တရုတ်မလေးကိုချစ်တယ် ( ဝေါ်အိုက်နီ) ရုပ်ရှင်ကား အထူးပွဲအဖြစ် ပြသ

တရုတ်မလေးကိုချစ်တယ် ( ဝေါ်အိုက်နီ) ရုပ်ရှင်ကား အထူးပွဲအဖြစ် ပြသ

“တရုတ်မလေးကိုချစ်တယ်- ဝေါ်အိုက်နီ” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီ ၂၈ရက် ည ၇ နာရီခန့်က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲအဖြစ် ပြသခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားမှာ လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ မိုးဒီ၊ ပွင့်၊ အရိုင်း၊ ငှက်ပျောကြော်၊ ဆင်မ၊ ဝါဝါအောင်၊ မျောက်ရှုံး၊ ကျင်ဝှက်၊ အောင်သော် စတဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားလေးက ဟာသကားလေးပါ၊ ပရိသတ်တွေအနေနဲ့ တကယ့်ကို ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်” လို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ခန့်စည်သူ က ပြောပါတယ်။

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည် က “အချစ်ဇာတ်လမ်းလေးနဲ့ ဟာသလေးလုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ၊ တကယ်ပဲရယ်ရမှာပါ၊ ကိုယ်ရိုက်ထားတာ ကိုယ်ပြန်ကြည့်ပြီးတောင် ရယ်ကြရတယ်” လို့ ဆိုပါတယ်။

ရယ်မောတာဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးစေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ကြားမှာ ရယ်ရွှင်ဖွယ်ရာ ဟာသဇာတ်ကားလေးအဖြစ်နဲ့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားလေးဟာ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဝတ္ထု/ဇာတ်ညွှန်း လွမ်းဝေအောင် က ဖန်တီးထားသလို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားပြီး လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အထူးပွဲအဖြစ်ပြဖို့ စီစဉ်ရာမှာလည်း China Town ကို ရောက်သွားသလို အပြင်အဆင်တွေ၊ တက်ရောက်လာတဲ့ သရုပ်ဆောင်တွေ အပါအဝင် တခြားအနုပညာရှင်တွေရဲ့ တရုတ်ရိုးရာ အဝတ်အစားဆင်ယင်မှုတွေနဲ့ ပြသလုပ်ဆောင်ခဲ့ကြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၉

( Zawgyi )

“တ႐ုတ္မေလးကိုခ်စ္တယ္- ေဝၚအိုက္နီ” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇန္နဝါရီ ၂၈ရက္ ည ၇ နာရီခန႔္က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ အထူးပြဲအျဖစ္ ျပသခဲ့ပါတယ္။

အဲ့ဒီဇာတ္ကားမွာ လူမင္း၊ ခန႔္စည္သူ၊ ထြန္းအိျႏၵာဗို၊ ခိုင္သင္းၾကည္၊ မိုးဒီ၊ ပြင့္၊ အ႐ိုင္း၊ ငွက္ေပ်ာေၾကာ္၊ ဆင္မ၊ ဝါဝါေအာင္၊ ေမ်ာက္ရႈံး၊ က်င္ဝွက္၊ ေအာင္ေသာ္ စတဲ့ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာတို႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။

“ဒီဇာတ္ကားေလးက ဟာသကားေလးပါ၊ ပရိသတ္ေတြအေနနဲ႔ တကယ့္ကို ရယ္ေမာေပ်ာ္႐ႊင္ရမယ့္ ဇာတ္ကားေလးလည္း ျဖစ္ပါတယ္” လို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ ခန႔္စည္သူ က ေျပာပါတယ္။

သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ခိုင္သင္းၾကည္ က “အခ်စ္ဇာတ္လမ္းေလးနဲ႔ ဟာသေလးလုပ္ၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားေလးပါ၊ တကယ္ပဲရယ္ရမွာပါ၊ ကိုယ္႐ိုက္ထားတာ ကိုယ္ျပန္ၾကည့္ၿပီးေတာင္ ရယ္ၾကရတယ္” လို႔ ဆိုပါတယ္။

ရယ္ေမာတာဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစတဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ၾကားမွာ ရယ္႐ႊင္ဖြယ္ရာ ဟာသဇာတ္ကားေလးအျဖစ္နဲ႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားေလးဟာ ခသုံးလုံး ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ကာ ဝတၳဳ/ဇာတ္ၫႊန္း လြမ္းေဝေအာင္ က ဖန္တီးထားသလို ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) က ႐ိုက္ကူးထားၿပီး လာမယ့္ ေဖေဖာ္ဝါရီ ၁ ရက္မွာေတာ့ ျမန္မာႏိုင္ငံ တစ္ဝန္းလုံးမွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

အထူးပြဲအျဖစ္ျပဖို႔ စီစဥ္ရာမွာလည္း China Town ကို ေရာက္သြားသလို အျပင္အဆင္ေတြ၊ တက္ေရာက္လာတဲ့ သ႐ုပ္ေဆာင္ေတြ အပါအဝင္ တျခားအႏုပညာရွင္ေတြရဲ႕ တ႐ုတ္႐ိုးရာ အဝတ္အစားဆင္ယင္မႈေတြနဲ႔ ျပသလုပ္ေဆာင္ခဲ့ၾကပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၉