【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီကာလမှာ ပြည်တွင်း ပြည်ပ ခရီးတွေ သွားရတတ်ပြီး မိတ်ဟောင်းဆွေ ဟောင်းတွေနဲ့ ပြန်ဆုံရတတ်ပါတယ်။
ငွေဝင်ကောင်းသလို အကုန်အကျလည်း များတတ်တဲ့ ကာလပါ။လုပ်ငန်းပြောင်း၊ ဆိုင်ပြောင်း၊ အိမ်ပြောင်းတာတွေ ကောင်းပြီး နေရာသစ်ကို ရောက်သူတွေ အစစအရာရာကူညီတဲ့သူနဲ့ တွေ့ကိန်းရှိပါတယ်။ဒီကာလမှာ သီးနှံကုန်သည်တွေ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေပြီး အမွေနဲ့ အိမ်ခြံမြေလုပ်ကိုင်သူတွေ၊ အစုရှယ်ယာလုပ်ကိုင်သူတွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ပညာရေးကံ ကောင်းနေတတ်ပါတယ်။
ပညာသင်ခွင့်နဲ့ ရာထူးတိုးအတွက် အခွင့်အရေး အရမ်းကောင်းနေပါတယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ ခဏတာခွဲခွာရကိန်း ရှိပါတယ်။ကျန်းမာရေးမှာ အအိပ်အစားပျက်တာတွေကြောင့် သင်နေထိုင်မကောင်း ခဏခဏဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ဘုရားရှိခိုးပြီး ရှင်သီဝလိဂါထာ ၉ ခေါက်ကို ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သွားလိုသောအရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်းတစ်ခုခု လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ယခုတစ်ပတ်လုံး ခေါင်းအုံးအောက် ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဓာတ်ဘူးအသစ်ထဲ နှစ်ဦး၏ဓာတ်ပုံကို ထည့်ထားကာ ဘုရားစင်အောက် ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များ၊ အမှိုက်များ ကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုန်းကြီးကျောင်းတွင် ကုဋီကို စတိဆေးကြောကာ ရေလောင်းဆေးကြောရင်း မေတ္တာပို့ပါ။

ထီကံကောင်းလိုသူများ ။     ။ သောကြာနံ ထီဆိုင်တွင် ၃ အပူး ဂဏန်းပါသော ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာ ျပည္တြင္း ျပည္ပ ခရီးေတြ သြားရတတ္ၿပီး မိတ္ေဟာင္းေဆြ ေဟာင္းေတြနဲ႔ ျပန္ဆုံရတတ္ပါတယ္။
ေငြဝင္ေကာင္းသလို အကုန္အက်လည္း မ်ားတတ္တဲ့ ကာလပါ။လုပ္ငန္းေျပာင္း၊ ဆိုင္ေျပာင္း၊ အိမ္ေျပာင္းတာေတြ ေကာင္းၿပီး ေနရာသစ္ကို ေရာက္သူေတြ အစစအရာရာကူညီတဲ့သူနဲ႔ ေတြ႕ကိန္းရွိပါတယ္။ဒီကာလမွာ သီးႏွံကုန္သည္ေတြ၊ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြ အဆင္ေျပၿပီး အေမြနဲ႔ အိမ္ၿခံေျမလုပ္ကိုင္သူေတြ၊ အစုရွယ္ယာလုပ္ကိုင္သူေတြ အဆင္မေျပ ျဖစ္တတ္ပါတယ္။မထင္မွတ္တဲ့ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚလာတတ္ပါတယ္။ပညာေရးကံ ေကာင္းေနတတ္ပါတယ္။
ပညာသင္ခြင့္နဲ႔ ရာထူးတိုးအတြက္ အခြင့္အေရး အရမ္းေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား ခဏတာခြဲခြာရကိန္း ရွိပါတယ္။က်န္းမာေရးမွာ အအိပ္အစားပ်က္တာေတြေၾကာင့္ သင္ေနထိုင္မေကာင္း ခဏခဏျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ဘုရားရွိခိုးၿပီး ရွင္သီဝလိဂါထာ ၉ ေခါက္ကို ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သြားလိုေသာအရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္းတစ္ခုခု လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ယခုတစ္ပတ္လုံး ေခါင္းအုံးေအာက္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဓာတ္ဘူးအသစ္ထဲ ႏွစ္ဦး၏ဓာတ္ပုံကို ထည့္ထားကာ ဘုရားစင္ေအာက္ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ား၊ အမႈိက္မ်ား ေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီကို စတိေဆးေၾကာကာ ေရေလာင္းေဆးေၾကာရင္း ေမတၱာပို႔ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာနံ ထီဆိုင္တြင္ ၃ အပူး ဂဏန္းပါေသာ ထီလက္မွတ္ကို ရွာထိုးပါ။