【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း လုပ်ကိုင်ကြံစည်သမျှတွေ အလွဲလွဲအချော်ချော် ဖြစ်ရတတ်သလို အောက်လက်ငယ်သား သားသမီးကြောင့် စိတ်ညစ်စရာကြုံရတတ်ပါတယ်။ပညာရေး၊ ဘာသာရေး ငွေကံတွေ ကောင်းနေတတ်ပါတယ်။ရှောင်သင့်တာက သူများအိမ်တွင်း အပူတွေ ကိုယ့်နားလာပြောရင် ရှောင်ထွက်သွားပါ။လူမှုရေးအတိုက်အခိုက်တွေ ပေါ်တတ်လို့ နှုတ်ချိုဖို့လိုပါတယ်။လူမျိုးခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ရသော ကိစ္စများမှာ အမှားအယွင်းပြဿနာ ကြုံရပါသလို အိမ်ဝယ်မြေလုပ်ငန်းတွေမှာလည်း အောင်မြင်မှုမရနိုင်သေးပါဘူး။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာဝေးရမယ့်ကိန်း ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စံပယ်ပန်းကပ်လှူကာ အရဟံပုတီးစိပ်၍ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို နေ့စဉ်ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ရွှေရောင်ပစ္စည်း အဟောင်းအပျက်များရှိပါက မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်နှင့်အနီးဆုံး စေတီတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။    ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် အင်္ဂါထောင့်အရပ်ရှိ ထီဆိုင်တွင် ၄ အပူး ဂဏန်းကို ရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း လုပ္ကိုင္ႀကံစည္သမွ်ေတြ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ရတတ္သလို ေအာက္လက္ငယ္သား သားသမီးေၾကာင့္ စိတ္ညစ္စရာႀကဳံရတတ္ပါတယ္။ပညာေရး၊ ဘာသာေရး ေငြကံေတြ ေကာင္းေနတတ္ပါတယ္။ေရွာင္သင့္တာက သူမ်ားအိမ္တြင္း အပူေတြ ကိုယ့္နားလာေျပာရင္ ေရွာင္ထြက္သြားပါ။လူမႈေရးအတိုက္အခိုက္ေတြ ေပၚတတ္လို႔ ႏႈတ္ခ်ိဳဖို႔လိုပါတယ္။လူမ်ိဳးျခားေတြနဲ႔ ဆက္စပ္လုပ္ကိုင္ရေသာ ကိစၥမ်ားမွာ အမွားအယြင္းျပႆနာ ႀကဳံရပါသလို အိမ္ဝယ္ေျမလုပ္ငန္းေတြမွာလည္း ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြကို စာအုပ္စာတမ္းေတြ လႉဒါန္းေပးပါ။ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြကေတာ့ တခဏတာေဝးရမယ့္ကိန္း ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စံပယ္ပန္းကပ္လႉကာ အရဟံပုတီးစိပ္၍ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ေန႔စဥ္႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္း႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ေ႐ႊေရာင္ပစၥည္း အေဟာင္းအပ်က္မ်ားရွိပါက မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္ႏွင့္အနီးဆုံး ေစတီတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။    ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ အဂၤါေထာင့္အရပ္ရွိ ထီဆိုင္တြင္ ၄ အပူး ဂဏန္းကို ရွာထိုးေပးပါ။