဘက္ကေရာ၊ လိုအပ္တဲ့ ေဆးနဲ႔ ေဆးပစၥည္းျပည့္စုံမႈဘက္ကပါ လူထုကို စိတ္သက္သာရာရေစခဲ့၊ ေက်နပ္ေစခဲ့ပါတယ္။က်န္းမာေရးအတြက္ အသက္အတြက္ ေသာကနဲ႔ ေဆး႐ုံေရာက္လာသူေတြကို ေဆးဝန္ထမ္းေတြသာမက၊ ျပင္ပက လူမႈေရးအဖြဲ႕အစည္းေတြနဲ႔ ေစတနာလုပ္အားေပးသူေတြကပါ လက္တြဲကူညီခဲ့ၾကပါတယ္။

ဝင္ေငြပုံမွန္မရွိတဲ့ ျပည္သူေတြ သၾကၤန္ပိတ္ရက္အတြင္း စိတ္ေအးခ်မ္းသာ ေနထိုင္စားေသာက္ႏိုင္ဖို႔ အစိုးရက ဆန္၊ ဆီ၊ ဆား စတဲ့ အေျခခံစားေသာက္ကုန္ေတြကို ပံ့ပိုးေပးခဲ့ပါတယ္။ရသင့္သူေတြက်န္ခဲ့ၿပီး ျပည့္စုံသူေတြရသြားၾကတယ္ဆိုတဲ့ ျဖစ္ရပ္နည္းပါးၿပီး တကယ္လိုအပ္ေနသူေတြ ဒီလိုေထာက္ပံ့တဲ့ အေျခခံစားေသာက္ကုန္ေတြကို ရခဲ့ၾကပါတယ္။တခ်ိဳ႕ရပ္ကြက္ေတြမွာ ရတဲ့ဆန္ေတြ အလြန္ဆိုးဝါးတဲ့ ျဖစ္ရပ္မ်ိဳးရွိခဲ့ေပမဲ့ အုပ္ခ်ဳပ္ေရးပိုင္းအမ်ားစုက မွန္မွန္ကန္ကန္ လုပ္ေဆာင္ေပးခဲ့ၾကပါတယ္။တခ်ိဳ႕အရပ္ဘက္အဖြဲ႕အစည္းေတြက အစိုးရနည္းတူ သၾကၤန္မတိုင္ခင္ကတည္းက ကိုယ္နဲ႔သက္ဆိုင္တဲ့ အဝန္းအဝိုင္းေလးေတြက ဘဝတူေတြကို ႀကိဳတင္ကူညီထားၾကပါတယ္။ဥပမာ - ႐ုပ္ရွင္ဘက္မွာ တတ္ႏိုင္သူေတြက လူၾကမ္းသ႐ုပ္ေဆာင္အဖြဲ႕၊ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္အဖြဲ႕၊ စတဲ့ ဝင္ေငြမမ်ားျပားတဲ့ ႐ုပ္ရွင္႐ိုက္ကူးမႈ ရပ္နားထားရလို႔ ဝင္ေငြမရွိျဖစ္ၾကမယ့္ ဘဝတူေလာကသားေတြကို တတ္ႏိုင္သမွ် ကူညီၾကပါတယ္။လုပ္ငန္းရွင္မ်ားအဖြဲ႕က ဆိုက္ကားသမားေတြကို ကူညီေထာက္ပံ့ခဲ့ၾကပါတယ္။

ပထမပိုင္း အစိုးရဘာလုပ္လုပ္ ေဝဖန္သူမ်ားခဲ့ေပမဲ့ ေနာက္ပိုင္းမွာေဝဖန္သူနည္းသြားၿပီး လူ႔သဘာဝအရမႈ ေဝဖန္မႈေနရာေ႐ြ႕သြားျပန္ပါတယ္။၂၀၀၈ နာဂစ္တုန္းက အစိုးရက လူထုကို မ်က္ႏွာလႊဲခဲပစ္ လုပ္ရက္သေလာက္၊ လက္ရွိဒီခ်ဳပ္အစိုးရက လူထုကို ရင္ဝယ္သားလိုဂ႐ုစိုက္ ေမတၱာေရွ႕ရႈေဆာင္႐ြက္ေပးေနတယ္လို႔ ေရးသားလာၾကပါတယ္။တစ္ဘက္မွာလည္း သူ႔ပရိသတ္နဲ႔သူကိုး။ အာဏာရွင္အစိုးရနဲ႔ ဒီမိုကေရစီအစိုးရကို ဘာမွႏႈိင္းယွဥ္စရာမလိုဘူး ျပန္ေခ်ပၾကပါတယ္။

