【 နည်းပညာ 】 ရာသီဥတုဖောက်ပြန်မှုက အချိန်သတ်မှတ်မှုကို သက်ရောက်မှုရှိနိုင်ဟု လေ့လာမှုတွေ ဆို

【 နည်းပညာ 】 ရာသီဥတုဖောက်ပြန်မှုက အချိန်သတ်မှတ်မှုကို သက်ရောက်မှုရှိနိုင်ဟု လေ့လာမှုတွေ ဆို

လန်ဒန်၊ ဧပြီ - ၁

ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုဟာ ဂရင်းလန်းနဲ့ အန္တာတိကတို့မှ ရေခဲပြင်တွေကို အရည်ပျော်မှု အရှိန်မြှင့်စေပြီး ကမ္ဘာ့ပင်လယ်ပြင်တွေကို ရေအပိုတွေ အမြောက်အများပေါင်းထည့်မှု ဖြစ်ပေါ်လာစေပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ လည်ပတ်မှုကို ပိုမိုနှေးကွေးသွားစေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

အကယ်၍ ကမ္ဘာကြီးရဲ့ လည်ပတ်မှုသာ နှေးကွေးသွားမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်ပါသလဲ ?

လေ့လာမှုတွေအရတော့ ကမ္ဘာကြီးလည်ပတ်မှု နှေးကွေးသွားခြင်းရဲ့ အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ရဲ့ အချိန်သတ်မှတ်မှုတွေကို သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်လို့ သိရပါတယ်။ကျွန်တော်တို့ လက်ရှိသတ်မှတ်ထားတဲ့ အချိန်ကို တစ်စက္ကန့် နုတ်ဖို့ လိုအပ်မှာဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာတော့ “ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုဟာ ကမ္ဘာလုံးဆိုင်ရာ အချိန်သတ်မှတ် ထိန်းညှိမှုကို ထိခိုက်နေပါပြီ” လို့ ဆိုထားပါတယ်။

ကမ္ဘာကြီးမှာ အများစုဟာ နာရီနဲ့ အချိန်ကို သတ်မှတ် ထိန်းညှိဖို့အတွက် Coordinated Universal Time (UTC) - ကမ္ဘာရဲ့ လည်ပတ်မှုနဲ့ တွက်ချက်တဲ့ နည်းစနစ်ကို အသုံးပြုလျက်ရှိတာဖြစ်ပြီး၊ ဒါပေမဲ့ ကမ္ဘာရဲ့ လည်ပတ်မှုဟာ မတည်မငြိမ်ဖြစ်လာနေတဲ့အတွက် အချိန်သတ်မှတ်မှုတွေအပေါ် သက်ရောက်မှုရှိလာစေနိုင်တာဖြစ်ပါတယ်။

“မကြုံစဖူး အရာတွေက ဖြစ်ပျက်နေတယ်၊ ကျွန်ုပ်အတွက်ကတော့ ကမ္ဘာလှည့်နှုန်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲပေးနိုင်တဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ” လို့ လေ့လာမှုကို ရေးသားသူ ဒန်ကန် အဂ်နယူးက NBC News သို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကြိုးပမ်းနေပေမယ့်လည်း သိသာထင်ရှားတဲ့ အောင်မြင်မှုရလဒ်တွေကိုတော့ မြင်တွေ့ရခြင်း မရှိသေးပါဘူး။

Damien
Ref - rte