【နည်းပညာ 】‘လ’ ကမ္ဘာပေါ် လူသားတွေ စေလွှတ်ဖို့ ဂျပန် ကြိုးပမ်းလျက်ရှိ

【နည်းပညာ 】‘လ’ ကမ္ဘာပေါ် လူသားတွေ စေလွှတ်ဖို့ ဂျပန် ကြိုးပမ်းလျက်ရှိ

တိုကျို၊ ဧပြီ ၂၀

အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံအကြား သဘောတူညီချက်အရ ဂျပန်အာကာသယာဉ်မှူးတွေဟာ နာ ဆာရဲ့ အာတီမစ် (Artemis) ‘လ’ စူးစမ်းလေ့လာရေးမစ်ရှင်သို့ ပူးပေါင်းပါဝင်တော့မှာဖြစ်တယ်လို့ Space News သတင်းအရ သိရပါတယ်။

အမေရိကန်အာကာသအေဂျင်စီကြီး နာဆာနဲ့ ဂျပန်အာကာသယာဉ်မှူးတွေအကြား ပူးပေါင်း ဆောင် ရွက်မှုဟာ ဂျပန်ကို အမေရိကန်ပြီးနောက် ‘လ’ ကမ္ဘာပေါ် လူသားတွေ ခြေချနိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ် လာစေဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ ဝါရှင်တန်မြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုအတွင်း နာဆာနဲ့ ဂျပန်နိုင်ငံ တို့ဟာ အာတီမစ် ‘လ’ မစ်ရှင်အတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူညီချက်အရ အနာဂတ်မှာ ပြုလုပ်သွားမယ့် အာတီမစ် ‘လ’ မစ်ရှင်မှာ နာဆာဟာ ဂျပန် အာကာသ အေဂျင်စီ (JAXA) မှ အာကာသယဉ်မှူး နှစ်ဦးကို လိုက်ပါခွင့်ပေးမှာဖြစ်သလို၊ ‘လ’ ကမ္ဘာပေါ်ကို လည်း ဂျပန်အာကာသယာဉ်မှူးများ လိုက်ပါခြေချနိုင်မှာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ‘လ’ ပေါ် လူသားတွေ ထပ်မံခြေချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေစဉ် မှာပဲ၊ တစ်ဖက်မှာလည်း အဆက်မပြတ် တိုးတက်နေတဲ့ တရုတ်နိုင်ငံဟာ ‘လ’ ကမ္ဘာပေါ်မှာ နိုင်ငံတကာ အ ခြေစိုက်စခန်းတစ်ခုတည်ဆောက်နိုင်ဖို့ ပြင်ဆင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံတွေကိုလည်း အဆိုပါစီမံကိန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Damien

Ref - spacenews