ယခုရက်ပိုင်းအတွင်း ပြဿနာတွေများနေတတ်လို့ သင်စိတ်ရှုပ်ရတဲ့ အချိန်အခါပါ။လုပ်ငန်းသစ်တွေ စတာ၊ နေရာပြောင်းတာတွေ ကောင်းပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။မထင်မှတ်ဘဲ ခရီးသွားဖို့ပေါ်တတ်သလို အထစ်အငေါ့ဖြစ်တာတွေ ဖြစ်တတ်ပေမယ့် သွားဖြစ်ရင် အခြေအနေကောင်းတွေ
ဖြစ်ထွန်းလာနိုင်ပါတယ်။အခုချိန်က ခရီးသွားလုပ်ငန်းရှင်တွေ အချိန်ကောင်းများ ကြုံရတတ်တဲ့အချိန်မို့ လုပ်ငန်းချဲ့သင့်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့လုပ်ရတဲ့ လုပ်ငန်းတွေ ကောင်းနေသလို ငွေဝင်ကောင်းပြီး ငွေထွက်လည်းကောင်းနေပါတယ်။ ကျန်းမာရေးကတော့ အစားစားချိန်မမှန်တာကို ဂရုစိုက်သင့်ပါတယ်။ပညာကံကောင်းပြီး လုပ်ငန်းခွင့်အတွင်း ရာထူးတိုးကိန်းရှိပါတယ်။အိမ်ထောင်ရှင်များ ထင်သလောက် ချစ်ခရီးလမ်းပေါက်နေပေမယ့် ချစ်သူတွေကတော့ ဆုံးဖြတ်ရခက်တဲ့ ကာလပါဘဲ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ဘုရားအား တစ်လလုံး ငွေပန်းပါဝင်သည့် ပန်းပေါင်းစုံဖြင့်ပူဇော်ကာ လိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစောထကာ သံဃာများကို အာရုံဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် အောင်သပြေ ၉ ညွှန့် ကပ်လှူကာ မိမိလျှောက်ထားသည့်အလုပ်အား အာရုံပြုဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက်တိုင်းစိတ်ကောင်းမွေးကာ မေတ္တာသုတ် ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နေ့စဉ် အရဟံဂုဏ်တော်ကို သတိရတိုင်းရွတ်ဆိုပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံးသင်္ကန်းကပ်လှူပေးပါ။
ထီကံကောင်းလိုသူများ ။ ။ သွားရင်းလာရင်း တွေ့သည့်ထီဆိုင်တွင် ၁၊ ၃ ဂဏန်းပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း ျပႆနာေတြမ်ားေနတတ္လို႔ သင္စိတ္ရႈပ္ရတဲ့ အခ်ိန္အခါပါ။လုပ္ငန္းသစ္ေတြ စတာ၊ ေနရာေျပာင္းတာေတြ ေကာင္းပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။မထင္မွတ္ဘဲ ခရီးသြားဖို႔ေပၚတတ္သလိုအထစ္အေငါ့ျဖစ္တာေတြ ျဖစ္တတ္ေပမယ့္ သြားျဖစ္ရင္ အေျခအေနေကာင္းေတြ
ျဖစ္ထြန္းလာႏိုင္ပါတယ္။အခုခ်ိန္က ခရီးသြားလုပ္ငန္းရွင္ေတြ အခ်ိန္ေကာင္းမ်ား ႀကဳံရတတ္တဲ့အခ်ိန္မို႔ လုပ္ငန္းခ်ဲ႕သင့္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔လုပ္ရတဲ့ လုပ္ငန္းေတြ ေကာင္းေနသလို ေငြဝင္ေကာင္းၿပီးေငြထြက္လည္းေကာင္းေနပါတယ္။ က်န္းမာေရးကေတာ့ အစားစားခ်ိန္မမွန္တာကို ဂ႐ုစိုက္သင့္ပါတယ္။ပညာကံေကာင္းၿပီး လုပ္ငန္းခြင့္အတြင္း ရာထူးတိုးကိန္းရွိပါတယ္။အိမ္ေထာင္ရွင္မ်ား ထင္သေလာက္ ခ်စ္ခရီးလမ္းေပါက္ေနေပမယ့္ ခ်စ္သူေတြကေတာ့ ဆုံးျဖတ္ရခက္တဲ့ ကာလပါဘဲ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ဘုရားအား တစ္လလုံး ေငြပန္းပါဝင္သည့္ ပန္းေပါင္းစုံျဖင့္ ပူေဇာ္ကာ လိုရာဆုေတာင္းပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာထကာ သံဃာမ်ားကို အာ႐ုံဆြမ္းေလာင္းပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉကာ မိမိေလွ်ာက္ထားသည့္အလုပ္အား အာ႐ုံျပဳဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိုးလင္းႏွင့္ မိုးခ်ဳပ္ (သို႔မဟုတ္) အျပင္ထြက္တိုင္းစိတ္ေကာင္းေမြးကာ ေမတၱာသုတ္ ႐ြတ္ဆိုေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေန႔စဥ္ အရဟံဂုဏ္ေတာ္ကို သတိရတိုင္း႐ြတ္ဆိုပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ထုံးသကၤန္းကပ္လႉေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သြားရင္းလာရင္း ေတြ႕သည့္ထီဆိုင္တြင္ ၁၊ ၃ ဂဏန္းပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။