【 ‌ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ကောင်းပါတယ်။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံမြေကိစ္စတွေလည်း ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတတ်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ငွေကတော့ ဝင်နေသလို ထွက်နေတတ်လို့ စုဖို့တော့ခက်ပါလိမ့်မယ်။ပညာရေးကကောင်းပါတယ်။လုပ်ငန်းခွင်မှာရာထူးဖြေသူတို့ ယခုရက်ပိုင်းအောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေကသင့်အတွက်ကောင်းပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပါတယ်။သမီးရည်းစားများကတော့ သတင်းကောင်းကြားရဖို့ရှိပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။လျှောက်ထားသည့်အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်း ကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ယခုတစ်ပတ်လုံး ဘုရားအားရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းများ ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၂/၇/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ေကာင္းပါတယ္။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမကိစၥေတြလည္း ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတတ္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္းတက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ေငြကေတာ့ ဝင္ေနသလို ထြက္ေနတတ္လို႔ စုဖို႔ေတာ့ခက္ပါလိမ့္မယ္။ပညာေရးကေကာင္းပါတယ္။လုပ္ငန္းခြင္မွာရာထူးေျဖသူတို႔ ယခုရက္ပိုင္းေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြကသင့္အတြက္ေကာင္းပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိပါတယ္။သမီးရည္းစားမ်ားကေတာ့ သတင္းေကာင္းၾကားရဖို႔ရွိပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္း ကို ပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ယခုတစ္ပတ္လုံး ဘုရားအားေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၂/၇/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။