【 နည်းပညာ 】 တရုတ်နဲ့ နိုင်ငံခြားသိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ‘နေအတု’ စမ်းသပ်မှုကို ပြုလုပ်ခဲ့

【 နည်းပညာ 】 တရုတ်နဲ့ နိုင်ငံခြားသိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ‘နေအတု’ စမ်းသပ်မှုကို ပြုလုပ်ခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ - ၉

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Anhui ပြည်နယ် မြို့တော် Hefei ရဲ့ အနောက်မြောက်ဘက်ရှိ ကျွန်းတစ်ခုမှာ တရုတ်နှစ်သစ်ကူး မီးရှူးမီးပန်းများကြောင့်မဟုတ်ဘဲ လင်းလက်တောက်ပလျက်ရှိပါတယ်။

အဆိုပါကျွန်းပေါ်မှာ နှစ်သစ်ကူး မီးရှူးမီးပန်းတွေကြောင့် မဟုတ်ဘဲ လင်းလက်တောက်ပနေမှုဟာ Experimental Advanced Superconducting Tokamak (EAST) လို့ အမည်ရပြီး၊ ‘တရုတ် နေအတု’ လို့ လူသိများတဲ့ နည်းပညာသစ် စမ်းသပ်မှုကို လုပ်ဆောင်နေတာကြောင့်ဖြစ်ပါတယ်။

တရုတ်နဲ့ နိုင်ငံခြားသိပ္ပံပညာရှင် အယောက် ၁၀၀ ကျော်ဟာ ကျွန်းပေါ်မှာ နျူဓာတ်ပေါင်းဖို International Thermonuclear Experimental Reactor (ITER) ပရောဂျက် အစိတ်အပိုင်းအဖြစ် ‘နေအတု’ ရူပဗေဒစမ်းသပ်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ‘နေအတု’ စမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ နျူကလီးယားစွမ်းအင် ပေါင်းစပ်မှုနဲ့ ကြီးမားတဲ့ အင်ဂျင်နီယာ ပရောဂျက်တွေအတွက် သက်ဆိုင်ရာ နည်းပညာပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ဖြစ်ပါတယ်။

EAST-ITER သိပ္ပံစမ်းသပ်မှုရဲ့ အဓိကပန်းတိုင်ကတော့ ‘နေ’ မှာ တည်ရှိတဲ့ စွမ်းအင်တွေကဲ့သို့ နျူကလီးယားစွမ်းအင်ကို ပေါင်းစပ်ကာ စွမ်းအင်ကြီးမားတဲ့ ‘နေအတု’ အဖြစ် တီထွင်ဖန်တီးနိုင်ဖို့လည်းဖြစ်ပြီး၊ သန့်ရှင်းတဲ့ စွမ်းအင်ကို ပုံမှန်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။စမ်းသပ်မှုအတွင်း ပင်လယ်ရေအောက်က ရရှိတဲ့ ဒြပ်စင်တွေကို အသုံးပြုထားပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာတော့ နျူကလီးယားစွမ်းအင် ပေါင်းစပ်မှုအတွက် ITER ပရောဂျက်အဖွဲ့ဝင် ခုနစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်တို့က ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် နျူစွမ်းအင်ပေါင်းစပ် ဓာတ်ပေါင်းဖိုကြီးကို တည်ဆောက်လျက်ရှိပါတယ်။

မူလ ITER အဖွဲ့မှာ တရုတ်နိုင်ငံ မပါဝင်ခဲ့ပေမယ့် နျူကလီးယား ပေါင်းစပ်စွမ်းအင် သုတေသန နယ်ပယ်မှာ ကမ္ဘာ့စံချိန်များစွာတင်ထားပြီး၊ နည်းပညာအောင်မြင်မှုတွေရရှိနေတဲ့ တရုတ်ရဲ့ EAST ပရောဂျက်ကို အစီအစဉ် သစ်တွေမှာ ပူးပေါင်းပါဝင်ဖို့အတွက် ITER အဖွဲ့က ရွေးချယ်ခဲ့တာကြောင့် ၂၀၀၆ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ ခုနစ်နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ITER ပရောဂျက်ကို မတူကွဲပြားတဲ့ နိုင်ငံတွေနဲ့ လူမျိုးစုတွေကို ပေါင်းစည်းပေးတဲ့ အခြေခံပရောဂျက်တစ်ခုလို့ မြင်သင့်ကြောင်းဆိုပြီး၊ တရုတ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ သိသာထင်ရှားတဲ့ ဥပမာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Damien
Ref - CMG