【 နည်းပညာ 】 တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု စီစဉ်ထားသည်ထက် ပိုမိုဆောလျင်စွာ ထိန်းချုပ်နိုင်ဖွယ်ရှိဟု အစီရင်ခံစာများဆို

【 နည်းပညာ 】 တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု စီစဉ်ထားသည်ထက် ပိုမိုဆောလျင်စွာ ထိန်းချုပ်နိုင်ဖွယ်ရှိဟု အစီရင်ခံစာများဆို

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၄

တရုတ်နိုင်ငံရဲ့ ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ရန် စီစဉ်ထားမှုဟာ မျှော်လင့်ထားတာထက် ပိုမိုဆောလျင်စွာ ဆောင်ရွက်နိုင်ဖွယ်ရှိနေတယ်လို့ Wall Street Journal (WSJ) က တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုက လူသားတွေကို ကာကွယ်နိုင်ဖို့အတွက် တရုတ်နိုင်ငံဟာ သန့်ရှင်းတဲ့ စွမ်းအင်စီမံကိန်းအသစ်တွေကို ထပ်မံလုပ်ဆောင်ဖို့ တွန်းအားပေးလျက်ရှိနေတာကြောင့် တရုတ်ရဲ့ ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်မယ့် အစီအစဉ်ဟာ မြန်မြန်ဆန်ဆန်ပဲ လက်တွေ့အကောင်အထည်ပေါ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းလျက်ရှိကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကာဗွန်စွမ်းအင်ကို သန့်ရှင်းတဲ့ စွမ်းအင်အသစ်တွေနဲ့ အစားထိုးဖို့ ကြိုးပမ်းလျက်ရှိရာမှာ ၎င်းလုပ်ငန်းစဉ်ရဲ့ တိုးတက်မှုဟာ အများမျှော်လင့်ထားတာထက် ပိုမိုမြန်ဆန်နေတယ်လို့ နိုင်ငံတကာ ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့များက ကိုးကားဖော်ပြခဲ့ကြပါတယ်။

တရုတ်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ ၂၀၂၃ ခုနှစ်မှာ ပိုမိုမြင့်မားလာပေမယ့်လည်း နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး တည်ဆောက်ထားတဲ့ သန့်ရှင်းတဲ့ စွမ်းအင်စီမံကိန်းဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သန့်ရှင်းတဲ့ စွမ်းအင်စီမံကိန်းက တရုတ်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ တရုတ်ရဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေက ကာဗွန်ထုတ်လွှတ်မှုတွေဟာ ကျဆင်းလာမှာဖြစ်တယ်လို့ IEA က Wall Street Journal သို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သန့်ရှင်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လွှတ်မှုဟာ ၂၀၂၃ ခုနှစ်မှာ ၁.၄၅ ဘီလီယံ ကီလိုဝပ်ကို ကျော်လွန်သွားပြီဖြစ်ပြီး၊ နိုင်ငံရဲ့ စုစုပေါင်း ဓာတ်အားတပ်ဆင်ထုတ်လွှတ်မှုပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု (NEA) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

Damien
Ref - CMG