【 နည်းပညာ 】 နေကြတ်မှုဖြစ်စဉ်အတွင်း အထက်လေထုကို လေ့လာရန် နာဆာ စီစဉ်

【 နည်းပညာ 】 နေကြတ်မှုဖြစ်စဉ်အတွင်း အထက်လေထုကို လေ့လာရန် နာဆာ စီစဉ်

ဝါရှင်တန်၊ ဧပြီ - ၇
 
နေကြတ်မှုဖြစ်စဉ်အတွင်း အထက်လေထုကို လေ့လာနိုင်ဖို့အတွက် ဒုံးပျံ ၃ စင်းကို လွှတ်တင်သွားမယ်လို့ အမေရိကန်အာကာသ‌အေဂျင်စီကြီး နာဆာက ပြောကြားခဲ့ပါတယ်။
 
ဧပြီ ၈ ရက်နေ့မှာ နာဆာက Black Brant IX အမျိုးအစား ဒုံးပျံ ၃ စင်းကို လွှတ်တင်ဖို့ စီစဉ်ထားတာပါ။
 
၎င်းဒုံးပျံတွေကို နေကြတ်မှုဖြစ်စဉ်တွင် အထက်လေထုအတွင်း ဖြစ်ပေါ်လာနိုင်တဲ့အနှောင့်အယှက်တွေနဲ့ လှိုင်းတွေကို လေ့လာနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
 
“နေကြတ်မှုဖြစ်စဉ် မတိုင်မီ၊ ဖြစ်စဉ်ကာလနဲ့ ဖြစ်စဉ်အပြီး အချိန်တွေမှာ ကမ္ဘာ့အပေါ်ပိုင်း လေထုအပေါ် သက်ရောက်မှုဖြစ်စဉ်တွေကို လေ့လာသွားမှာဖြစ်ပါတယ်” လို့ နာဆာက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဆိုပါဒုံးပျံ ၃ စင်းကို အချိန်ခွဲပြီး ဗာဂျီးနီးယားရှိ နာဆာရဲ့ Wallops Flight Facility လွှတ်တင်‌ရေး စင်တာမှ ပစ်လွှတ်သွားမှာဖြစ်ပါတယ်။
 
၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် နေကြတ်မှုကို ဧပြီလ ၈ ရက်နေ့မှာ ကြုံတွေ့ရဖို့ရှိပြီး၊ ကမ္ဘာ့ ဒေသအလိုက် အချိန်ကွာခြားမှုတွေရှိနိုင်ပါတယ်။
 
Damien
Ref - UPI