【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဘာမဆို စိတ်ရှည်သင့်တဲ့ကာလဖြစ်နေပြီး စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေနဲ့ ဒီကာလမှာ အလွဲလွဲအချော်ချော်ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် ပြည်တွင်းခရီးစဉ်တွေ၊ နိုင်ငံခြားခရီးတွေ ဒီကာလမှာပေါ်တတ်ပါတယ်။သွားဖြစ်အောင်သွားပါ။ဒီရက်ပိုင်းအတွင်း လုပ်ငန်းချဲ့တာတွေ စပ်တူရှယ်ယာလုပ်ငန်းတွေ၊ အိမ်ခြံမြေစာချုပ်ချုပ်တာတွေ၊ လျှပ်စစ်လုပ်ငန်းတွေ ကောင်းပါတယ်။ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ တိုင်ပင်သင့်တဲ့ နေ့နံသမားတွေပါ။ပညာရေးကတော့  သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေတက်ဖို့ အခွင့်အရေးပေါ်တတ်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့  အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။သမီးရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကို ရောက်နေပါတယ်။ကျန်းမာရေးမှာ အစာအိမ်နဲ့ ဆီး ဒုက္ခပေးနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သကြားယာဂုဆွမ်း ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အိမ်ရှေ့ ဆွမ်းဆန်ကြွလာသည့် သီလရှင်ဆရာလေးအတွက် ဖိနပ် (သို့မဟုတ်) ထီး တစ်ခုခုဒါနပြုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများ၏ သောကြာထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ယခုရက်ပိုင်းအတွင်း အနက်ရောင်ဝတ်ဆင်ခြင်းကို ရှောင်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ လမ်းထဲအလှူဒါနပြုခြင်းများတွင် နိုင်သလောက်လှူဒါန်းပေးခြင်းများ ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြုံရာထီဆိုင်တွင် ၃ /၇ စသည့် ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရှာထိုးပါ။
( Zawgyi )
ဘာမဆို စိတ္ရွည္သင့္တဲ့ကာလျဖစ္ေနၿပီး စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြနဲ႔ ဒီကာလမွာ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတတ္ပါတယ္။ဒါေပမယ့္ ျပည္တြင္းခရီးစဥ္ေတြ၊ ႏိုင္ငံျခားခရီးေတြ ဒီကာလမွာေပၚတတ္ပါတယ္။သြားျဖစ္ေအာင္သြားပါ။ဒီရက္ပိုင္းအတြင္း လုပ္ငန္းခ်ဲ႕တာေတြ စပ္တူရွယ္ယာလုပ္ငန္းေတြ၊ အိမ္ၿခံေျမစာခ်ဳပ္ခ်ဳပ္တာေတြ၊ လွ်ပ္စစ္လုပ္ငန္းေတြ ေကာင္းပါတယ္။ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ တိုင္ပင္သင့္တဲ့ ေန႔နံသမားေတြပါ။ပညာေရးကေတာ့  သင္တက္ခ်င္တဲ့ သင္တန္းေတြ ေက်ာင္းေတြတက္ဖို႔ အခြင့္အေရးေပၚတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့  အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။သမီးရည္းစားမ်ားကေတာ့ ဆုံးျဖတ္ရခက္တဲ့ အခ်ိန္ကာလတစ္ခုကို ေရာက္ေနပါတယ္။က်န္းမာေရးမွာ အစာအိမ္နဲ႔ ဆီး ဒုကၡေပးေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သၾကားယာဂုဆြမ္း ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အိမ္ေရွ႕ ဆြမ္းဆန္ႂကြလာသည့္ သီလရွင္ဆရာေလးအတြက္ ဖိနပ္ (သို႔မဟုတ္) ထီး တစ္ခုခုဒါနျပဳေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ား၏ ေသာၾကာေထာင့္တြင္ အဓိ႒ာန္ပုတီးစိပ္ကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ယခုရက္ပိုင္းအတြင္း အနက္ေရာင္ဝတ္ဆင္ျခင္းကို ေရွာင္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းျခင္းက သင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္လႉျခင္း၊ လမ္းထဲအလႉဒါနျပဳျခင္းမ်ားတြင္ ႏိုင္သေလာက္လႉဒါန္းေပးျခင္းမ်ား ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာထီဆိုင္တြင္ ၃ /၇ စသည့္ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုရွာထိုးပါ။