【 နည်းပညာ 】 ၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနည်းကျ လေ့လာရှာဖွေမှုများအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံချီ တရုတ်သိပ္ပံဖောင်ဒေးရှင်း ပံ့ပိုးပေးခဲ့

【 နည်းပညာ 】 ၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနည်းကျ လေ့လာရှာဖွေမှုများအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံချီ တရုတ်သိပ္ပံဖောင်ဒေးရှင်း ပံ့ပိုးပေးခဲ့

ပေကျင်း၊ ဧပြီ - ၅

၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနည်းကျ လေ့လာရှာဖွေမှု ပရိုဂရမ်တွေအတွက် တရုတ်အမျိုးသား သဘာဝ သိပ္ပံဖောင်ဒေးရှင်း (NSFC) က ကန်ဒေါ်လာ ဘီလီယံချီတဲ့ ရန်ပုံငွေပမာဏကို ပံ့ပိုးပေးခဲ့တယ်လို့ CMG သတင်းအရ သိရပါတယ်။

သိပ္ပံနည်းကျ လေ့လာရှာဖွေမှု ပရိုဂရမ်ပေါင်း ၅၂,၀၀၀ အတွက် NSFC က ယွမ် ၃၁.၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၄.၄၀ ဘီလီယံ) ကို ပံ့ပိုးပေးခဲ့တာပါ။

ဖောင်ဒေးရှင်း ကော်မတီရဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ အချက်အလက်တွေကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး၊ အဆိုပါအစည်းအဝေးတွင် NSFC ရဲ့ အကြီးအကဲ Dou Xiankang က “၂၀၂၄ ခုနှစ်တွင်လည်း ကန့်သတ်ထားမှုများမရှိဘဲ သိပ္ပံနည်းကျ စူးစမ်းလေ့လာရှာဖွေမှုတွေအပေါ် ဆက်လက်အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ထို့အပြင် “သိပ္ပံနည်းကျ လေ့လာရှာဖွေမှု ပရိုဂရမ်တွေအပေါ် ငွေကြေးထောက်ပံ့မှုစနစ် အရည်အချင်း ပြည့်မီစေဖို့အတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်သွားရန်နဲ့ ရန်ပုံငွေ စီမံခန့်ခွဲမှု ပိုမိုအားကောင်းစေဖို့အတွက် နိုင်ငံတကာသုတေသန ရန်ပုံငွေဌာနတစ်ခု ထူထောင်သွားရန်လည်း ကြိုးပမ်းသွားမှာဖြစ်ပါတယ်” လို့လည်း Dou က ဆက်လက်ပြောကြားခဲ့ပါတယ်။

“ဖောင်ဒေးရှင်းအနေနဲ့ ဆန်းသစ်တီထွင်မှုတွင် တက်ကြွမှုအရှိဆုံး သုတေသီများထံ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ်များကို ခွဲဝေပေးသွားမှာဖြစ်ပါတယ်” လို့ တရုတ်အမျိုးသား သဘာဝ သိပ္ပံဖောင်ဒေးရှင်း (NSFC) အကြီးအကဲ Dou Xiankang က ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG