【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း လုပ်ကိုင်ကြံစည်သမျှတွေ အလွဲလွဲချော်ချော်ဖြစ်ရတတ်သလို အောက်လက်ငယ်သား သားသမီးကြောင့် စိတ်ညစ်စရာကြုံရတတ်ပါတယ်။
ပညာရေး၊ ဘာသာရေး ငွေကံတွေ ကောင်းနေတတ်ပါတယ်။ရှောင်သင့်တာက သူများအိမ်တွင်းအပူတွေ ကိုယ့်နားလာပြောရင် ရှောင်ထွက်သွားပါ။လူမှုရေးအတိုက်အခိုက်တွေပေါ်တတ်လို့ နှုတ်ချိုဖို့လိုပါတယ်။လူမျိုးခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ရသောကိစ္စများမှာ အမှားအယွင်းပြဿနာကြုံရနိုင်သလို အိမ်ဝယ်မြေလုပ်ငန်းတွေမှာလည်း အောင်မြင်မှုမရနိုင်သေးပါဘူး။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ်စာတမ်းတွေလှူဒါန်းပေးပါ။ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာဝေးရမယ့်ကိန်း ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စံပယ်ပန်းကပ်လှူကာ အရဟံပုတီးစိပ်၍ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို နေ့စဉ်ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ရွှေရောင်ပစ္စည်းအဟောင်းအပျက်များရှိပါက မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် အင်္ဂါထောင့်အရပ်ရှိ ထီဆိုင်တွင် ၄ အပူးဂဏန်းကို ရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း လုပ္ကိုင္ႀကံစည္သမွ်ေတြ အလြဲလြဲေခ်ာ္ေခ်ာ္ျဖစ္ရတတ္သလို ေအာက္လက္ငယ္သား သားသမီးေၾကာင့္ စိတ္ညစ္စရာႀကဳံရတတ္ပါတယ္။
ပညာေရး၊ ဘာသာေရး ေငြကံေတြ ေကာင္းေနတတ္ပါတယ္။ေရွာင္သင့္တာက သူမ်ားအိမ္တြင္းအပူေတြ ကိုယ့္နားလာေျပာရင္ ေရွာင္ထြက္သြားပါ။လူမႈေရးအတိုက္အခိုက္ေတြေပၚတတ္လို႔ ႏႈတ္ခ်ိဳဖို႔လိုပါတယ္။လူမ်ိဳးျခားေတြနဲ႔ ဆက္စပ္လုပ္ကိုင္ရေသာကိစၥမ်ားမွာ အမွားအယြင္းျပႆနာႀကဳံရႏိုင္သလို အိမ္ဝယ္ေျမလုပ္ငန္းေတြမွာလည္း ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြကို စာအုပ္စာတမ္းေတြလႉဒါန္းေပးပါ။ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြကေတာ့ တခဏတာေဝးရမယ့္ကိန္း ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စံပယ္ပန္းကပ္လႉကာ အရဟံပုတီးစိပ္၍ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ေန႔စဥ္႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္း႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ေ႐ႊေရာင္ပစၥည္းအေဟာင္းအပ်က္မ်ားရွိပါက မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္ႏွင့္အနီးဆုံးေစတီတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ အဂၤါေထာင့္အရပ္ရွိ ထီဆိုင္တြင္ ၄ အပူးဂဏန္းကို ရွာထိုးေပးပါ။