【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အလုပ်ထွက်ချင်တာတွေ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ ရှိနေတတ် ပါတယ်။ အလုပ်များလို့ စိတ်ကော လူပါ တအားပင်ပန်းနေတဲ့ အခါဖြစ်နေတတ်လို့ စိတ်အလိုအတိုင်း မဆုံး ဖြတ်ဖို့လိုပါတယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းဆိုသလို သင်ဆီကို နိုင်ငံခြားအဆက်အသွယ် အခွင့်အ ရေးကောင်းတွေ ရောက်လာတတ်ပါတယ်။ ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ပညာရေးတွေမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်မှ သင့်တဲ့ ကာလပါ။ ဒီကာလအတွင်း ပရဟိတအလုပ်တွေ လုပ်ရကိန်းရှိသလို လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်းရှိပါတယ်။ ငွေကြေးကံကတော့ အထူး ကောင်းနေပါတယ်။ ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။အိမ်ခြံမြေလုပ်ငန်းတွေ ၊ အရောင်းအဝယ် အလုပ်တွေ သတိထားလုပ်ကိုင်ရမယ့်မယ်အချိန်ကာလပါ။ ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်သလို ကြိုးစားမှ တော်ကာကြမယ့် ကာလပါ။ ကျန်းမာရေးကတော့ အထူးဂရုစိုက်ပါ။ ခြေထောက်၊နှလုံးနှင့်ပတ်သက် တဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်သင့်တဲ့ ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာ သုတ်ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ထီး၊သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကို အစာကျွေးပါ။ ချစ်သူနှင့် တွေ့ရန် ဗုဒ္ဓဟူးနံအသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည် အောင် ရေသပ္ပါယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ရပ်ထဲ ရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါး လှူပါ။

ထီကံကောင်းလိုသူများ။ ။ သင့်လမ်းထိပ်ထီဆိုင်တွင် ၁/၃/၄/ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အလုပ္ထြက္ခ်င္တာေတြ လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ ရွိေနတတ္ ပါတယ္။ အလုပ္မ်ားလို႔ စိတ္ေကာ လူပါ တအားပင္ပန္းေနတဲ့ အခါျဖစ္ေနတတ္လို႔ စိတ္အလိုအတိုင္း မဆုံး ျဖတ္ဖို႔လိုပါတယ္။ ဒါေပမယ့္ အဆိုးထဲက အေကာင္းဆိုသလို သင္ဆီကို ႏိုင္ငံျခားအဆက္အသြယ္ အခြင့္အ ေရးေကာင္းေတြ ေရာက္လာတတ္ပါတယ္။ ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ပညာေရးေတြမွာ တနဂၤေႏြ၊ ဗုဒၶဟူးသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္မွ သင့္တဲ့ ကာလပါ။ ဒီကာလအတြင္း ပရဟိတအလုပ္ေတြ လုပ္ရကိန္းရွိသလို လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္းရွိပါတယ္။ ေငြေၾကးကံကေတာ့ အထူး ေကာင္းေနပါတယ္။ ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။အိမ္ၿခံေျမလုပ္ငန္းေတြ ၊ အေရာင္းအဝယ္ အလုပ္ေတြ သတိထားလုပ္ကိုင္ရမယ့္မယ္အခ်ိန္ကာလပါ။ ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္သလို ႀကိဳးစားမွ ေတာ္ကာၾကမယ့္ ကာလပါ။ က်န္းမာေရးကေတာ့ အထူးဂ႐ုစိုက္ပါ။ ေျခေထာက္၊ႏွလုံးႏွင့္ပတ္သက္ တဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္သင့္တဲ့ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာ သုတ္႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ထီး၊သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန္႔ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကို အစာေကြၽးပါ။ ခ်စ္သူႏွင့္ ေတြ႕ရန္ ဗုဒၶဟူးနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည္ ေအာင္ ေရသပၸါယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ရပ္ထဲ ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါး လႉပါ။

ထီကံေကာင္းလိုသူမ်ား။ ။ သင့္လမ္းထိပ္ထီဆိုင္တြင္ ၁/၃/၄/ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။