【 နည်းပညာ 】ဖုန်းမော်ဒယ်လ် ၃ မျိုးကို မိတ်ဆက်လိုက်တဲ့ Xiaomi

【 နည်းပညာ 】ဖုန်းမော်ဒယ်လ် ၃ မျိုးကို မိတ်ဆက်လိုက်တဲ့ Xiaomi

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှ နိုင်ငံတကာမိတ်ဆက်ပွဲကို ကျင်းပပြီး ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။
 
Xiaomi ရဲ့ နိုင်ငံတကာမိတ်ဆက်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ စမတ်ဖုန်းများ၊ စမတ်နာရီများနဲ့ ကြိုးမဲ့နားကြပ်တို့ကို မိတ်ဆက်ခဲ့တာ မြင်တွေ့ရပါတယ်။
 
Xiaomi 12 series စမတ်ဖုန်းတွေကတော့ global version အဖြစ် ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတကာစမတ်ဖုန်းဈေးကွက်ကို ဖြန့်ချိဖို့အနေနဲ့ Xiaomi 12X, Xiaomi 12 နဲ့ Xiaomi 12 Pro စမတ်ဖုန်းမော်
ဒယ်လ် ၃ မျိုးကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ Xiaomi 12 Pro မော်ဒယ်လ်ကို အားသွင်းရာမှာ အလွန်တရာမြန်ဆန်မယ့် 120W မြန်နှုန်းမြှင့် အားသွင်းစနစ် ထည့်သွင်းပေးထားပြီး၊ Xiaomi 12 နဲ့ Xiaomi 12X မော်ဒယ်လ်တို့မှာတော့ 67W မြန်နှုန်းမြှင့် အားသွင်းစနစ် ပါဝင်လာမှာဖြစ်ပါတယ်။
 
ဝတ်ဆင်လို့ရတဲ့ စမတ်ထုတ်ကုန်များဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက်တော့ Xiaomi မှ Xiaomi Watch S1 နဲ့ Xiaomi Watch S1 active အမည်ရ စမတ်နာရီထုတ်ကုန်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Xiaomi Watch S1 ကတော့ စမတ်ကျတဲ့ ဇိမ်ခံ စမတ်နာရီအဖြစ် ထုတ်လုပ်ထားတာဖြစ်ပြီး၊ Xiaomi Watch S1 active ကတော့ အားကစားဆန်တဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
 
Xiaomi ကုမ္ပဏီဘက်က ကြိုးမဲ့နားကြပ်တစ်ခုကိုလည်း နိုင်ငံတကာဈေးကွက်မှာ ထည့်သွင်းမိတ်ဆက်ခဲ့ပါသေးတယ်။ ပြင်ပဆူညံသံများကို လျှော့ချပေးတဲ့ နည်းပညာပါဝင်တဲ့ Xiaomi Buds 3T Pro ကို မိတ်ဆက်လိုက်တာဖြစ်ပြီး ဒီဇိုင်းပုံစံက ကျစ်လစ်လှပတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 
 
Damien
 
Ref - GSMArena
 
မတ် - ၁၆