【 နည်းပညာ 】 တရုတ်ရဲ့ ‘လ’ စူးစမ်းလေ့လာရေးယာဉ် မစ်ရှင်လွှတ်တင်မည့်နေရာသို့ ရောက်ရှိလာ

【 နည်းပညာ 】 တရုတ်ရဲ့ ‘လ’ စူးစမ်းလေ့လာရေးယာဉ် မစ်ရှင်လွှတ်တင်မည့်နေရာသို့ ရောက်ရှိလာ

ပေကျင်း၊ ဇန်နဝါရီ - ၁၃
 
တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ် ‘လ’ စူးစမ်းလေ့လာရေးယာဉ် Chang'e-6 ဟာ ၂၀၂၄ ခုနှစ် မစ်ရှင်လွှတ်တင်မယ့်နေရာသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။
 
၂၀၂၄ ခုနှစ်အတွင်း လွှတ်တင်သွားမယ့် ‘လ’ စူးစမ်းလေ့လာရေးမစ်ရှင်ကိုတော့ နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်အတွင်းရှိ ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာကနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ် အမျိုးသား အာကာသ စီမံခန့်ခွဲရေး (CNSA) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
 
“လက်ရှိအချိန်မှာတော့ လွှတ်တင်ရေးစင်တာရဲ့ အခြေအနေကို စစ်ဆေးလျက်ရှိပြီး ကောင်းမွန်တဲ့အခြေအနေမှာ တည်ရှိကာ စီစဉ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ Chang'e-6 ‘လ’ စူးစမ်းလေ့လာရေးယာဉ်ဟာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ‘လ’ ကမ္ဘာရဲ့ အစွန်အဖျားမှာရှိတဲ့ နမူနာတွေကို စုဆောင်းသွားဖို့ စီစဉ်ထားပါကြောင်း” CNSA က ပြောကြားခဲ့ပါတယ်။
 
တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာတော့ An-124 နဲ့ Y-20 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ Chang'e-6 ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို သယ်ဆောင်လာခဲ့ပြီး၊ Meilan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသီးသီးရောက်ရှိလာခဲ့ကာ လွှတ်တင်ရေးစင်တာသို့ ကုန်းလမ်းနဲ့ ဆက်လက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
 
Chang'e-6 မစ်ရှင်မှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာလည်းဖြစ်သလို၊ မစ်ရှင်အတွင်း ‘လ’ ကမ္ဘာရဲ့ မတူညီတဲ့ ဒေသအသီးသီးမှ နမူနာတွေကို စုဆောင်းပြီး ကမ္ဘာသို့ ပြန်လည်ယူဆောင်လာမှာဖြစ်တဲ့အတွက်လည်း လူသားတွေအနေနဲ့ ‘လ’ ကို ပိုမိုနားလည်စေဖို့ အထောက်အကူပြုနိုင်မှာလည်းဖြစ်ပါတယ်။
 
တရုတ်နိုင်ငံဟာ Chang'e-6 မစ်ရှင်ပြီးနောက် ၂၀၂၆ ခုနှစ်မှာ Chang'e-7 မစ်ရှင်နဲ့ ၂၀၂၈ ခုနှစ်မှာတော့ Chang'e-8 မစ်ရှင်တွေကို ဆက်လက်လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။
 
Damien
Ref - CMG