【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် စနေ/တနင်္ဂနွေ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ငွေကြေးကိစ္စအရှုပ်အရှင်းဖြစ်တတ်သလို အဆင်မပြေလည်းဖြစ်တတ်ပါတယ်။ငွေဝင်နေတတ်ပေမယ့် စုဆောင်းဖို့မလွယ်သလို လောင်းကစားကအကျိုးမပေးလို့ သင်စိတ်ညစ်ရတတ်ပါတယ်။သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေရှိပါတယ်။ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။အတိုက်အခံကတော့ရှိနေပါတယ်။သတိထားပါ။ဘုရား၊ တရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကိုစိတ်ချမ်းသာစေမှာမဟုတ်ပါဘူး။မိသားစုအတွင်း သားသမီးမောင်နှမများရဲ့ ကောင်းစကားကြားရတတ်ပါတယ်။ဒီကာလမှာ စာချုပ်စာတမ်းနဲ့လုပ်ရတဲ့ အလုပ်တွေ၊ စပ်တူရှယ်ယာအလုပ်တွေ အကျိုးပေးတတ်တဲ့ အချိန်ကာလဖြစ်ပြီး အိမ်ခြံမြေလုပ်ကိုင်သူတွေ အဆင်ပြေတတ်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား အပြန်အလှန်ယုံကြည်မှုတွေတိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး အောင်သပြေနှင့် ကံ့ကော်ညွှန့်တွဲထိုးကာ ကြာဇံကြော် ဆွမ်းဆပ်ကပ်ပူဇော်ပေးပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီး၊ သင်္ကန်း အလှူခံသည့် ရဟန်းသံဃာတွေ့ပါက စိတ်မကွက်ဘဲ ရှိသလောက်ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန်သွားလျှင် စနေနံအသုံးအဆောင်ကိုရှောင်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှစတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ လေဖြတ်နေသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းထိပ်တွင် ပထမဆုံးတွေ့သည့် ထီဆိုင်မှ ၁/၆/၇ ဂဏန်းအပူးပါသည့် ထီကိုရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန/တနဂၤေႏြ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း ေငြေၾကးကိစၥအရႈပ္အရွင္းျဖစ္တတ္သလို အဆင္မေျပလည္းျဖစ္တတ္ပါတယ္။ေငြဝင္ေနတတ္ေပမယ့္ စုေဆာင္းဖို႔မလြယ္သလို ေလာင္းကစားကအက်ိဳးမေပးလို႔ သင္စိတ္ညစ္ရတတ္ပါတယ္။သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြရွိပါတယ္။ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။အတိုက္အခံကေတာ့ရွိေနပါတယ္။သတိထားပါ။ဘုရား၊ တရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကိုစိတ္ခ်မ္းသာေစမွာမဟုတ္ပါဘူး။မိသားစုအတြင္း သားသမီးေမာင္ႏွမမ်ားရဲ႕ ေကာင္းစကားၾကားရတတ္ပါတယ္။ဒီကာလမွာ စာခ်ဳပ္စာတမ္းနဲ႔လုပ္ရတဲ့ အလုပ္ေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ အက်ိဳးေပးတတ္တဲ့ အခ်ိန္ကာလျဖစ္ၿပီး အိမ္ၿခံေျမလုပ္ကိုင္သူေတြ အဆင္ေျပတတ္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ပါလိမ့္မယ္။က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား အျပန္အလွန္ယုံၾကည္မႈေတြတိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ေအာင္သေျပႏွင့္ ကံ့ေကာ္ၫႊန႔္တြဲထိုးကာ ၾကာဇံေၾကာ္ ဆြမ္းဆပ္ကပ္ပူေဇာ္ေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီး၊ သကၤန္း အလႉခံသည့္ ရဟန္းသံဃာေတြ႕ပါက စိတ္မကြက္ဘဲ ရွိသေလာက္ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္သြားလွ်င္ စေနနံအသုံးအေဆာင္ကိုေရွာင္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွစတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ေနသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းထိပ္တြင္ ပထမဆုံးေတြ႕သည့္ ထီဆိုင္မွ ၁/၆/၇ ဂဏန္းအပူးပါသည့္ ထီကိုရွာထိုးပါ။