【 နည်းပညာ 】Apple မှ ပြန်လည်ပြုပြင်ထားတဲ့ MacBook ကွန်ပျူတာများကို လျှော့ဈေးဖြင့် ရောင်းချသွားမည်

【 နည်းပညာ 】Apple မှ ပြန်လည်ပြုပြင်ထားတဲ့ MacBook ကွန်ပျူတာများကို လျှော့ဈေးဖြင့် ရောင်းချသွားမည်

အကယ်၍ သင်ဟာ နောက်ဆုံးထွက် MacBook Pros များကို ကိုင်တွယ်လိုပါက ယခုအချိန်ဟာ သင့်အတွက် အကောင်းမွန်ဆုံး အခွင့်အရေးဖြစ်လာဖွယ်ရှိနေပါတယ်။
MacRumors မှ ဖော်ပြမှုအရ Apple ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ထားတဲ့ M1 Pro နဲ့ M1 Max ကွန်ပျူတာမော်ဒယ်လ်များကို Certified Refurbished စတိုးတွင် ရောင်းချပေးနေပြီဖြစ်ပါတယ်။
တရားဝင် Apple စတိုးဟာ ပြန်လည်ပြုပြင်ထားတဲ့ Apple ထုတ်ကုန်များကိုရရှိရန် အကောင်းဆုံးနေရာဖြစ်နေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ သင့်အနေနဲ့ ဒေါ်လာ ၂၀၀ မှ ၃၅၀ အထိ သက်သာတဲ့ MacBook Pro မော်ဒယ်လ်များကို ၁၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ Apple ကုမ္ပဏီဘက်ကလည်း ပြန်လည်ပြင်ဆင်ထားတဲ့ ထုတ်ကုန်များကို တရားဝင် အာမခံတစ်နှစ် ပေးထားပါသေးတယ်။
Apple ရဲ့ ပြန်လည်ပြုပြင်ထားတဲ့ MacBook များမှာတော့ မူလစက်ပစ္စည်းနဲ့အတူပါရှိတဲ့ လက်စွဲစာအုပ်များ၊ ကေဘယ်လ်ကြိုးများနဲ့ အားသွင်းတုံးများ ပါဝင်မှာဖြစ်ပါတယ်။ Apple ကုမ္ပဏီဘက်က ထုတ်ကုန်အားလုံး ကောင်းမွန်စွာအလုပ်လုပ်ကြောင်း သေချာစေရန် သေချာစွာ စမ်းသပ်ရန်လည်း တောင်းဆိုထားပါတယ်။
Apple ရဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ထုတ်ကုန်အားလုံးဟာ Apple Care+ ကို ခံစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
လက်ရှိမှာ‌တော့ ရွေးချယ်စရာ မော်ဒယ်လ်များစွာ ဝက်ဘ်ဆိုက်ပေါ်မှာရှိနေပြီး၊ ၁၄ လက်မ M1 Pro MacBook ကွန်ပျူတာကို အမေရိကန်ဒေါ်လာ ၁,၈၀၀ ကျသင့်မှာဖြစ်ပြီး၊ ဒေါ်လာ ၂၀၀ သက်သာမှာဖြစ်ပါတယ်။ဒါ့အပြင် ၁၆ လက်မ M1 Max MacBook Pro ကွန်ပျူတာကိုတော့ ‌အမေရိကန်ဒေါ်လာ ၃,၁၅၀ နဲ့ ရရှိနိုင်မှာဖြစ်ပြီး၊ ဒေါ်လာ ၃၅၀ သက်သာမှာဖြစ်ပါတယ်။
Certified Refurbished စတိုးမှာတော့ အရေအတွက် ထိုမော်ဒယ်လ်များဟာ အရေအတွက် အကန့်အသတ်သာရှိတဲ့အတွက် လျင်မြန်စွာရောင်းကုန်သွားဖို့တော့ ရှိနေပါတယ်။
 
Damien
 
Ref - Digitaltrends

နယူးယောက်၊ ဧပြီ ၃