【 နည်းပညာ 】 တရုတ်နိုင်ငံတွင် 5G ကွန်ရက် အခြေစိုက်စခန်းပေါင်း ၃.၃၈ သန်းအထိရှိလာ

【 နည်းပညာ 】 တရုတ်နိုင်ငံတွင် 5G ကွန်ရက် အခြေစိုက်စခန်းပေါင်း ၃.၃၈ သန်းအထိရှိလာ

ပေကျင်း၊ ဇန်နဝါရီ - ၂၆

တရုတ်နိုင်ငံတွင် မြန်နှုန်းမြှင့် 5G ကွန်ရက်ကို ပြည်သူများ သုံးစွဲမှု ဆက်တိုက်မြင့်မားလျက်ရှိရာမှာ 5G ကွန်ရက် အခြေစိုက်စခန်းများကိုလည်း တည်ဆောက်မှု မြှင့်တင်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ 5G ကွန်ရက် တီထွင်ဆန်းသစ်မှုနဲ့ ဖွံဖြိုးတိုးတက်မှုများတွင် ခိုင်မာတဲ့ တိုးတက်အောင်မြင်မှုတွေကို ရရှိခဲ့တယ်လို တရုတ်စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) က သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

MIIT က သောကြာနေ့မှာ ပြောကြားရာခဲ့မှာ “နိုင်ငံဟာ 5G ကွန်ရက် တီထွင်ဆန်းသစ်မှုနဲ့ ဖွံဖြိုးတိုးတက်မှုများတွင် ခိုင်မာတဲ့ တိုးတက်မှုတွေကို ရရှိခဲ့ပြီး၊ နိုင်ငံအတွင်း 5G ကွန်ရက် အခြေစိုက်စခန်းအရေအတွက်ဟာလည်း ၃.၃၅ သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအတွင်းမှာ နိုင်ငံဟာ 5G ကွန်ရက် စက်မှုအင်တာနက်ပရောဂျက်ပေါင်း ၁၀,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီး၊ 5G ကွန်ရက် ချိတ်ဆက်ထားတဲ့ ရှေ့ပြေး အက်ပ်ပလီကေးရှင်းတွေကို ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနဲ့ ပညာရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ စတင်အသုံးပြုခဲ့တယ်” လို့ MIIT ဒုဝန်ကြီး Xin Guobin က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် MIIT ဒုဝန်ကြီးက “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း 5G မိုဘိုင်းလ်ဖုန်း အသုံးပြုသူပေါင်း ၈၀၅ သန်းအထိ ရှိလာခဲ့တယ်” လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

5G ကွန်ရက်ဟာ နိုင်ငံ့စီးပွားရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း တရုတ်ယွမ် ၁.၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၁.၃၆ ဘီလီယံခန့်) ဖန်တီးပေးနိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်က ကိန်းဂဏန်းနဲ့ နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း တရုတ်စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဒုဝန်ကြီး Xin Guobin က ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG