【 ‌ေဗဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးဘစတဲ့ အောင်မြင်လိုသော ကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။စိတ်ရှုပ်စရာတွေ များနေတတ်သလို စိတ်မောလူမောဖြစ်ရတဲ့အခါတွေ ရှိလာတတ်ပါတယ်။အခက်အခဲနဲ့ အနှောင့်အယှက်တွေရှိပေမယ့် သွေးရင်းသားရင်း မိသားစုဝင်တွေ၊မိတ်ဆွေကောင်းတွေ အကူအညီကြောင့် သက်သောင့်သက်သာလုပ်သွားလို့ရတဲ့ အခွင့်အလမ်းရှိနေပါတယ်။လုပ်ငန်းသစ် စတာ၊အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းပါ။စီစဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ သွားဖြစ်အောင်သွားပါ။ရေထွက်ကုန်သမားတွေ၊ ခရီးသွားလုပ်ငန်းလုပ်သူတွေ၊ ရွှေသမားတွေ အလုပ်ကောင်းမယ့်အချိန်ပါ။စပ်တူရှယ်ယာအလုပ်တွေ၊ နိုင်ငံခြားသားနဲ့တွဲလုပ်ရတဲ့ အလုပ်တွေ ဒီရက်ပိုင်း အကျိုးဖြစ်တတ်ပါတယ်။ကျန်းမာရေးကတော့ ညံ့တတ်လို့ သတိထားသင့်ပါတယ်။ပညာသင်နေတဲ့သူ လုပ်ငန်းခွင်ထဲ ပညာတော်သင်မျှော်မှန်းနေတဲ့သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာသင်ကိန်းရှိနေပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်း ပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည်သွားပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး ထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။  
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော တန်းဆွမ်းကြွသည့် သံဃာတော်များကို သကြားသာကူ ကပ်လှူပူဇော်ပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ အိမ်အနီး ဘုရားစေတီရှိ ဗုဒ္ဓဟူးထောင့်တွင် ဒိဝါတပတိဂါထာ သက်စေ့ရွတ်ဆိုပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ရှင်နှစ်ဦး နေ့နံပါသည့်ပန်းကို အိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစောသွားကာ ရင်ပြင်၊စင်္ကြန်လမ်းများကို သန့်ရှင်းပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ ကိုယ်ဝန်ဆောင်များကို ဆေးဝါး ငွေကြေး ထောက်ပံ့ပေးပါ။ 
 
ထီကံကောင်းလိုသူများ ။ ။ မွေးနေ့မွေးရက် နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ ၄ ဂဏန်း အပူးပါသည့် ထီလက်မှတ်ကိုထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးဘစတဲ့ ေအာင္ျမင္လိုေသာ ကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။စိတ္ရႈပ္စရာေတြ မ်ားေနတတ္သလို စိတ္ေမာလူေမာျဖစ္ရတဲ့အခါေတြ ရွိလာတတ္ပါတယ္။အခက္အခဲနဲ႔ အေႏွာင့္အယွက္ေတြရွိေပမယ့္ ေသြးရင္းသားရင္း မိသားစုဝင္ေတြ၊မိတ္ေဆြေကာင္းေတြ အကူအညီေၾကာင့္ သက္ေသာင့္သက္သာလုပ္သြားလို႔ရတဲ့ အခြင့္အလမ္းရွိေနပါတယ္။လုပ္ငန္းသစ္ စတာ၊အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။စီစဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ သြားျဖစ္ေအာင္သြားပါ။ေရထြက္ကုန္သမားေတြ၊ ခရီးသြားလုပ္ငန္းလုပ္သူေတြ၊ ေ႐ႊသမားေတြ အလုပ္ေကာင္းမယ့္အခ်ိန္ပါ။စပ္တူရွယ္ယာအလုပ္ေတြ၊ ႏိုင္ငံျခားသားနဲ႔တြဲလုပ္ရတဲ့ အလုပ္ေတြ ဒီရက္ပိုင္း အက်ိဳးျဖစ္တတ္ပါတယ္။က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သတိထားသင့္ပါတယ္။ပညာသင္ေနတဲ့သူ လုပ္ငန္းခြင္ထဲ ပညာေတာ္သင္ေမွ်ာ္မွန္းေနတဲ့သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာသင္ကိန္းရွိေနပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္း ပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္သြားပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး ထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။  
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ တန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို သၾကားသာကူ ကပ္လႉပူေဇာ္ပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ အိမ္အနီး ဘုရားေစတီရွိ ဗုဒၶဟူးေထာင့္တြင္ ဒိဝါတပတိဂါထာ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ရွင္ႏွစ္ဦး ေန႔နံပါသည့္ပန္းကို အိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြားကာ ရင္ျပင္၊စၾကၤန္လမ္းမ်ားကို သန္႔ရွင္းေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ ကိုယ္ဝန္ေဆာင္မ်ားကို ေဆးဝါး ေငြေၾကး ေထာက္ပံ့ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ ေမြးေန႔ေမြးရက္ နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ ၄ ဂဏန္း အပူးပါသည့္ ထီလက္မွတ္ကိုထိုးပါ။