【 နည်းပညာ 】 ဂျပန်နိုင်ငံက သူလျှိုဂြိုဟ်တုကို လွှတ်တင်

【 နည်းပညာ 】 ဂျပန်နိုင်ငံက သူလျှိုဂြိုဟ်တုကို လွှတ်တင်

တိုကျို၊ ဇန်နဝါရီ - ၁၅

ဂျပန်နိုင်ငံက ပြီးခဲ့တဲ့ သောကြာနေ့မှာ သူလျှိုဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

အဆိုပါဂြိုဟ်တုကို ဂျပန်က မြောက်ကိုရီးယားနိုင်ငံနဲ့ သဘာဝဘေးအန္တရာယ်တွေကို စောင့်ကြည့်ဖို့အတွက် ရည်ရွယ်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

အာရှဒေသတွင်း နိုင်ငံအများအပြားက သူလျှိုဂြိုဟ်တုတွေ အပြိုင်အဆိုင် လွှတ်တင်နေချိန်မှာပဲ ဂျပန်က ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ်ကို လွှတ်တင်ခဲ့တာပါ။ H2A အမည်ရ သယ်ဆောင်ဒုံးပျံကို တောင်ပိုင်း Tanegashima ကျွန်းပေါ်ရှိ Tanegashima အာကာသစင်တာကနေ လွှတ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ သူလျှိုဂြိုဟ်တုတွေ အပြိုင်အဆိုင်လွှတ်တင်ပြီးချိန်မှာပဲ ဂျပန် သူလျှိုဂြိုဟ်တု လွှတ်တင်မှု ပေါ်ပေါက်လာတာကလည်း ထူးခြားတဲ့ တိုက်ဆိုင်မှု ဖြစ်လာခဲ့ပါတယ်။

H2A ဒုံးပျံကို ထုတ်လုပ်ဖန်တီးထားတဲ့ Mitsubishi Heavy Industries ရဲ့ ထုတ်ပြန်ချက်မှာတော့ “သယ်ဆောင်ဒုံးပျံယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ပျံသန်းခဲ့ပြီး သူလျှိုဂြိုဟ်တုကို အောင်မြင်စွာ နေရာချ ခွဲထုတ်နိုင်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ယခုလွှတ်တင်လိုက်တဲ့ သူလျှိုဂြိုဟ်တုဟာ ကမ္ဘာရဲ့ မည်သည့်နေရာကိုမဆို ပုံရိပ်တွေ ရိုက်ကူးနိုင်တယ်လို့ ဂျပန်အစိုးရပိုင် သတင်းအေဂျင်စီ NHK က ဖော်ပြထားပါတယ်။

Damien
Ref - UPI