【နည်းပညာ】လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် သတ္တဝါမျိုးစိတ်အများအပြား မျိုးသုဉ်းအန္တရာယ်ကျရောက်နေ

【နည်းပညာ】လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် သတ္တဝါမျိုးစိတ်အများအပြား မျိုးသုဉ်းအန္တရာယ်ကျရောက်နေ

ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှုတွေ ဆက်လက်ပြင်းထန်လျက်ရှိနေရာမှာ အများစုဟာ လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အဆိုပါရာသီဥတုဖောက်ပြန်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲတွေကို ယခင်ကထက် ပိုမိုခြိမ်းခြောက်လျက်ရှိကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုညီလာခံ (COP28) မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။
အစီရင်ခံစာမှာ ယမန်နှစ်ကထက် သတ္တဝါမျိုးစိတ်သစ် ၂၀၀၀ ခန့်ဟာ မျိုးသုဉ်းအန္တရာယ်ရှိတဲ့ အခြေအနေကို ကျရောက်လာနေတယ်လို့ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို “Red List” ဟု ခေါ်ပြီး၊ အစီရင်ခံစာအတွင်း ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများကို တိုင်းတာထားပြီး၊ မျိုးစိတ်ပေါင်း ၁၅၇,၁၉၀ မှာ ၄၄,၀၁၆ မျိုးဟာ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရတယ်လို့ ပြသထားပါတယ်။လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဇီဝမျိုးကွဲတွေကို ထိခိုက်စေလာတာလည်းဖြစ်ပါတယ်။
“Red List” အစီရင်ခံစာမှာ ငါးမျိုးစိတ်တွေနဲ့ ပင်လယ်လိပ်မျိုးစိတ်တွေဟာ မျိုးသုဉ်းအန္တရာယ် ပိုမိုခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပြီး၊ ဇီဝမျိုးကွဲတွေကို ကယ်တင်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ တိုက် တွန်းထားပါတယ်။
 
Damien
 
Ref - UPI
 
ဒူဘိုင်း၊ ဒီဇင်ဘာ ၁၆