【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ စိတ်မတင် မကျ ကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကနေအကူအညီမမျှော်လင့်ဘဲရတတ်ပါတယ်။ ဒီတစ်ပတ်ပညာရေး၊လူမှုရေး၊စီးပွား ရေးအတွက် သောကြာ သားသမီးတွေကိုတိုင်ပင်တာသင့်အတွက် အကောင်းဆုံးပါဘဲ။ဒီရက်ပိုင်း မနေတတ် မထိုင်တတ်ရင် သူများပြဿနာ၊ကိုယ့်ပြဿနာ ဖြစ်တတ်ပါ တယ်။သူတစ်ပါးကိစ္စဝင်အာမခံတတ်သူများ ဒီရက်ပိုင်းအမူအခင်းမြင်ပါတယ်။ငွေကံကတော့ ညံပါတယ်။အလုပ်နဲ့ ပတ်သက်ပြီးခရီးထွက်စရာပေါ်ရင် မရှောင် ပါနဲ့၊လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာပါ လိမ့်မယ်။ ကောင်းတတ်ပါတယ်။ ကျန်းမာရေးမှာသိပ် မကောင်းပါဘူး။ဝမ်းမကောင်းတာတွေ၊အစာစားတာမမှန်လို့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။ ပညာရေးကံကတော့ အကောင်းဆုံး ဖြစ်နေပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေ အတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ယခုတစ်ပတ်လုံးဘုရားရှင်အားဇီးယိုဖြင့် ဆွမ်းကပ်လှူဒါန်းပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။တဟိ့ ံတဟိ့ ံဘုရားရှိခိုးဂါထာကိုအဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။လမ်းသွားရင်းခို၊ကျီး၊ခွေးစသည်တို့ကိုအစာကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည်အောင် မေတ္တာသုတ်ဆိုကာရေသပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။ ။ငါးလိပ် စသည့် ရေသတ္တဝါများကိုမွေးနေ့တွင် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။လမ်းသွားရင်းတွေ့သည့်ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ စိတ္မတင္ မက် ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ျဖစ္တတ္ပါတယ္။ စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကေနအကူအညီမေမွ်ာ္လင့္ဘဲရတတ္ပါတယ္။ ဒီတစ္ပတ္ပညာေရး၊လူမႈေရး၊စီးပြား ေရးအတြက္ ေသာၾကာ သားသမီးေတြကိုတိုင္ပင္တာသင့္အတြက္ အေကာင္းဆုံးပါဘဲ။ဒီရက္ပိုင္း မေနတတ္ မထိုင္တတ္ရင္ သူမ်ားျပႆနာ၊ကိုယ့္ျပႆနာ ျဖစ္တတ္ပါ တယ္။သူတစ္ပါးကိစၥဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္းအမူအခင္းျမင္ပါတယ္။ေငြကံကေတာ့ ညံပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီးခရီးထြက္စရာေပၚရင္ မေရွာင္ ပါနဲ႔၊လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္းေပၚလာပါ လိမ့္မယ္။ ေကာင္းတတ္ပါတယ္။ က်န္းမာေရးမွာသိပ္ မေကာင္းပါဘူး။ဝမ္းမေကာင္းတာေတြ၊အစာစားတာမမွန္လို႔ အစာအိမ္ေရာဂါျဖစ္တတ္ပါတယ္။ ပညာေရးကံကေတာ့ အေကာင္းဆုံး ျဖစ္ေနပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ ခ်စ္သူေတြ အတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ယခုတစ္ပတ္လုံးဘုရားရွင္အားဇီးယိုျဖင့္ ဆြမ္းကပ္လႉဒါန္းေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။တဟိ့ ံတဟိ့ ံဘုရားရွိခိုးဂါထာကိုအဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။လမ္းသြားရင္းခို၊က်ီး၊ေခြးစသည္တို႔ကိုအစာေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည္ေအာင္ ေမတၱာသုတ္ဆိုကာေရသပါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။ ။ငါးလိပ္ စသည့္ ေရသတၱဝါမ်ားကိုေမြးေန႔တြင္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။လမ္းသြားရင္းေတြ႕သည့္ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။