【 နည်းပညာ 】 ဆယ်စုနှစ်များအတွင်း ပထမဆုံး အမေရိကန်ရဲ့ ‘လ’ ဆင်းယာဉ် ခရီးစဉ် ကမ္ဘာပေါ်သို့ ပျက်ကျတော့မည်

【 နည်းပညာ 】 ဆယ်စုနှစ်များအတွင်း ပထမဆုံး အမေရိကန်ရဲ့ ‘လ’ ဆင်းယာဉ် ခရီးစဉ် ကမ္ဘာပေါ်သို့ ပျက်ကျတော့မည်

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၇
 
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံဟာ ၎င်းရဲ့ ‘လ’ပေါ်သို့ ပြန်လည်‌ ‌ရောက်ရှိရေး ကြိုးပမ်းမှုအဖြစ် ဇန်နဝါရီ ၈ ရက်နေ့ တနင်္လာနေ့က ‘လ’ဆင်းယာဉ်ကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။
 
‘လ’ဆင်းယာဉ် မစ်ရှင် လွှတ်တင်ပြီး မကြာခင်မှာပဲ ဒုံးပျံယာဉ်မှာ လောင်စာဆီ ယိုဖိတ်မှုပြဿနာ ဖြစ်ပေါ်လာခဲ့ပြီး၊ မစ်ရှင်အောင်မြင်ရေး မရေမရာဖြစ်လာခဲ့ပါတယ်။
 
အဆိုပါမစ်ရှင်ကို တာဝန်ယူ လွှတ်တင်ခဲ့တဲ့ Astrobotic Technology ပုဂ္ဂလိက ကုမ္ပဏီကတော့ ဒုံးပျံယာဉ်ကို အာကာသထဲ ဆက်လက်လည်ပတ်နေစေဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပေမယ့်၊ လေ့လာသူတွေကတော့ ဒုံးပျံယာဉ်ဟာ လေထုထဲမှာပဲ ပေါက်ကွဲပျက်စီးဖွယ်ရှိနေတယ်လို့ ဆိုကြပါတယ်။
 
Astrobotic ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာတော့ ဒုံးပျံယာဉ်ရဲ့ နောက်ဆုံးလမ်းကြောင်းကို အကဲဖြတ် တွက်ချက်နေတယ်လို့ ဆိုထားပြီး၊ အမေရိကန်အစိုးရအေဂျင်စီ၊ အမေရိကန်အာကာသအေဂျင်စီ နာဆာ (NASA) တို့နဲ့ တွဲဖက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
 
လက်ရှိအချိန်မှာတော့ ဒုံးပျံယာဉ်ဟာ ကမ္ဘာနဲ့ မိုင်ပေါင်း ၂၁၈,၀၀၀ ခန့် အကွာအဝေးမှာ တည်ရှိနေပြီး၊ ကမ္ဘာမြေပေါ်သို့ ပျက်ကျလာတော့မှာဖြစ်ပါတယ်။
 
အမေရိကန်အာကာသအေဂျင်စီကြီး NASA ဟာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အဆိုပါ ‘လ’ ဆင်းယာဉ် မစ်ရှင်အတွက် Astrobotic သို့ အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရန်ပုံငွေ ထောက်ပံ့ခဲ့ရပါတယ်။
 
Damien
Ref - forbes