【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းအလုပ်များနေသလို ဘာကိစ္စမဆိုမပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ သင့်စိတ်ပျက် နေတတ်ပါလိမ့်မယ်။ စိတ်ကအတွေးများပြီး ဆုံးဖြတ်ရခက်တတ်တဲ့အတွက် ဘာကိစ္စပေါ်ပေါ် ခေါင်းကိုအေး အေးထားပြီးဆုံးဖြတ်ရမယ့် အချိန်ကာလပါ။ ငွေကြေးကံနည်းနည်းညံနေပေမယ့် စိတ်မောလူမောဖြစ် နေရ တဲ့အတွက်ကျန်းမာရေးပါ ညံနေတတ်ပါတယ်။ ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာသားသမီးတွေနဲ့  တိုင်ပင်ဆောင် ရွက်ပါ။ အခုချိန်မှာလူမျိုးခြားနဲ့တွဲလုပ်တဲ့ အလုပ်တွေအောင်မြင်မှုရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်းအောင်မြင်တဲ့ကာလပါ။တနင်္ဂနွေနံပစ္စည်းတွေ ဝင်တတ်သလို အလုပ်တွေလည်း အောင်မြင် တတ် ပါတယ်။ပညာရေးကိစ္စမှာတော့ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးက တော့ ထိခိုက်ဒဏ်ရာရတာတွေ၊  နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ပြန်ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလို ငယ်ရွယ်သူတွေကတော့  ကြားလူကြောင့် အနှာင့်အယှက်ဖြစ် မယ့်ကာလပါ။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။       ။ ဘုရားအားသီကုံးထားသည့် ခရေပန်းကုံးဖြစ်စေ၊ ခရေပန်း ကိုပန်းကန်ဖြင့်ထည့်ကာဖြစ်စေကပ်လှူကာရှင်သီဝလီဂါထာကိုသက်စေ့ရွတ်ဆိုပေးပါ။ 
 
ပြည်ပထွက်ခွာလိုသူများ။       ။ အပတ်စဉ်ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာလေးများကိုထီး၊ဖိနပ် လှူပါလေ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။      ။ တနင်္လာနံဘုရားစေတီတွင် ပန်းပေါင်းထဲဆီးခက်ပါအောင် ထည့်ကာကပ်လှူပေးပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။      ။အိမ်ထဲရှိစနေနံပစ္စည်းအပျက်၊ရွှေရောင်ပစ္စည်းအဟောင်းများကိုစွန့်ပစ်ပါ။  
 
လူမှုရေးအတိုက်အခံများသူများ။     ။ ဘုရားအားရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်းအား ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ။      ။ ဈေးထဲတွင် ရေသတ္တဝါအရှင်များတွေ့ပါကဝယ်ပြီး ဇိဝိတဒါနအဖြစ် လွှတ်ပေးပါ။  
 
ထီကံကောင်းလိုသူများ။       ။ တွန်းလှည်းဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက  ၂/၃/၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )

ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလို ဘာကိစၥမဆိုမၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ သင့္စိတ္ပ်က္ ေနတတ္ပါလိမ့္မယ္။ စိတ္ကအေတြးမ်ားၿပီး ဆုံးျဖတ္ရခက္တတ္တဲ့အတြက္ ဘာကိစၥေပၚေပၚ ေခါင္းကိုေအး ေအးထားၿပီးဆုံးျဖတ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကးကံနည္းနည္းညံေနေပမယ့္ စိတ္ေမာလူေမာျဖစ္ ေနရ တဲ့အတြက္က်န္းမာေရးပါ ညံေနတတ္ပါတယ္။ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာသားသမီးေတြနဲ႔  တိုင္ပင္ေဆာင္ ႐ြက္ပါ။ အခုခ်ိန္မွာလူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့ အလုပ္ေတြေအာင္ျမင္မႈရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္းေအာင္ျမင္တဲ့ကာလပါ။တနဂၤေႏြနံပစၥည္းေတြ ဝင္တတ္သလို အလုပ္ေတြလည္း ေအာင္ျမင္ တတ္ ပါတယ္။ပညာေရးကိစၥမွာေတာ့ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးက ေတာ့ ထိခိုက္ဒဏ္ရာရတာေတြ၊  ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျပန္ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလို ငယ္႐ြယ္သူေတြကေတာ့  ၾကားလူေၾကာင့္ အႏွာင့္အယွက္ျဖစ္ မယ့္ကာလပါ။ 

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။       ။ ဘုရားအားသီကုံးထားသည့္ ခေရပန္းကုံးျဖစ္ေစ၊ ခေရပန္း ကိုပန္းကန္ျဖင့္ထည့္ကာျဖစ္ေစကပ္လႉကာရွင္သီဝလီဂါထာကိုသက္ေစ့႐ြတ္ဆိုေပးပါ။ 

 

ျပည္ပထြက္ခြာလိုသူမ်ား။       ။ အပတ္စဥ္ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာေလးမ်ားကိုထီး၊ဖိနပ္ လႉပါေလ။ 

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။      ။ တနလၤာနံဘုရားေစတီတြင္ ပန္းေပါင္းထဲဆီးခက္ပါေအာင္ ထည့္ကာကပ္လႉေပးပါ။ 

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။      ။အိမ္ထဲရွိစေနနံပစၥည္းအပ်က္၊ေ႐ႊေရာင္ပစၥည္းအေဟာင္းမ်ားကိုစြန္႔ပစ္ပါ။  

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား။     ။ ဘုရားအားေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

 

က်န္းမာေရးမေကာင္းသူမ်ား။      ။ ေဈးထဲတြင္ ေရသတၱဝါအရွင္မ်ားေတြ႕ပါကဝယ္ၿပီး ဇိဝိတဒါနအျဖစ္ လႊတ္ေပးပါ။  

 

ထီကံေကာင္းလိုသူမ်ား။       ။ တြန္းလွည္းျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက  ၂/၃/၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။