နာဂစ္တုန္းက ျမစ္ဝကြၽန္းေပၚေဒသဟာ အမ်ားဆုံးအထိနာခဲ့ပါတယ္။အခုအခ်ိန္လို ေဖ့စ္ဘုတ္က မသုံးၾကႏိုင္ေသးတာေၾကာင့္ သတင္းေတြက သိပ္ပြင့္လင္းျမင္သာမႈ မရွိေသးေပမယ့္၊ တခ်ိဳ႕ေနရာေတြဟာ စားရမဲ့ ေနစရာမဲ့ ျဖစ္ၾကၿပီဆိုတာ မုန္တိုင္းဒဏ္မခံရသူေတြ သိေနၾကပါၿပီ။
ကိုဗစ္ျဖစ္ေတာ့ အစိုးရက လူထုဆီက ပါဝင္ကူညီမႈကို ေတာင္းခံခဲ့ေပမဲ့၊ နာဂစ္တုန္းကေတာ့ နာဂစ္ဒဏ္ခံရသူေတြကို တပိုင္တႏိုင္သြားကူဖို႔လုပ္တဲ့ အဖြဲ႕ေတြဟာ လမ္းမွာတားဆီးခံၾကရ၊ စစ္ေဆးခံၾကရပါတယ္။နာဂစ္ဒဏ္သင့္တဲ့ ေက်း႐ြာေတြေရာက္ၿပီဆိုေတာ့လည္း ေထာက္လွမ္းေရးက ေမးတာျမန္းတာကို ေျဖၾကရျပန္ပါတယ္။အတိုခ်ဳံးေျပာရရင္ နာဂစ္တုန္းက လူထုက လူထုထံ ကူညီမႈဟာ အတားအဆီး၊ အစစ္အေမးေတြကို ရင္ဆိုင္ရေပမဲ့၊ ကိုဗစ္ကာလမွာေတာ့ လူထုက လူထုထံ ကူညီမႈေတြ လြတ္လြတ္လပ္လပ္ စီးဆင္းခြင့္ရၾကပါတယ္။
ေစတနာရွင္ေတြဟာ လူသိသူသိ ေပးလႉကူညီေနသူေတြရွိသလို၊ လူမသိသူမသိ ေပးလႉေနၾကတာလည္း ေန႔စဥ္နဲ႔အမွ်ပါပဲ။

ဆရာေတာ္ သံဃာေတာ္ေတြလည္း နည္းမ်ိဳးစုံနဲ႔ ကိုဗစ္ေရာဂါအေရးမွာ ပါဝင္ကူညီေပးၾကပါတယ္။ကိုဗစ္ေရာဂါ ရွိ မရွိ ၂၁ ရက္ ေစာင့္ၾကညရမယ့္သူေတြကို ထားဖို႔ေနရာေတြအျဖစ္သုံးဖို႔ တရားရိပ္သာေနရာေတြ၊ ဘုန္းႀကီးေက်ာင္းေဆာင္ေတြကို ခြင့္ျပဳေပးခဲ့ၾကပါတယ္။ျပည္ပေရာက္ေနတဲ့ သံဃာေတာ္ေတြ၊ သီလရွင္ေတြကို သီတဂူဆရာေတာ္ႀကီးက စရိတ္ခံျပန္ေခၚေပးခဲ့ပါတယ္။ထိုင္း၊ တ႐ုတ္၊ မေလး စတဲ့ ႏိုင္ငံေတြက ျပန္လာသူေတြကို အစိုးရက မျငင္းမဆန္ ျပန္လက္ခံေပးေနပါတယ္။

