【 နည်းပညာ 】 တရုတ်ရဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ‘လ’ ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာဝင်ရောက်

【 နည်းပညာ 】 တရုတ်ရဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ‘လ’ ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာဝင်ရောက်

ပေကျင်း၊ မတ် - ၃၀

Queqiao-2 အမည်ရ ဆက်သွယ်ရေး ဂြိုဟ်တုဟာ တနင်္လာနေ့မှာ ‘လ’ မျက်နှာပြင်မှ ကီလိုမီတာ ၄၄၀ ခန့် အကွာအဝေးတွင် ပျံသန်းပြီး ၁၉ မိနစ်ခန့်အကြာတွင် ‘လ’ ကမ္ဘာ ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှု (CNSA) က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က တရုတ်ပြည်တွင်းထုတ် Long March-8 Y3 သယ်ဆောင်ဒုံးပျံယာဉ်နဲ့ Queqiao-2 ဆက်သွယ်ရေး ဂြိုဟ်တုကို လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ၅ ရက်ခန့်အကြာမှာ ‘လ’ ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Queqiao-2 ဟာ တရုတ်နိုင်ငံရဲ့ အဓိက ‘လ’ မစ်ရှင်တစ်ခုဖြစ်တဲ့ Chang'e-4 အတွက် ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုတွေကို အဓိကပံ့ပိုးပေးသွားမှာဖြစ်ပြီး၊ နိုင်ငံရဲ့ ‘လ’ ကမ္ဘာ စူးစမ်းလေ့လာရေးအစီအစဉ် စတုတ္ထအဆင့်အတွက် အဓိက ဆက်သွယ်ရေးဂြိုဟ်တုအဖြစ် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

အဆိုပါဆက်သွယ်ရေး ဂြိုဟ်တုမှာ Perilune braking နည်းပညာပါဝင်ပြီး၊ ‘လ’ ကို ပတ်လမ်းအတွင်းကတစ်ဆင့် လှည့်ပတ်နိုင်ဖို့အတွက် ‘လ’ ဆွဲငင်အားကို ထိန်းချုပ်ကာ လမ်းကြောင်းကို နှိုင်းရအမြန်နှုန်းနဲ့ ထိန်းညှိပေးမှာဖြစ်ပါတယ်။

တရုတ်ဟာ ဆက်သွယ်ရေးနည်းပညာအတွက် Queqiao-2 ဆက်သွယ်ရေး ဂြိုဟ်တုနဲ့အတူ စမ်းသပ်ဆဲ ဂြိုဟ်တုနှစ်စင်းဖြစ်တဲ့ Tiandu-1 နဲ့ Tiandu-2 တို့ကိုလည်း တစ်ပါတည်း လွှတ်တင်ခဲ့တာဖြစ်တယ်လို့ သတင်းအရ သိရပါတယ်။

Damien
Ref - CMG