【 နည်းပညာ 】 အဝေးထိန်း အာရုံခံစနစ်ပါဝင်တဲ့ ဂြိုဟ်တုသစ်ကို တရုတ်အောင်မြင်စွာလွှတ်တင်

【 နည်းပညာ 】 အဝေးထိန်း အာရုံခံစနစ်ပါဝင်တဲ့ ဂြိုဟ်တုသစ်ကို တရုတ်အောင်မြင်စွာလွှတ်တင်

ပေကျင်း၊ ဧပြီ - ၆

တရုတ်နိုင်ငံက အာကာစူးစမ်းလေ့လာရေး မစ်ရှင်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က အဝေးထိန်း အာရုံခံစနစ်ပါဝင်တဲ့ ဂြိုဟ်တုသစ်တစ်လုံးကို ထပ်မံလွှတ်တင်လိုက်တယ်လို့ CMG သတင်းအရ သိရပါတယ်။

အဆိုပါဂြိုဟ်တုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်ရှိ Xichang ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာပါ။

အာကာစူးစမ်းလေ့လာရေး မစ်ရှင်တွေ လုပ်ဆောင်ရာမှာ တရုတ်ဟာ ၎င်းရဲ့ ပြည်တွင်းထုတ် စွမ်းရည် မြင့် Long March သယ်ဆောင်ဒုံးပျံ စီးရီးတွေကို အသုံးပြုလေ့ရှိပြီး၊ ယခုတစ်ကြိမ် လွှတ်တင်မှုမှာလည်း Long March-2D သယ်ဆောင်ဒုံးပျံကို အသုံးပြုခဲ့ပါတယ်။၎င်းသယ်ဆောင်ဒုံးပျံဟာ Yaogan-42 01 အမည်ရ အဝေးထိန်း အာရုံခံစနစ်ပါဝင်တဲ့ ဂြိုဟ်တုသစ်ကို သယ်ဆောင်သွားပြီး၊ သတ်မှတ်ထားတဲ့ ပတ်လမ်းထဲသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါတယ်။

ယခုလွှတ်တင်မှုမှာ အသုံးပြုခဲ့တဲ့ တရုတ်ပြည်တွင်းထုတ် Long March-2D ဒုံးပျံဟာ တန်ချိန် ၃၀၀ ရှိ အဆင့်နှစ်ဆင့် ဓာတ်ငွေ့ရည်နဲ့ ပန်ကာ တွန်းကန်စွမ်းရည် ပေါင်းစပ်မှု နည်းပညာပါဝင်တဲ့ ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။၎င်းဒုံးပျံကို အသုံးပြုပြီး Jiuquan ၊ Taiyuan နဲ့ Xichang အစရှိတဲ့ အဓိကဂြိုဟ်တုလွှတ်တင်ရေးစင်တာသုံးခုမှ ဂြိုဟ်တုအများအပြားကို လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။ Long March-2D ဒုံးပျံမှာ အဆင့်မြင့်စွမ်းရည်တွေ စနစ်တွေပါဝင်ပြီး၊ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၇၀၀ အကွာရှိ နေ-တစ်ပြိုင်တည်း ပတ်လမ်းသို့ ၁.၃ တန် အလေးချိန်ရှိတဲ့ ဝန်တင်များကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ဧပြီ ၃ ရက်နေ့ အဝေးထိန်း အာရုံခံစနစ်ပါဝင်တဲ့ ဂြိုဟ်တုသစ် လွှတ်တင်မှုဟာ တရုတ်ပြည်တွင်းထုတ် Long March သယ်ဆောင်ဒုံးပျံ စီးရီးတွေအတွက် ၅၁၅ ကြိမ်မြောက် လွှတ်တင်မှု မစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Damien
Ref - CMG