【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းကံအညံလေးတွေ ရှိပေမယ့် ခရီးထွက်ရတာလေးတွေကသင်ကံညံနေတာကို ဆယ်သွားပါလိမ့်မယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါ တယ်။ ယခုရက်ပိုင်းအတွင်း တနင်္ဂနွေသားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက် လူမှုရေး ၊စီးပွားရေးပညာရေး ကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေဒီရက်ပိုင်းအတွင်းသွားရတတ် ပါတယ်။ နေရာသစ်လုပ်ငန်းသစ်အိမ်ရာသစ်ကိစ္စတွေကောင်းပါတယ်။ စပ်တူလုပ်ရတဲ့အလုပ်တွေ ၊စာချုပ်နဲ့ လုပ်ရတဲ့လုပ်ငန်းတွေ ကောင်းမွန်ပါတယ်။ အနုပညာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါ တယ်။ စက်ပစ္စည်းရောင်းဝယ်သူတွေ၊ ကုန်ခြောက်လုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးပေးတဲ့အချိန် အခါပါ။ ငွေကတော့ တအားဝင်နေသလို တအားထွက်နေတတ် ပါတယ်။ မိသားစုအတွင်း၊လုပ်ငန်းခွင် အတွင်းသာယာ နေပါလိမ့်မယ်။ ပညာရေးကကောင်းနေတတ်ပါတယ်။ ကျန်းမာရေးမှာအိပ်ရေးပျက်တာ တွေကြောင့် အာရုံကြော ထိခိုက်နိုင်ပါတယ်။ အိမ်ထောင်ရှင်များသမီးရည်းစားများအဆင်မပြေမှုတွေရှိပေမယ့် ပြန်ပြေလည်သွားမယ့် အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားစေတီများတွင် ရှင်သီဝလိဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်းဇော်ကျားပန်းကိုစပယ်ပန်းနှင့်ရောထိုးပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားလိုသောအရပ်မျက်နှာထောင့်ရှိဘုန်းကြီးကျောင်းသို့ သွားကာနေရာထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီများရှိအင်္ဂါထောင့်တွင် ကိုယ်လျှောက်ထားသည့်အလုပ်ကိုအာရုံပြုကာမေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အချစ်ရေးအဆင်မပြေပါကတနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ လမ်းထဲတွင် နံနက်စောစောအမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကိုဖယ်ပေးခြင်းကအကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းနှင့် ချောင်းအကူးများတွင် တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ။ ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၂ /၃ ဂဏန်းများများပါသည့် ထီကိုထိုးပေးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္းကံအညံေလးေတြ ရွိေပမယ့္ ခရီးထြက္ရတာေလးေတြကသင္ကံညံေနတာကို ဆယ္သြားပါလိမ့္မယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါ တယ္။ ယခုရက္ပိုင္းအတြင္း တနဂၤေႏြသားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရးပညာေရး ကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြဒီရက္ပိုင္းအတြင္းသြားရတတ္ ပါတယ္။ ေနရာသစ္လုပ္ငန္းသစ္အိမ္ရာသစ္ကိစၥေတြေကာင္းပါတယ္။ စပ္တူလုပ္ရတဲ့အလုပ္ေတြ ၊စာခ်ဳပ္နဲ႔ လုပ္ရတဲ့လုပ္ငန္းေတြ ေကာင္းမြန္ပါတယ္။ အႏုပညာလုပ္ငန္းေတြ ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါ တယ္။ စက္ပစၥည္းေရာင္းဝယ္သူေတြ၊ ကုန္ေျခာက္လုပ္ငန္းလုပ္ကိုင္သူေတြ အက်ိဳးေပးတဲ့အခ်ိန္ အခါပါ။ ေငြကေတာ့ တအားဝင္ေနသလို တအားထြက္ေနတတ္ ပါတယ္။ မိသားစုအတြင္း၊လုပ္ငန္းခြင္ အတြင္းသာယာ ေနပါလိမ့္မယ္။ ပညာေရးကေကာင္းေနတတ္ပါတယ္။ က်န္းမာေရးမွာအိပ္ေရးပ်က္တာ ေတြေၾကာင့္ အာ႐ုံေၾကာ ထိခိုက္ႏိုင္ပါတယ္။ အိမ္ေထာင္ရွင္မ်ားသမီးရည္းစားမ်ားအဆင္မေျပမႈေတြရွိေပမယ့္ ျပန္ေျပလည္သြားမယ့္ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလိဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္းေဇာ္က်ားပန္းကိုစပယ္ပန္းႏွင့္ေရာထိုးေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ကိုယ္သြားလိုေသာအရပ္မ်က္ႏွာေထာင့္ရွိဘုန္းႀကီးေက်ာင္းသို႔ သြားကာေနရာထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီမ်ားရွိအဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ထားသည့္အလုပ္ကိုအာ႐ုံျပဳကာေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အခ်စ္ေရးအဆင္မေျပပါကတနလၤာနံ သတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာအစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ လမ္းထဲတြင္ နံနက္ေစာေစာအမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကိုဖယ္ေပးျခင္းကအေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းႏွင့္ ေခ်ာင္းအကူးမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၂ /၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးေပးပါ။