【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း စိတ်တိုင်းမကျစရာတွေများနေသလို စိတ်က ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုနဲ့ ဗျာများနေတတ်ပါတယ်။ဘာလုပ်လုပ် အလွဲလေးတွေဖြစ်တတ်ပြီး ခရီးသွားဖို့စီစဉ်ထားရင်တောင် မထင်မှတ်ဘဲ အထစ်အငေါ့ဖြစ်ရတဲ့ အချိန်ကာလပါ။ဒါပေမယ့် ခရီးသွား လုပ်ငန်းလုပ်ကိုင်သူတွေအတွက် လုပ်ငန်း ကောင်း၊ အချိန်ကောင်း ကြုံရမယ့်အချိန်ပါ။ဒီရက်တွေမှာ အဝေးကမိတ်ဆွေကောင်းတွေ နိုင်ငံရပ်ခြားက အကူအညီတွေရတတ်ပါတယ်။မိသားစုနဲ့ မိတ်ကောင်းဆွေကောင်းတွေ စောင့်ရှောက်မှုရတတ်ပါတယ်။ဆိုင်သစ်၊လုပ်ငန်းသစ်ကိစ္စတွေ အောင်မြင်တတ်သလို နိုင်ငံခြားကအကူအညီရတတ်တဲ့ အချိန်ကာလပါ။ဒီအချိန်မှာ စပ်တူကိစ္စတွေ၊ စာချုပ်နဲ့လုပ်ရတဲ့ လုပ်ငန်းတွေ၊ လူမျိုးခြားနဲ့တွဲလုပ်တဲ့အလုပ်တွေ ကောင်းပါတယ်။ကျန်းမာရေးကတော့ ခါး၊ ဝမ်း၊ အစာအိမ် ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေသလို နဂိုကရည်ရွယ်ထားတဲ့ ပညာသင်ခွင့်တွေရတတ်ပါတယ်။အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေ ကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက်ကို ဘုရားရှိခိုးတိုင်း အာရုံပြု၍ ယုံယုံကြည်ကြည်ရွတ်ဆိုပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသောအရပ်ထောင့်ရှိ နေထိုင်သူ သက်ကြီးရွယ်အိုကို နေရာထိုင်ခင်းတစ်ခုခုလှူဒါန်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အချစ်ရေးအဆင်မပြေပါက ရေသတ္တဝါအရုပ်ပါသည့် အဆောင်၊ ရင်ထိုးကို ဆောင်ထားပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။ 
 
ထီကံကောင်းလိုသူများ ။     ။ သောကြာနံထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသော ထီကို ထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း စိတ္တိုင္းမက်စရာေတြမ်ားေနသလို စိတ္က ဟိုဟာလုပ္ရမလိုလို ဒီဟာလုပ္ရမလိုလိုနဲ႔ ဗ်ာမ်ားေနတတ္ပါတယ္။ဘာလုပ္လုပ္ အလြဲေလးေတြျဖစ္တတ္ၿပီး ခရီးသြားဖို႔စီစဥ္ထားရင္ေတာင္ မထင္မွတ္ဘဲ အထစ္အေငါ့ျဖစ္ရတဲ့ အခ်ိန္ကာလပါ။ဒါေပမယ့္ ခရီးသြား လုပ္ငန္းလုပ္ကိုင္သူေတြအတြက္ လုပ္ငန္း ေကာင္း၊ အခ်ိန္ေကာင္း ႀကဳံရမယ့္အခ်ိန္ပါ။ဒီရက္ေတြမွာ အေဝးကမိတ္ေဆြေကာင္းေတြ ႏိုင္ငံရပ္ျခားက အကူအညီေတြရတတ္ပါတယ္။မိသားစုနဲ႔ မိတ္ေကာင္းေဆြေကာင္းေတြ ေစာင့္ေရွာက္မႈရတတ္ပါတယ္။ဆိုင္သစ္၊လုပ္ငန္းသစ္ကိစၥေတြ ေအာင္ျမင္တတ္သလို ႏိုင္ငံျခားကအကူအညီရတတ္တဲ့ အခ်ိန္ကာလပါ။ဒီအခ်ိန္မွာ စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔လုပ္ရတဲ့ လုပ္ငန္းေတြ၊ လူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့အလုပ္ေတြ ေကာင္းပါတယ္။က်န္းမာေရးကေတာ့ ခါး၊ ဝမ္း၊ အစာအိမ္ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုကရည္႐ြယ္ထားတဲ့ ပညာသင္ခြင့္ေတြရတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြ ေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ကို ဘုရားရွိခိုးတိုင္း အာ႐ုံျပဳ၍ ယုံယုံၾကည္ၾကည္႐ြတ္ဆိုပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုေသာအရပ္ေထာင့္ရွိ ေနထိုင္သူ သက္ႀကီး႐ြယ္အိုကို ေနရာထိုင္ခင္းတစ္ခုခုလႉဒါန္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္တြင္ ထားအိပ္ပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခ်စ္ေရးအဆင္မေျပပါက ေရသတၱဝါအ႐ုပ္ပါသည့္ အေဆာင္၊ ရင္ထိုးကို ေဆာင္ထားေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာနံထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။