【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အခက်အခဲတွေနဲ့ လုံးထွေးပတ်နေတတ်တဲ့ ကာလဖြစ်ပေမယ့် အခွင့်အလမ်းကောင်းတွေလည်း ရှိနေတဲ့အတွက် ဉာဏ်သတိနဲ့ လုပ်ကိုင်နေထိုင်ရမှာ ဖြစ်ပါတယ်။ကိုယ့်ဘက်မှာ ကောင်းဆိုးရောနေတဲ့ ကံရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲတာတွေ၊ အမွေ၊ အိမ်၊ ခြံမြေ စတဲ့ အလုပ်တွေကို ဆိုင်း ထားပါဦး။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ အကောင်း ဆုံးပါဘဲ။စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ယခုရက်ပိုင်း သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။ခရီးထွက်ဖို့ ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့ နည်းပါတယ်။အလုပ်ထဲမှာ အတိုက်အခံ ပေါ်နေတတ်သလို လက်အောက်ငယ်သားတွေကြောင့်လည်း စိတ်ညစ်ရတတ်ပါတယ်။ဘာသာရေးကို ဒီရက်ပိုင်းအတွင်း ဖိလုပ်သင့်ပါတယ်။ဂုဏ်တက်ပါမယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးပေါ်ရင် မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။တရားထိုင်ပေးပါ။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင်များ စကားများ စိတ်ဝမ်းကွဲတတ်ပေမယ့် ချစ်သူတွေအတွက် ဝေးနေတာ ကောင်းတဲ့ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး မာလကာသီး၊ ပန်းသီးကို ခွဲစိတ်ကာ ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်တွင် ကျီး၊ စာကလေးများကို အစာကျွေးကာ စိတ်ကမေတ္တာပို့ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ကြံပန်းခိုင် ကပ်လှူကာ ဗုဒ္ဓနုဿတိပွားများပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အခန်းတွင်း အလှပြင်ပစ္စည်း အစုတ်များ၊ အသုံးအဆောင်ပစ္စည်း အဟောင်းများ ရှိပါက လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များကို ပုံမှန်သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ မွေးနေ့မွေးရက်တွင် ဘုရားသို့သွားကာ တံခွန်ကုက္ကားကို ကပ်လှူပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ကြာသပတေးနံ အက္ခရာဖြင့် ၃/၅ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။

( Zawgyi )

သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အခက္အခဲေတြနဲ႔ လုံးေထြးပတ္ေနတတ္တဲ့ ကာလျဖစ္ေပမယ့္ အခြင့္အလမ္းေကာင္းေတြလည္း ရွိေနတဲ့အတြက္ ဥာဏ္သတိနဲ႔ လုပ္ကုိင္ေနထုိင္ရမွာ ျဖစ္ပါတယ္။ကုိယ့္ဘက္မွာ ေကာင္းဆုိးေရာေနတဲ့ ကံရွိေနတဲ့အတြက္ လုပ္ငန္းတုိးခ်ဲတာေတြ၊ အေမြ၊ အိမ္၊ ၿခံေျမ စတဲ့ အလုပ္ေတြကုိ ဆုိင္း ထားပါဦး။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကုိ တုိင္ပင္တာ အေကာင္း ဆုံးပါဘဲ။စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ယခုရက္ပုိင္း သူတပါးက ကုိယ့္အေပၚ မနာလုိတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။ခရီးထြက္ဖုိ႔ ကိစၥေတြကေတာ့ ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖုိ႔ နည္းပါတယ္။အလုပ္ထဲမွာ အတုိက္အခံ ေပၚေနတတ္သလုိ လက္ေအာက္ငယ္သားေတြေၾကာင့္လည္း စိတ္ညစ္ရတတ္ပါတယ္။ဘာသာေရးကုိ ဒီရက္ပုိင္းအတြင္း ဖိလုပ္သင့္ပါတယ္။ဂုဏ္တက္ပါမယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးေပၚရင္ မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။တရားထုိင္ေပးပါ။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္မ်ား စကားမ်ား စိတ္၀မ္းကြဲတတ္ေပမယ့္ ခ်စ္သူေတြအတြက္ ေ၀းေနတာ ေကာင္းတဲ့ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး မာလကာသီး၊ ပန္းသီးကုိ ခြဲစိတ္ကာ ကပ္လွဴပူေဇာ္ပါ။

ျပည္ပထြက္ခြာလုိသူမ်ား ။     ။ မိမိသြားလုိသည့္ အရပ္တြင္ က်ီး၊ စာကေလးမ်ားကုိ အစာေကၽြးကာ စိတ္ကေမတၱာပုိ႔ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ႀကံပန္းခုိင္ ကပ္လွဴကာ ဗုဒၶႏုႆတိပြားမ်ားေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခန္းတြင္း အလွျပင္ပစၥည္း အစုတ္မ်ား၊ အသုံးအေဆာင္ပစၥည္း အေဟာင္းမ်ား ရွိပါက လႊင့္ပစ္ေပးပါ။

လူမႈေရးအတုိက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကုိ ေရသပၸါယ္ပါ။ပန္းအုိးမွ ပန္းေျခာက္မ်ားကုိ ပုံမွန္သန္႔ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ဘုရားသုိ႔သြားကာ တံခြန္ကုကၠားကုိ ကပ္လွဴပါ။

ထီကံေကာင္းလုိသူမ်ား ။     ။ ထီဆုိင္တြင္ ၾကာသပေတးနံ အကၡရာျဖင့္ ၃/၅ ဂဏန္းမ်ားပါသည့္ ထီထုိးလုိက္ပါ။