【 နည်းပညာ 】 အရက်သောက်ခြင်းက နှလုံးရောဂါ ဖြစ်လာနိုင်ခြေ တိုးလာခြင်းနဲ့ ဆက်စပ်နေ

【 နည်းပညာ 】 အရက်သောက်ခြင်းက နှလုံးရောဂါ ဖြစ်လာနိုင်ခြေ တိုးလာခြင်းနဲ့ ဆက်စပ်နေ

ဝါရှင်တန်၊ ဧပြီ - ၃

အမေရိကန် နှလုံးရေဂါဗေဒ ကောလိပ်ရဲ့ နှစ်ပတ်လည် သိပ္ပံနည်းကျ အစည်းအဝေး လေ့လာမှုတစ်ခုတွင် လူငယ်နဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အရက်သောက်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေတို့ကြား ဆက်စပ်မှုရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဆိုပါလေ့လာမှုကို အရွယ်ရောက်ပြီးသူပေါင်း ၄၃၀,၀၀၀ ကျော်ထံက အချက်အလက်တွေကို သုတေသီတွေက ခွဲခြမ်းစိတ်ဖြာပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကာ ယနေ့အထိ အကြီးမားဆုံး လေ့လာတွေ့ရှိမှုများထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် အရက်သောက်သုံးတဲ့ အမျိုးသမီးတွေမှာ အရက်သောက်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကြား ဆက်စပ်မှု ပိုမိုအားကောင်းတာကို မြင်တွေ့ရတယ်လို့ လေ့လာမှုအရ သိရပါတယ်။

“အရက်ကို အလွန်အကျွံ မသောက်ဘဲနဲ့တောင် အမျိုးသမီးတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရတယ်၊ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာတော့ နှလုံးရောဂါဖြစ်နိုင်ခြေများတာ တွေ့ရလေ့ရှိပါတယ်။ဒါပေမဲ့ အရက်သောက်တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ဖြစ်ပွါးနိုင်ခြေ မြင့်တက်နေတာကို တွေ့ရှိမှုကတော့ အံ့အားသင့်စရာပါပဲ” လို့ နှလုံးရောဂါဗေဒပညာရှင် ဒေါက်တာ ဂျမဲလ် ရာနာက လေ့လာဖော်ထုတ်နိုင်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

လေ့လာမှုတွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်အရွယ်အထိ အရွယ်ရောက်ပြီးသူများကို အဓိကထား လေ့လာခဲ့ပါတယ်။ယခုလေ့လာတွေ့ရှိမှုဟာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အမျိုးသမီးများ အရက်အလွန်အကျွံသောက်သုံးမှု တိုးလာခြင်းကြောင့် အမေရိကန်ရှိ လူငယ်များတွင် နှလုံးရောဂါပုံစံ ဖြစ်ပွားမှုများ မြင့်တက်လာတာကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

“ဒီလေ့လာမှုက လူငယ်တွေအတွက်တောင် ကျန်းမာရေးအသိပညာပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာကို ပြသနေပါတယ်၊ အကယ်၍ သင်ဟာ အရက်အလွန်အကျွံသောက်သုံးသူဖြစ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်” လို့လည်း ဒေါက်တာ ရာနာက ပြောကြားခဲ့ပါတယ်။

Damien
Ref - TheWeek