【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်အတွင်း သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက ကြာသပတေး သားသမီးတွေပါ။လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာ များနေတတ်ပါတယ်။တစ်ခါတစ်လေ အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပါတယ်။စိတ်တိုင်းမကျတာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ပေါ်လာတတ်သလို သူများကိစ္စနဲ့ ကိုယ့်ကိုအထင်လွဲတာတွေလည်း ရှိတတ်ပါတယ်။ဒီကာလမှာ အရာရာကို သည်းခံနှိမ့်ချ ဆက်ဆံတတ်ခြင်းက သင့်ကို လိုရာရည်မှန်းချက်ဆီ အရောက်ပို့ပါလိမ့်မည်။စိတ်အေးအေးထားပြီးလုပ်ကိုင်ရင် အားလုံးအဆင်ပြေသွားမှာပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။လျှပ်စစ်ပစ္စည်းလုပ်ငန်းတွေ၊ ကုန်ခြောက်ရောင်းဝယ်သူတွေ အကျိုးဖြစ်နိုင်ပြီး အိမ်ခြံမြေသမားတွေ၊ ကားသမားတွေ သတိထားရမယ့်ကာလပါ။စပ်တူအလုပ်တွေ၊ အစုရှယ်ယာသမားတွေ ဘာမှမလုပ်ပါနဲ့ဦး။အဆုံးအရှုံးရှိတတ်ပါတယ်။ငွေဝင်များပေမယ့် လုပ်ငန်းတွေထဲပြန်ဝင်သွားလို့ ငွေကျပ်တည်းတတ်ပါတယ်။ကျန်းမာရေးက အစားမှားတာ၊ ဆေးမှားတာတွေ ဖြစ်တတ်တာကလွဲလို့မရှိပါဘူး။ပြည်ပထွက် ပညာသင်ရန်စီစဉ်နေသူများ ယခုရက်ပိုင်းသွားရကိန်းရှိပါတယ်။အိမ်ထောင်ရှင်နဲ့ ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ ရှိနေတတ်ပေမယ့် ခဏတာယာယီပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ညတိုင်း စပယ်ပန်းကပ်လှူကာ ရှင်သီဝလီဂါထာ ၉ ခေါက်ရွတ်ဆို၍ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်သို့ ဆွမ်းခံကြွလာသည့် ရဟန်းသံဃာများအား ထီးဖိနပ်တစ်မျိုးမျိုး လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ အင်္ဂါထောင့်အရပ်တွင် သန့်ရှင်းရေးလုပ်ပြီး မီးပူဇော်ကာ ပဋ္ဌာန်းနှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိရည်ရွယ်သောသူအတွက် ဘုရားတွင် ထိုသူမွေးနေ့တွင် ရွှေသင်္ကန်းကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းသွားသည့်အခါတိုင်း သံမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပြီးမှ အိမ်မှထွက်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ခို၊ ကျီး စသော သတ္တဝါများကို သီးသန့်အစာကျွေးပေးပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားစဉ်တွေ့သည့် ထီဆိုင်တွင် အင်္ဂါနံအက္ခရာဖြင့်စသည့် ၃ /၅ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။
( Zawgyi )
ယခုရက္အတြင္း သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ၾကာသပေတး သားသမီးေတြပါ။လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာ မ်ားေနတတ္ပါတယ္။တစ္ခါတစ္ေလ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေနတတ္ပါတယ္။စိတ္တိုင္းမက်တာ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ေပၚလာတတ္သလို သူမ်ားကိစၥနဲ႔ ကိုယ့္ကိုအထင္လြဲတာေတြလည္း ရွိတတ္ပါတယ္။ဒီကာလမွာ အရာရာကို သည္းခံႏွိမ့္ခ် ဆက္ဆံတတ္ျခင္းက သင့္ကို လိုရာရည္မွန္းခ်က္ဆီ အေရာက္ပို႔ပါလိမ့္မည္။စိတ္ေအးေအးထားၿပီးလုပ္ကိုင္ရင္ အားလုံးအဆင္ေျပသြားမွာပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။လွ်ပ္စစ္ပစၥည္းလုပ္ငန္းေတြ၊ ကုန္ေျခာက္ေရာင္းဝယ္သူေတြ အက်ိဳးျဖစ္ႏိုင္ၿပီး အိမ္ၿခံေျမသမားေတြ၊ ကားသမားေတြ သတိထားရမယ့္ကာလပါ။စပ္တူအလုပ္ေတြ၊ အစုရွယ္ယာသမားေတြ ဘာမွမလုပ္ပါနဲ႔ဦး။အဆုံးအရႈံးရွိတတ္ပါတယ္။ေငြဝင္မ်ားေပမယ့္ လုပ္ငန္းေတြထဲျပန္ဝင္သြားလို႔ ေငြက်ပ္တည္းတတ္ပါတယ္။က်န္းမာေရးက အစားမွားတာ၊ ေဆးမွားတာေတြ ျဖစ္တတ္တာကလြဲလို႔မရွိပါဘူး။ျပည္ပထြက္ ပညာသင္ရန္စီစဥ္ေနသူမ်ား ယခုရက္ပိုင္းသြားရကိန္းရွိပါတယ္။အိမ္ေထာင္ရွင္နဲ႔ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြ ရွိေနတတ္ေပမယ့္ ခဏတာယာယီပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ညတိုင္း စပယ္ပန္းကပ္လႉကာ ရွင္သီဝလီဂါထာ ၉ ေခါက္႐ြတ္ဆို၍ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္သို႔ ဆြမ္းခံႂကြလာသည့္ ရဟန္းသံဃာမ်ားအား ထီးဖိနပ္တစ္မ်ိဳးမ်ိဳး လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီရွိ အဂၤါေထာင့္အရပ္တြင္ သန႔္ရွင္းေရးလုပ္ၿပီး မီးပူေဇာ္ကာ ပ႒ာန္းႏွင့္ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိရည္႐ြယ္ေသာသူအတြက္ ဘုရားတြင္ ထိုသူေမြးေန႔တြင္ ေ႐ႊသကၤန္းကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းသြားသည့္အခါတိုင္း သံမၺဳေဒၶဂါထာကို ႐ြတ္ဆိုၿပီးမွ အိမ္မွထြက္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ခို၊ က်ီး စေသာ သတၱဝါမ်ားကို သီးသန႔္အစာေကြၽးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားစဥ္ေတြ႕သည့္ ထီဆိုင္တြင္ အဂၤါနံအကၡရာျဖင့္စသည့္ ၃ /၅ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။