【 အလှအပနှင့် ကျန်းမာရေး 】 အူအတက်ရောင်ခြင်းနှင့် အူအတက်ပေါက်ခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 အူအတက်ရောင်ခြင်းနှင့် အူအတက်ပေါက်ခြင်း

အူအတက်ကတော့ ဝမ်းဗိုက်ညာဘက် အောက်ဖက်ခြမ်းမှာရှိတဲ့ လက်ချောင်းပုံစံရှိတဲ့ အူအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

အူအတက် ရောင်ရမ်းခြင်းကနေ အူအတက်ပေါက်ခြင်းဖြစ်ပါက အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်ပါတယ်။

အူအတက်ရောင်တဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ ...
-    ဝမ်းဗိုက်‌အောင့်ခြင်း (ညာဘက်အောက်ဖက်ခြမ်း၊ ဝမ်းဗိုက် ချက်ပတ်လည်တွင် အောင့်ခြင်း)
-    ပျို့အန်ခြင်း
-    ဖျားခြင်း
-    ဝမ်းချုပ်ခြင်း/ဝမ်းပျက်ဝမ်းလျှောခြင်း စတဲ့ လက္ခဏာ‌တွေ ခံစားရနိုင်ပါတယ်။

အူအတက်ရောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ...
-    အူအတက်ရောင်ခြင်းကို ကုသမှုမခံယူပါက အူအတက်ပေါက်ခြင်း၊ အူပုပ်ခြင်း၊ အူပိတ်ခြင်း စတာတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိတာကြောင့် အရေးပေါ်ခွဲစိတ်ရခြင်း
-    အူအတက်နေရာတွင် ပြည်တည်ခြင်း
-    သွေးဆိပ်တက်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။

အူအတက်ရောင်ခြင်းကို ဘယ်လိုကုသနိုင်ပါသလဲ ?

အူအတက်ရောင်ခြင်းဟာ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။အူအတက်ရောင်တဲ့ လက္ခဏာတွေဟာ အစာအိမ် အူလမ်းကြောင်းမှာ အဖြစ်များတဲ့ လက္ခဏာတွေဖြစ်လို့ မိမိမှာ အူအတက်ရောင်တယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့
ဆရာဝန်နဲ့ သွားရောက်ပြသ စစ်ဆေးပြီး အချိန်မီကုသမှုခံယူဖို့ လိုပါတယ်။

Dr.Phyu
Photo Credit - freepik