【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အတိုက်အခိုက်၊ အပြိုင်အဆိုင်၊ အနှောင့်အယှက်များတဲ့ကာလဖြစ်ပါတယ်။ဒါပေမယ့် ကောင်းဆိုးရောနေတဲ့ ကာလဖြစ်တဲ့အတွက် သင်လုပ်ချင်တဲ့ကိစ္စအဝဝက တိုက်ရင်းခိုက်ရင်း အနှောင့်အယှက်တွေကြားကနေ အောင်မြင်တတ်ပါတယ်။ဒီတစ်ပတ်မှာ ပညာရေး၊လူမှုရေး၊ စီးပွားရေး ကိစ္စတွေအတွက် အကောင်းဆုံးအကြံပေးနိုင်တာက စနေ သားသမီးတွေပါ။ဒီကာလမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကောင်းတဲ့ ကာလဖြစ်ပြီး ကျောက်မျက်လုပ်ငန်းရှင်တွေ၊ကွန်ပျူတာအရောင်းအဝယ်လုပ်ကိုင်သူတွေ၊ကွန်ပျူတာနဲ့အသက်မွေးသူတွေ အထူးကောင်းမွန်ပါတယ်။စပ်တူကိစ္စတွေ အစုရှယ်ယာလုပ်တာတွေ အကျိုးမပေးတတ်ပေမယ့် နိုင်ငံခြားရပ်ခြား၊ လူမျိုးခြား အကျိုးပေးကိန်းရှိပါတယ်။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေတာတွေကြောင့် ငွေကျပ်တဲ့အချိန်အခါပါ။ကျန်းမာရေးကကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ၊ အဆစ်အမြစ်ရောင်တာလေးတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ဝီရိယစိုက်ထုတ်မှ လိုရာရောက်မယ့် အချိန်ပါ။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ တကျက်ကျက်စကားများနေတတ်သလို ချစ်သူများကြားမှာတော့ အထီးကျန်နေရတတ်တဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး၊ ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွတ်ပြီးမှ ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်တိုင်း နေအိမ်အတွင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများနှင့် ဘုန်းကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင်ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။

ထီကံကောင်းလိုသူများ ။ ။ တနင်္လာနေ့တွင် ထီဆိုင်တစ်ခုမှ ၆/၉ ဂဏန်းများများပါသော ထီကိုထိုးပေးပါ။

( Zawgyi )

ဒီကာလက သင့္အတြက္ အတိုက္အခိုက္၊ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္မ်ားတဲ့ကာလျဖစ္ပါတယ္။ဒါေပမယ့္ ေကာင္းဆိုးေရာေနတဲ့ ကာလျဖစ္တဲ့အတြက္ သင္လုပ္ခ်င္တဲ့ကိစၥအဝဝက တိုက္ရင္းခိုက္ရင္း အေႏွာင့္အယွက္ေတြၾကားကေန ေအာင္ျမင္တတ္ပါတယ္။ဒီတစ္ပတ္မွာ ပညာေရး၊လူမႈေရး၊ စီးပြားေရး ကိစၥေတြအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက စေန သားသမီးေတြပါ။ဒီကာလမွာ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြ အထူးေကာင္းတဲ့ ကာလျဖစ္ၿပီး ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ၊ကြန္ပ်ဴတာအေရာင္းအဝယ္လုပ္ကိုင္သူေတြ၊ကြန္ပ်ဴတာနဲ႔အသက္ေမြးသူေတြ အထူးေကာင္းမြန္ပါတယ္။စပ္တူကိစၥေတြ အစုရွယ္ယာလုပ္တာေတြ အက်ိဳးမေပးတတ္ေပမယ့္ ႏိုင္ငံျခားရပ္ျခား၊ လူမ်ိဳးျခား အက်ိဳးေပးကိန္းရွိပါတယ္။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေနတာေတြေၾကာင့္ ေငြက်ပ္တဲ့အခ်ိန္အခါပါ။က်န္းမာေရးကေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ၊ အဆစ္အျမစ္ေရာင္တာေလးေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ဝီရိယစိုက္ထုတ္မွ လိုရာေရာက္မယ့္ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္စကားမ်ားေနတတ္သလို ခ်စ္သူမ်ားၾကားမွာေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး၊ ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြတ္ၿပီးမွ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္တိုင္း ေနအိမ္အတြင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ တနလၤာေန႔တြင္ ထီဆိုင္တစ္ခုမွ ၆/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးေပးပါ။