【 နည်းပညာ 】 SpaceX က လူလိုက်ပါတဲ့ အာကာသခရီးစဉ်မစ်ရှင်ကို နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်

【 နည်းပညာ 】 SpaceX က လူလိုက်ပါတဲ့ အာကာသခရီးစဉ်မစ်ရှင်ကို နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်

ဝါရှင်တန်၊ ဇန်နဝါရီ - ၂၀

SpaceX က နိုင်ငံတကာအာကာသစခန်း (ISS) သို့ လူလိုက်ပါတဲ့ အာကာသမစ်ရှင်တစ်ခုကို ဇန်နဝါရီ ၁၈ ရက်နေ့က လွှတ်တင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါအာကာသမစ်ရှင်မှာ လိုက်ပါသွားတဲ့ လူ ၄ ဦးမှာ သုံးဦးက အာကာသယာဉ်မှူးတွေမဟုတ်ဘဲ အခကြေးငွေပေးပြီး ခရီးစဉ်စီစဉ် လိုက်ပါတဲ့ ခရီးသည်တွေသာဖြစ်ပါတယ်။မစ်ရှင်ကိုတော့ NASA အာကာသယာဉ်မှူးဟောင်းနဲ့ ISS အရာရှိဟောင်း မိုက်ကယ်-လိုပက်ဇ် အယ်လ်ဂျီးရီးယားက ဦးဆောင်မှာဖြစ်ပါတယ်။

ပထမဆုံး စီးပွားဖြစ် အာကာသခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ခရီးသည်တွေလိုက်ပါတဲ့ Ax-3 မစ်ရှင်ကိုတော့ ဖလော်ရီဒါပြည်နယ်အတွင်း တည်ရှိတဲ့ ကနေဒီ အာကာသစင်တာကနေ လွှတ်တင်ခဲ့တာပါ။အဆိုပါအာကာသခရီးစဉ်မစ်ရှင်အတွက် ရန်ပုံငွေထောက်ပံ့မှုကိုတော့ ဟူစတန်အခြေစိုက် Axiom Space က လုပ်ဆောင်ပေးတာဖြစ်ပြီး၊ SpaceX ကုမ္ပဏီနဲ့လည်း ပတ်လမ်းကြောင်းအတွင်းရှိ အာကာသစခန်းကို သွားရောက်လေ့လာမှုတွေလုပ်ဆောင်ဖို့ စာချုပ် ချုပ်ထားတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာအာကာသစခန်းဟာ ကမ္ဘာမြေအထက် မိုင် ၂၅၀ ခန့်အကွာမှာ လှည့်ပတ်နေတာဖြစ်ပြီး၊ သယ်ဆောင်ဒုံးပျံယာဉ်ဟာ နိုင်ငံတကာအာကာသစခန်းသို့ လာမယ့်ရက်ပိုင်းအတွင်းမှာ ရောက်ရှိနိုင်ခြေရှိနေပါတယ်။နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိတာနဲ့ ခရီးသည်တွေဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အာကာသစခန်း အရာရှိ ၇ ဦးနဲ့အတူ သုတေသန၊ နည်းပညာသရုပ်ပြမှုတွေနဲ့ ဖြန့်ကြက်လုပ်ဆောင်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

SpaceX က Ax-3 မစ်ရှင်အတွက် Crew Dragon Freedom (Dragon capsule C212) ဒုံးပျံယာဉ်ကို အသုံးပြုခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အဆိုပါဒုံးပျံယာဉ်အမျိုးအစားနဲ့ လူလေးဦးကို နိုင်ငံတကာအာကာသစခန်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါတယ်။

Damien
Ref - npr