【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းမှာ သင့်အတွက် အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာဖို့ရှိပါတယ်။အထူးသဖြင့် ငွေကံကောင်းနေတတ်ပါတယ်။မိသားစုအတွင်း သတင်းကောင်းများလည်း ကြားရတတ်ပါတယ်။လူမျိုးကွဲနှင့် စပ်တူရှယ်ယာ အလုပ်တွေ စာချုပ်စာတမ်းအလုပ်တွေကိုတော့ သတိထားပေးပါဦး။ကံပွင့်လာသလို မနာလိုသူတွေ အတိုက်အခိုက်တွေ လုပ်ငန်းခွင်နဲ့ ကိုယ်ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါတယ်။ခရီးသွားရန် စီစဉ်ထားသူများ မရေမရာဖြစ်တတ်ပါတယ်။ကျန်းမာရေးကတော့ ယခုကာလအတွင်း  ဝမ်း၊ ဆီး၊ အာရုံကြောရောဂါတွေ ဂရုစိုက်သင့်ပါတယ်။ပညာသင်နေတဲ့သူတွေအတွက် ပညာရေးကံ အထူးကောင်းနေပါတယ်။လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။ဒီကာလမှာ အိမ်ထောင်ရှင်များ စိတ်ကသိကအောက် ဖြစ်စရာရှိပေမယ့် ငယ်ရွယ်သူတွေအတွက်ကတော့ ဒွိဟဖြစ်စရာတွေ ပျော်ရွှင်စရာ ကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး ကံ့ကော်ညွှန့် ၉ ညွှန့်ကို ဘုရားပန်းအိုး သပ်သပ်တစ်လုံးဖြင့်ထိုးကာ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိနေအိမ်တွင် နေ့စဉ် ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို ရိုရိုသေသေ ရွတ်ဆိုပူဇော်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ မိမိနေ့နံထောင့်အရပ်တွင် ကံကော်ပန်းဖြင့် ဘုရားပူဇော်ကာ ပဋ္ဌာန်းရွတ်ဆို ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နှစ်ဦး နေ့သင့်နံသင့်ပန်းကို အိပ်ယာအောက်ထားကာ ကောက်ညှင်းပြန်ပေါင်း ဘုရားကပ်လှူပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေအိမ်နှင့် အနီးဆုံးစေတီတွင် နံနက်စောစော အမှိုက်များ ရှင်းလင်းပေးခြင်းက သင့်အတွက် အခိုက်များကို ပြေပျောက်စေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ဆေးကုသရန် ချို့တဲ့သည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာနှင့် ငွေလှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် စ/ဇ အက္ခရာဖြင့်စပြီး ၂/၃ ဂဏန်းများများပါသော ထီကို ထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ယခုရက္ပိုင္းမွာ သင့္အတြက္ အဖက္ဖက္က အေျခအေနေကာင္းေတြ ႀကဳံလာဖို႔ရွိပါတယ္။အထူးသျဖင့္ ေငြကံေကာင္းေနတတ္ပါတယ္။မိသားစုအတြင္း သတင္းေကာင္းမ်ားလည္း ၾကားရတတ္ပါတယ္။လူမ်ိဳးကြဲႏွင့္ စပ္တူရွယ္ယာ အလုပ္ေတြ စာခ်ဳပ္စာတမ္းအလုပ္ေတြကိုေတာ့ သတိထားေပးပါဦး။ကံပြင့္လာသလို မနာလိုသူေတြ အတိုက္အခိုက္ေတြ လုပ္ငန္းခြင္နဲ႔ ကိုယ္ပတ္ဝန္းက်င္မွာ ရွိေနတတ္ပါတယ္။ခရီးသြားရန္ စီစဥ္ထားသူမ်ား မေရမရာျဖစ္တတ္ပါတယ္။က်န္းမာေရးကေတာ့ ယခုကာလအတြင္း  ဝမ္း၊ ဆီး၊ အာ႐ုံေၾကာေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေနတဲ့သူေတြအတြက္ ပညာေရးကံ အထူးေကာင္းေနပါတယ္။လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။ဒီကာလမွာ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာက္ ျဖစ္စရာရွိေပမယ့္ ငယ္႐ြယ္သူေတြအတြက္ကေတာ့ ဒြိဟျဖစ္စရာေတြ ေပ်ာ္႐ႊင္စရာ ႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ကံ့ေကာ္ၫႊန႔္ ၉ ၫႊန႔္ကို ဘုရားပန္းအိုး သပ္သပ္တစ္လုံးျဖင့္ထိုးကာ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိေနအိမ္တြင္ ေန႔စဥ္ ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ႐ို႐ိုေသေသ ႐ြတ္ဆိုပူေဇာ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ မိမိေန႔နံေထာင့္အရပ္တြင္ ကံေကာ္ပန္းျဖင့္ ဘုရားပူေဇာ္ကာ ပ႒ာန္း႐ြတ္ဆို ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ႏွစ္ဦး ေန႔သင့္နံသင့္ပန္းကို အိပ္ယာေအာက္ထားကာ ေကာက္ညႇင္းျပန္ေပါင္း ဘုရားကပ္လႉပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေနအိမ္ႏွင့္ အနီးဆုံးေစတီတြင္ နံနက္ေစာေစာ အမႈိက္မ်ား ရွင္းလင္းေပးျခင္းက သင့္အတြက္ အခိုက္မ်ားကို ေျပေပ်ာက္ေစမွာ ျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေဆးကုသရန္ ခ်ိဳ႕တဲ့သည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာႏွင့္ ေငြလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ စ/ဇ အကၡရာျဖင့္စၿပီး ၂/၃ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။