【 နည်းပညာ 】 အင်ဒိုနီးရှားတွင် လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို တရုတ်ကားကုမ္ပဏီ မိတ်ဆက်

【 နည်းပညာ 】 အင်ဒိုနီးရှားတွင် လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို တရုတ်ကားကုမ္ပဏီ မိတ်ဆက်

ဂျာကာတာ၊ ဖေဖော်ဝါရီ - ၁၀

တရုတ်နိုင်ငံရဲ့ ထိပ်တန်း မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chery က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

Chery ကုမ္ပဏီက OMODA E5 လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှား စျေးကွက်အတွင်း ကုမ္ပဏီရဲ့ လျှပ်စစ်ကားလုပ်ငန်းကို ချဲ့ထွင်သွားနိုင်ဖို့အတွက် လှုပ်ရှားမှုလည်း ဖြစ်လာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေဟာ ဆန်းသစ်တဲ့ နည်းပညာတွေ အများအပြား ပါဝင်တာကြောင့် ခေတ်ရှေ့ပြေးတဲ့ စမတ်ကားတွေအဖြစ် ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားပါတယ်။ယခု အင်ဒိုနီးရှားနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ OMODA E5 လျှပ်စစ်ကားဟာ ဆန်းသစ်တီထွင်မှုတွေ၊ ခေတ်ရှေ့ပြေး ဒီဇိုင်းပုံစံ၊ ဂေဟစနစ်နဲ့ လိုက်လျောညီထွေဖြစ်မှု အသိပညာတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။

“Chery OMODA နဲ့အတူ ရေရှည်တည်တံ့တဲ့ ရွေ့လျှားသွားလာမှုကတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးသွားနိုင်ဖို့ အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်လိုပါတယ်” လို့ Chery Sales Indonesia ရဲ့ အကြီးအကဲဖြစ်သူ Rifkie Setiawan က လျှပ်စစ်ကား မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ယနေ့ ကမ္ဘာမှာ လျှပ်စစ်ကား အသုံးပြုမှု နည်းပါးနေသေးပြီး၊ သမားရိုးကျ လောင်စာဆီနဲ့ မောင်းနှင်တဲ့ မော်တော်ကား အသုံးပြုမှုတွေဟာ အလွန်များပြားနေပါသေးတယ်။လောင်စာဆီနဲ့ မောင်းနှင်တဲ့ ကားတွေဟာ လေထုညစ်ညမ်းမှုတွေကို အလွန်အကျွံဖြစ်ပေါ်စေသလို၊ ဂေဟစနစ်နဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် အနာ ဂတ် မှာ လျှပ်စစ်ကားတွေကိုပဲ အသုံးပြုနိုင်ဖို့ အင်အားကြီးနိုင်ငံတွေက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အဆိုပါအင်အားကြီးနိုင်ငံတွေထဲ တရုတ်နိုင်ငံရဲ့ မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ကမ္ဘာ့ရှေ့တန်းကို ရောက်လာခဲ့ပြီး၊ ဆန်းသစ်ထီထွင်မှုတွေနဲ့အတူ ဂေဟစနစ်နဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ လျှပ်စစ်ကားတွေကို အမြောက်အများထုတ်လုပ် ရောင်းချပေးလျက်ရှိပါတယ်။

Chery ရဲ့ OMODA E5 လျှပ်စစ်ကားကို အမေရိကန်ဒေါ်လာ ၃၁,၈၀၀ စျေးသတ်မှတ်ထားပြီး၊ လက်ရှိအချိန်မှာ အင်ဒိုနီးရှားစျေးကွက်အတွင်း စတင်ရောင်းချနေပြီလည်းဖြစ်ပါတယ်။

Damien
Ref - people.cn