ကိုဗစ္ဆိုတဲ့ ေၾကာက္စရာေရာဂါႀကီးေၾကာင့္၊ အစိုးရနဲ႔ လူထု ဟန္ခ်က္ညီညီ လက္တြဲရင္ဆိုင္ၾကပုံက ျမန္မာ့လူ႔ေဘာင္မွာ ေမွးမွိန္ေနတဲ့ ျဗဟၼစိုရ္တရားကို သိသိသာသာ၊ ျပန္အသက္ဝင္လာေစပါတယ္။ျမန္မာ့ႏွစ္သစ္ကူးကာလမွာ သမၼတႀကီးရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္အရ ေထာင္သားေတြ ေသာင္းခ်ီလြတ္လာေပမဲ့၊ ခိုး၊ ဆိုး၊ လုယက္မႈ ပိုတိုးမလာပါဘူး။ညဘက္အျပင္မထြက္ရတဲ့တားျမစ္မႈနဲ႔ လူေတြအျပင္ထြက္တာ နည္းပါးသြားမႈတို႔ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ျဖစ္လာသမွ်ကို လူထုခ်င္း၊ လူထုနဲ႔ အစိုးရ ေက်ာခ်င္းကပ္ ရင္ခ်င္းအပ္ လက္တြဲေျဖရွင္းေနတာကို ကမာၻကပါ အသိအမွတ္ျပဳလာၾကပါတယ္။ျမန္မာေတြမွာ ေရွးပေဝသဏီကတည္းကရွိေနတဲ့ ေမတၱာ၊ ဂ႐ုဏာ၊ မုဒိတာ တရားေတြ ျပန္လက္ကိုင္ထားလာမႈ ျမင့္တက္လာပါတယ္။ဒီေရာဂါကူးစက္လို႔ အေၾကာင္းမလွ ေသဆုံးရသူေတြအေပၚကိုလည္း ဥေပကၡာျပဳ (အသင့္အတင့္ ႏွလုံးသြင္းႏိုင္ၾက) ႏိုင္ၾကပါတယ္။ေလာကကို သာယာေစတဲ့ ျဗဟၼစိုရ္တရား ျပန္ထြန္းကားလာတာ ျမန္မာႏိုင္ငံအတြက္ အဆိုးထဲက အေကာင္းဘက္ ဦးတည္ေစပါတယ္။ဒီအခ်ိန္မွာပဲ ကိုဗစ္ေရာဂါပိုး ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻ႔ႏိုင္ငံအသီးသီးဆီကို ႐ုတ္တရက္ေရာက္လာေပမဲ့၊ ကိုဗစ္ဗိုင္းရပ္စ္အေၾကာင္း ပညာရွင္ေတြရဲ႕ အဆက္မျပတ္ေလ့လာေတြ႕ရွိမႈေတြအရ၊ ကိုဗစ္ေရာဂါဟာ ခ်က္ျခင္းျပန္ထြက္သြားမယ့္ပုံမရွိဘူး။လူ႔ေလာကထဲ အၿမဲလိုလိုရွိေနေတာ့မယ္လို႔ ယူဆစရာေတြရွိလာၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဆိုလိုက္ပါတယ္။

အသစ္အေတြ႕အႀကဳံ အသစ္အျဖစ္အပ်က္ေတြဟာ တည္ၿမဲသြားၿပီး အၿမဲရင္ဆိုင္ရမယ့္အရာေတြ ျဖစ္လာေတာ့မယ္ (New Normal) လို႔လည္း ေျပာလာၾကပါၿပီ။ျမန္မာလူထုၾကားမွာ အခုလိုပဲ အျပန္အလွန္ ႐ိုင္းပင္းေစာင့္ေရွာက္ၾကတဲ့ ျဗဟၼစိုရ္တရား ဆက္ထြန္းကားေနမယ္ဆိုရင္၊ တည္ၿမဲလာမယ့္အသစ္ကို (New Normal) ျမန္မာတို႔ လက္တြဲရင္ဆိုင္ႏိုင္ၾကမယ္လို႔ ယုံၾကည္ပါတယ္။

ခင္ႏွင္းဦး
ေမ - ၂၈