【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း အနှစ်နှစ်အလလက စိတ်ကူးထားတဲ့အိပ်မက်တွေ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်း တိတိကျကျ စည်းကမ်းလိုက်နာခဲ့သူတွေအတွက်ကတော့ ရွှေပါဘဲ။လုပ်ငန်းသစ်လုပ်ကိုင်လိုသူ စွန့်ဦးတီထွင်တာဝါသနာပါသူတွေအတွက်ကတော့ လိုအပ်တဲ့အရင်းအနှီးတွေ ချေးငှားလွယ်တဲ့ကာလပါ။ဒီတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေကို တနင်္လာ သားသမီးများနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။အရောင်းအဝယ်တွေကောင်းပေမဲ့ အကြွေးကျတာမျိုးတွေဖြစ်ရတတ်သလို ငွေကြပ်တတ်ပါတယ်။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့ အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေ ရှိပါတယ်။ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပါပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်းရှိပါတယ်။မကောင်းတဲ့ ကံတွေပယ်စေဖို့ ဘုရားကိုရေသပ္ပယ်ပေးတာ ကောင်းပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့ ံ တဟိ့ ံ ဂါထာကို သက်စေ့ရွက်ဖတ်ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၁/၃/၈ ဂဏန်းကို များများပါအောင်ထိုးပါ။

( Zawgyi )

ဒီရက္အတြင္း အႏွစ္ႏွစ္အလလက စိတ္ကူးထားတဲ့အိပ္မက္ေတြ စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။လုပ္ငန္းခြင္အတြင္း တိတိက်က် စည္းကမ္းလိုက္နာခဲ့သူေတြအတြက္ကေတာ့ ေ႐ႊပါဘဲ။လုပ္ငန္းသစ္လုပ္ကိုင္လိုသူ စြန႔္ဦးတီထြင္တာဝါသနာပါသူေတြအတြက္ကေတာ့ လိုအပ္တဲ့အရင္းအႏွီးေတြ ေခ်းငွားလြယ္တဲ့ကာလပါ။ဒီတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြကို တနလၤာ သားသမီးမ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။အေရာင္းအဝယ္ေတြေကာင္းေပမဲ့ အေႂကြးက်တာမ်ိဳးေတြျဖစ္ရတတ္သလို ေငြၾကပ္တတ္ပါတယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔ အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္တတ္ရတတ္သလို လူရင္းက သစၥာေဖာက္တတ္ပါတယ္။သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြ ရွိပါတယ္။ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာပါေပမယ့္ ခ်စ္သူမ်ားအၾကား ၾကားလူဝင္ကိန္းရွိပါတယ္။မေကာင္းတဲ့ ကံေတြပယ္ေစဖို႔ ဘုရားကိုေရသပၸယ္ေပးတာ ေကာင္းပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့ ံ တဟိ့ ံ ဂါထာကို သက္ေစ့႐ြက္ဖတ္ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၁/၃/၈ ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။