【နိုင်ငံတကာအနုပညာ】တေလာဆွစ်၏ Tortured Poets Department သီချင်း အဓိပ္ပါယ်

【နိုင်ငံတကာအနုပညာ】တေလာဆွစ်၏ Tortured Poets Department သီချင်း အဓိပ္ပါယ်

လော့စ်အိန်ဂျလိစ့်၊ ဧပြီ ၂၀ 
သူ၏စကားအရာဆိုပါက တေလာဆွစ်၏နောက်ဆုံး အယ်လ်ဘမ်ဖြစ်သည့် The Tortured Poets Department သည် သူ့ဘဝ၏ ထုတ်ကုန်ဖြစ်ကြောင်းသိရပါတယ်။ ထိုကိစ္စများထဲမှ အများစုသည် အများ ပြည်သူမြင်ကွင်းရှေ့တွင်ဖြစ်ခဲ့သောဖြစ်ရပ်များဖြစ်ပါတယ်။ 
 
ပရိသတ်များက  သူမ၏ သီချင်းသစ် ၃၁ ပုဒ်ကို နာရီပေါင်းများစွာလေ့လာနေကြပါတယ်။ 
 
ထိုအယ်လ်ဘမ်ကို ထုတ်ဝေပြီး ၂ နာရီကြာသောအခါ တေလာဆွစ်က နောက်ထပ် သီချင်းသစ် ၁၅ ပုဒ်ပါသည့် The Tortured Poets Department: The Anthology ကို ကြေညာခဲ့ပါတယ်။ 
 
ထိုသီချင်းစာသားများသည် ကင်ကာဒက်ရှန်မှ ထရာဗစ်ကဲ့ဆ်အထိ မည်သူ့ကို ရည်ညွန်းသည်ကို မိမိတို့ဘာသာ လေ့လာနိုင်ပါတယ်။ 
 
ထိုသီချင်းများတွင် ဂျိုးအော်လ်ဝင်းနှင့် လမ်းခွဲခြင်း၊ မက်တီဟေလီနှင့် အချစ် ဇာတ်လမ်း၊ ထရာဗစ် ကဲ့လ်နှင့် ဇာတ်လမ်းသစ်၊ ကင်ကာဒက်ရှန်နှင့် ရန်ပွဲ စသည်တို့ကို ရည်ညွန်းထားသည် သီချင်းများ ဖြစ် သည်ဟု လေ့လာသူများပြောပါတယ်။ 
 
စိုးချစ်
 
သတင်းရင်းမြစ် - Sky news