【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဘက်ဘက်က အခြေအနေကောင်းတွေကြုံရတတ်တဲ့ ယခုတစ်ပတ်မှာ သင့်အတွက် လုပ်လက်စလုပ်ငန်းတွေအပြင် အခြားစီစဉ်ထားတဲ့အလုပ်တွေကိုပါ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကံကတော့ ဘာသာရေးလုပ်သလောက် ငွေကံကောင်းနေလို့ ဒါကိုတော့ သတိထားပြီးလုပ်ရမှာဖြစ်ပါတယ်။ယခုကာလအတွင်း ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခဏခရီးထွက်ရကိန်းရှိပါတယ်။အိမ်မြေ စတဲ့ ယခင်ကစီစဉ်ထားတဲ့ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်ပါတယ်။စပ်တူအလုပ်တွေကောင်းပါတယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲကောင်းပါတယ်။ပညာသင်နေတဲ့သူတွေကတော့ ပညာရေးကတော့ ငယ်ရွယ်သူများစိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းကြားရကိန်းရှိပြီး ငယ်ရွယ်သူများကတော့ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာကောင်းပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ငွေပန်း ၉ ပွင့် ဘုရားကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကိုရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၂/၃ ဂဏန်း ထီလက်မှတ်ကိုတွေ့ပါက ယူလိုက်ပါ။

( Zawgyi )

အဘက္ဘက္က အေျခအေနေကာင္းေတြႀကဳံရတတ္တဲ့ ယခုတစ္ပတ္မွာ သင့္အတြက္ လုပ္လက္စလုပ္ငန္းေတြအျပင္ အျခားစီစဥ္ထားတဲ့အလုပ္ေတြကိုပါ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကံကေတာ့ ဘာသာေရးလုပ္သေလာက္ ေငြကံေကာင္းေနလို႔ ဒါကိုေတာ့ သတိထားၿပီးလုပ္ရမွာျဖစ္ပါတယ္။ယခုကာလအတြင္း ရပ္ေဝးမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အကူအညီရတတ္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခဏခရီးထြက္ရကိန္းရွိပါတယ္။အိမ္ေျမ စတဲ့ ယခင္ကစီစဥ္ထားတဲ့ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္ပါတယ္။စပ္တူအလုပ္ေတြေကာင္းပါတယ္။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြကေတာ့ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ားစိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းၾကားရကိန္းရွိၿပီး ငယ္႐ြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလမို႔ ေဝးေနတာေကာင္းပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ေငြပန္း ၉ ပြင့္ ဘုရားကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကိုရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၃ ဂဏန္း ထီလက္မွတ္ကိုေတြ႕ပါက ယူလိုက္ပါ။