
【 အလှအပနှင့်ကျန်းမာရေး 】ငှက်ဖျားရောဂါ (malaria)အကြောင်းသိကောင်းစရာ
ငှက်ဖျားရောဂါကတော့ Plasmodium လို့ခေါ်တဲ့ကပ်ပါးပိုးကြောင့်ဖြစ်ရတာဖြစ်ပါတယ်။
- Plasmodium ဆိုတဲ့ကပ်ပါးမျိုးစိတ်အမျိုးမျိုးရှိပြီး ဒီကပ်ပါးပိုးကိုသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရခြင်းကနေ ငှက်ဖျားရောဂါကူးစက်ခံရတာဖြစ်ပါတယ်။
- ငှက်ဖျားရောဂါဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။
- ဒါပေမယ့်ငှက်ဖျားရောဂါကို စောလျင်စွာသိရှိပြီး ထိရောက်စွာကုသပါက ရောဂါပျောက်ကင်း နိုင်ပါတယ်။
ဒါကြောင့် ငှက်ဖျားရောဂါရဲ့လက္ခဏာတွေကို သိရှိထားဖို့လိုပါတယ်။
ငှက်ဖျားရောဂါလက္ခဏာတွေကတော့
၁- ကိုယ်အပူချိန်တက်ခြင်း
၂- ချမ်းတုန်ခြင်း
၃- ခေါင်းကိုက်ခြင်း
၄- ကြွက်သားများနာကျင်ခြင်း
၅- ပင်ပန်းနွမ်းနယ်ခြင်း
၆- ရင်ဘတ်အောင့်ခြင်း၊ချောင်းဆိုးခြင်း
၇- ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း
၈- ဗိုက်အောင့်ခြင်း
ငှက်ဖျားရောဂါရဲ့ပြင်းထန်တဲ့နောက်ဆက်တွဲတွေကတော့
- ဦးနှောက်အတွင်းငှက်ဖျားပိုးဝင်ခြင်းကြောင့်သတိလစ်ခြင်း၊တက်ခြင်း
- အဆုတ်ထိခိုက်ခြင်းကြောင့်အသက်ရှူရခက်ခြင်း
- အသည်းထိခိုက်ခြင်းကြောင့်အသားဝါခြင်း၊
- သွေးအားနည်းခြင်း
- သွေးတွင်းသကြားဓာတ်နည်းခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း
- ဘေလုံးထိခိုက်ခြင်း စတဲ့ပြင်းထန်တဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ငှက်ဖျားကူးစက်ခံရပါက ဘယ်သူတွေမှာ ရောဂါအခြေအနေ ပြင်းထန်နိုင်ပါသလဲ?
- ကလေးငယ်များ
- အသက်အရွယ်ကြီးသူများ
- ကိုယ်ဝန်ဆောင်များ
- ငှက်ဖျားပိုးမရှိတဲ့ဒေသမှာ နေထိုင်သူများတွင်
ငှက်ဖျားပိုးကူးစက်ခံရခြင်း စတဲ့သူတွေမှာ ရောဂါပြင်းထန်နိုင်ပါတယ်။
ငှက်ဖျားပိုးကူးစက်ခံရခြင်းရှိမရှိဘယ်လိုသိနိုင်မလဲ?
ငှက်ဖျားပိုးကူးစက်ခံရခြင်းရှိမရှိသိနိုင်ဖို့
- ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း
- စမ်းသပ်စစ်ဆေးခြင်း
- ငှက်ဖျားပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးခြင်း ဖြင့်သိရှိနိုင်ပါတယ်။
ငှက်ဖျားပိုးက ဘယ်လိုကူးစက်နိုင်ပါသလဲ?
- ငှက်ဖျားပိုး သယ်ဆောင်တဲ့ ခြင်ကိုက်ခံရခြင်း
- ငှက်ဖျားပိုးရှိသော သွေးသွင်းမိခြင်း
- ငှက်ဖျားပိုးရှိသောသူနှင့် အတူတူ ဆေးထိုးအပ်မျှဝေ၍ မူးယစ်ဆေးသုံးစွဲခြင်း
- ငှက်ဖျားပိုးရှိသောမိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း စတာတွေကနေ ငှက်ဖျားပိုးကူးစက်ခံရနိုင်ပါတယ်။
ငှက်ဖျားရောဂါကိုဘယ်လိုကုသမလဲ?
ငှက်ဖျားပိုးမျိုးစိတ်ပေါ်မူတည်ပြီး ဆေးဝါးများနဲ့ကုသနိုင်ပါတယ်။
ငှက်ဖျားပိုးကူးစက်မခံရအောင်ဘယ်လိုကာကွယ်မလဲ?
- ငှက်ဖျားဖြစ်ပွားရာဒေသများသို့သွားရောက်ရန်လိုအပ်ပါက ငှက်ဖျားရောဂါကြိုတင်ကာကွယ်ဆေးသောက်သုံးပါ။
- ခြင်ကိုက်မခံရအောင်ကာကွယ်ပါ ။
-ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ပါ။
-ခြင်လုံဇကာတတ်ဆင်ခြင်း၊အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ခြင်လူးဆေးလူးခြင်း
-ခြင်မပေါက်ပွားစေရန် ဖုံး၊သွန်၊ခပ်၊စစ်၊လောင်း၊ထောင်၊လဲ၊ဖွင့်၊မြှုပ်၊ရှင်း၊မှုတ် စတဲ့ခြင်မပေါက်ပွားစေမယ့် အလေ့အကျင့်များကို ပုံမှန်ပြုလုပ်ပါ။
Dr.Phyu
Photo credit -HealthKart