【 နည်းပညာ 】 ဝေလငါးနဲ့ လူတွေ ဆက်သွယ်လာနိုင်ခြင်းက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ဆို

【 နည်းပညာ 】 ဝေလငါးနဲ့ လူတွေ ဆက်သွယ်လာနိုင်ခြင်းက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ဆို

ကယ်လီဖိုးနီးယား၊ ဒီဇင်ဘာ - ၁၈

ကမ္ဘာ့ပထမဆုံးအဖြစ် Humpback ဝေလငါးတွေနဲ့ လူတွေအကြား စကားပြောဆို ဆက်သွယ်လာနိုင်ပြီဖြစ်တယ်လို့ သုတေသနအသစ်တစ်ခုအရ သိရပါတယ်။

ယခုလို လူသားနဲ့ ဝေလငါးတွေအကြား ဆက်သွယ်စကားပြောဆိုလာနိုင်မှုဟာ နောင်တစ်ချိန်မှာ အခြားကမ္ဘာက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရာမှာ အထောက်အကူဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

SETI အင်စတီကျု၊ ကယ်လီဖိုးနီးယားတက္ကသိုလ် ဒေးဗစ်နဲ့ အလာစကာ ဝေလငါးဖောင်ဒေးရှင်းတို့က သုတေသီတွေဟာ ရေအောက်စပီကာတစ်ခုကို အသုံးပြုပြီး၊ Twain အမည်ရ Humpback ဝေလငါးတစ်ကောင်နဲ့ ဆက်သွယ်ကာ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။မိနစ် ၂၀ ခန့်ကြာ ဆက်သွယ်မှုအတွင်း ဝေလငါးကြီး Twain ဟာ သုတေသီတွေရဲ့ ဆက်သွယ်ပြောဆိုမှုကို အချက်ကျကျ ပြန်လည်တုံ့ပြန်ခဲ့တာကို လေ့လာမှုအတွင်း တွေ့ရှိခဲ့ပါတယ်။

ယခုလို ဝေလငါးတစ်ကောင်နဲ့ ဆက်သွယ်ပြီး စကားပြောဆိုနိုင်မှုဟာ ဘာသာစကားမျိုးကွဲတွေရဲ့ ဆက်သွယ်နိုင််မှုကို ပြသနေပြီး၊ ဂြိုဟ်သားတွေကဲ့သို့ အခြားကမ္ဘာက သက်ရှိတွေ ဆက်သွယ်လာပါကလည်း ပြန်လည်တုံ့ပြန်ပြောဆိုနိုင်တဲ့ စွမ်းရည်အပေါ် သက်ရောက်မှုရှိတယ်လို့ SETI အင်စတီကျုက ဆိုပါတယ်။

သုတေသီတွေကတော့ ကမ္ဘာ့ပထမဆုံး ဝေလငါးနဲ့ လူသားတွေ စကားပြောဆိုနိုင်မှုကို ဆက်လက်လေ့လာလျက်ရှိနေပြီး၊ ပိုမိုတိုးတက်မှုတွေ ရရှိလာပါက ပြင်ပကမ္ဘာက လက်ခံရရှိတဲ့ မည်သည့်အချက်ပြမှုတွေကိုမဆို စစ်ဆေးဖော်ထုတ်နိုင်မယ့် စနစ်တစ်ခုကို တီထွင်နိုင်ဖို့ အသုံးပြုနိုင်မှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Damien
Ref - livescience