【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း ငွေကံတွေကောင်းနေတတ်ပေမယ့် ဘာသာရေးတွဲလုပ်ဖို့ လိုပါတယ်။ဘုရားဖူးခရီးကောင်းများ ကြုံရတတ်တဲ့အချိန်ပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်တွေမှာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့လုပ်ရတဲ့ လုပ်ငန်းတွေ သတိထားရပါမယ်။ဒီကာလမှာ လုပ်သမျှအောင်မြင်တတ်ပေမယ့် အတိုက်အခံကလည်း အတူပါလာတတ်တာမို့ အနီးကပ်ဆုံး မထင်မှတ်တဲ့သူက ဒုက္ခပေးတတ်ပါတယ်။ကိုယ့်အောက်က ဝန်ထမ်းကိစ္စတွေ ဘာကိစ္စမဆို အထစ်အငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကို သောက်တော်ရေချမ်းကပ်ပါ။လုပ်ငန်းခွင်အတွင်း စိတ်ပန်းကိုယ်ပန်းဖြစ်တတ်ပါတယ်။ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့် စတဲ့ လေရောဂါတွေ၊ ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ အဆင်မပြေဖြစ်တတ်ပေမယ့် ချစ်သူတွေကတော့ သတင်းကောင်းကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားစေတီများတွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်း၊ ဇော်ကျားပန်းကို စပါယ်ပန်းနှင့် ရောထိုးပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားလိုသော အရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ နေရာထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် ကိုယ်လျှောက်ထားသည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အချစ်ရေးအဆင်မပြေပါက တနင်္လာနံသတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။  

လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကို ဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းနှင့်ချောင်းအကူးများတွင် တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၃ ဂဏန်းများ များပါသည့် ထီကိုရှာထိုးပေးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း ေငြကံေတြေကာင္းေနတတ္ေပမယ့္ ဘာသာေရးတြဲလုပ္ဖို႔ လိုပါတယ္။ဘုရားဖူးခရီးေကာင္းမ်ား ႀကဳံရတတ္တဲ့အခ်ိန္ပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ေတြမွာ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔လုပ္ရတဲ့ လုပ္ငန္းေတြ သတိထားရပါမယ္။ဒီကာလမွာ လုပ္သမွ်ေအာင္ျမင္တတ္ေပမယ့္ အတိုက္အခံကလည္း အတူပါလာတတ္တာမို႔ အနီးကပ္ဆုံး မထင္မွတ္တဲ့သူက ဒုကၡေပးတတ္ပါတယ္။ကိုယ့္ေအာက္က ဝန္ထမ္းကိစၥေတြ ဘာကိစၥမဆို အထစ္အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကို ေသာက္ေတာ္ေရခ်မ္းကပ္ပါ။လုပ္ငန္းခြင္အတြင္း စိတ္ပန္းကိုယ္ပန္းျဖစ္တတ္ပါတယ္။က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္ စတဲ့ ေလေရာဂါေတြ၊ ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ အဆင္မေျပျဖစ္တတ္ေပမယ့္ ခ်စ္သူေတြကေတာ့ သတင္းေကာင္းၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္း၊ ေဇာ္က်ားပန္းကို စပါယ္ပန္းႏွင့္ ေရာထိုးေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားလိုေသာ အရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ေနရာထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ အဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ထားသည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခ်စ္ေရးအဆင္မေျပပါက တနလၤာနံသတၱဝါမ်ားကို ကိုယ့္လက္ႏွင့္ကိုင္ကာ အစာေကြၽးေပးပါ။  

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကို ဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းႏွင့္ေခ်ာင္းအကူးမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၃ ဂဏန္းမ်ား မ်ားပါသည့္ ထီကိုရွာထိုးေပးပါ။